မလေးရှား မှာ တရားမဝင် ဘစ်ကွိုင်တူးလို့ ၄နှစ်အတွင်း ရင်းဂစ် သန်း ၄ထောင်ကျော်ဖို့ ဆုံးရှုံး

မလေးရှား မှာ တရားမဝင် ဘစ်ကွိုင်တူးလို့ ၄နှစ်အတွင်း ရင်းဂစ် သန်း ၄ထောင်ကျော်ဖို့ ဆုံးရှုံး

ဒစ်ဂျစ်တယ် ပိုက်ဆံတစ်မျိုးဖြစ်တဲ့ ဘစ်ကွိုင်တူးခြင်းက ဒီကနေ့ နည်းပညာ ကျွမ်းကျင်သူတွေ ကြားမှာ ရေပန်းစားနေပါတယ်။ လက်ရှိ ဘစ်ကွိုင်တစ်ပြားရဲ့ ပေါက်ကြေးက အမေရိကန်ဒေါ်လာ ၄သောင်းနီးပါး လောက် ပေါက်နေတော့ လူ့လောဘ ကအတောမသတ်နိုင်ဘူးဖြစ်နေပါတယ်။
ဘစ်ကွိုင်ကို တောင်အမေရိကားက အယ်ဆာဗေးဒေါလို နိုင်ငံမျိုး နဲ့ ဥရောပနိုင်ငံအချို့က တရားဝင်ငွေကြေး အဖြစ် ခွင့်ပြုလိုက်တော့ ဘစ်ကွိုင်တူးတဲ့ လုပ်ငန်းက နည်းပညာလောကမှာ ရေပန်းစားလာပါတယ်။ ဘစ်ကွိုင်တစ်ပြားရဖို့ ကွန်ပြူ တာတွေကို ၁၃. ၃ ရက်ကြာအောင် မောင်းနှင်ရပါတယ်။
လျှပ်စစ်ဓာတ်အား ကီလို ဝပ်၂ထောင် ကျော်သုံးရပါတယ်။ အဲ့တော့ ဘစ်ကွိုင်တူတဲ့သူတွေက သူများ ကွန်ပြူတာတွေကနေ လျှပ်စစ်ကို ခိုးသုံးပါတယ်။ လူစိတ်ဝင်စားမယ့် အပလီကေးရှင်း တစ်ခုကိုထောင်ပြီး အဲ့ဒိအပလီကေးရှင်းကို ဝင်ကြည့်တာနဲ့ ဝင်ကြည့်တဲ့ ကွန်ပြူတာက နေ လျှပ်စစ်ကို ခိုးသုံးတော့တာပါပဲ။
မလေးရှား စွမ်းအင်နဲ့ သဘာဝရင်းမြစ် ဝန်ကြီးဌာနရဲ့ အဆိုအရ ပြီးခဲ့တဲ့ ၄နှစ်လောက်ကတည်းက မလေးရှားမှာ ဘစ်ကွိုင်တူးတဲ့သူတွေ များလာတဲ့အတွက် တိုင်းပြည်က လျှပ်စစ် ဓာတ်အားဆုံးရှုံးမှုတွေ ကြုံတွေနေရပါတယ် လို့ ဆိုလိုက်ပါတယ်။
အရင်သုံးနေရတဲ့ လျှပ်စစ်ပမာဏထက် ၄၀၀% ပိုသုံးနေရပါတယ်။ ခန့်မှန်းခြေ ကုန်ကျစရိတ် ရင်းဂစ် သန်းပေါင်း ၄၀၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိစုံစမ်းသိရှိရသလောက်ဆိုရင် ဘစ်ကွိုင်ခိုးတူးတဲ့ အမှု ၇ ထောင်ကျော်ရှိနေပါတယ်။ ၂၀၁၈တုန်းက အမှု ၁ ထောင်ကျော်ပဲ ရှိရာက နှစ်စဉ် တိုးတက်နေပါတယ်။ စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်လာပါပြီ။ တိုင်းပြည်ကိုဖြန့်ဝေတဲ့ စွမ်းအင် မလုံလောက်မှုတွေ ဖြစ်နေပါတယ်။
လျှပ်စစ်ဖြန့်ဝေမှုမတည်မငြိမ်ဖြစ်တဲ့အပြင် အများပြည်သူ လုံခြုံရေးကို ထိခိုက်လာပါတယ် လို့ စွမ်းအင် ဝန်ကြီးက ဆိုပါတယ်။
ဘစ်ကွိုင်တူးတဲ့ အခါမှာ လျှပ်စစ်စွမ်းအင်ကိုအများကြီး သုံးရပါတယ်။
အဲ့လိုသုံးတဲ့အခါမှာ ဈေးပေါ ပြီး အရည်အသွေးညံ့တဲ့ လျှပ်စစ်ပစ္စည်းတွေ ကိုသုံးမိရင် မီးလောင်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဝန်နဲ့အားကို မခံနိုင်ရင် မီးဘေးအန္တရာယ်တွေဖြစ်လာနိုင်လို့ ပြည်သူ့လုံခြုံရေးကို ထိခိုက် လာနိုင်ပါတယ်။
နောက်ပြီးတိုင်းပြည်မှာ လျှပ်စစ်မလုံလောက်မှုတွေဖြစ်လာပြီး အခြား လုပ်ငန်းတွေ ထိခိုက်လာနိုင်တဲ့ အတွက် ကြောင့် တိုင်းပြည် အစိုးရတွေ အနေနဲ့ တရားမဝင် ဘစ်ကွိုင်တူးတာနဲ့ ပတ်သက်ပြီး ထိန်းချုပ်သင့် တာတွေကို လုပ်ဖို့ လိုနေပြီလို့ ဆိုထားပါတယ်။
မောင်ယဿ
REF: world of buzz
Photo: digital trand

About The Author

greenness_mm

No Comments

Leave a Reply