မလေးရှား ရေလွှမ်းမှုက အမှိုက်မဆင်မခြင် ပစ်လို့ ဆိုပြီး အစိုးရပိုင်းကပြော

မလေးရှား ရေလွှမ်းမှုက အမှိုက်မဆင်မခြင် ပစ်လို့ ဆိုပြီး အစိုးရပိုင်းကပြော

ဒီဇင်ဘာ ၁၈ ရက်နေ့ က ဆလင်ဂါမှာ မိုးအကြီးအကျယ်ရွာ သွန်းခဲ့ပါတယ်။ မိုးကဘယ်လောက်တောင် ရွာလဲဆိုတော့ နှစ်၁၀၀ အတွင်းမှာ အကြီးဆုံး မိုးပဲလို့တောင် ပြောရမယ့်အနေအထားပါ။ မိုးရွာမှု နောက်မှာတွဲပြီးလိုက်လာတာကတော့ ရေလွှမ်းမိုးမှုပါပဲ ။

ရေလွှမ်းမိုးရတာနဲ့ ပတ်သက်ပြီး မလေးရှားစည်ပင်နဲ့ ဆည်မြောင်း ဝန်ကြီးဌာနက ဘာထုတ်ပြန်သလဲ ဆိုတော့ အခုလိုရေလွှမ်းမိုးမှုက မလိုအပ်ဘဲ ဖြစ်သွားတာက အမှိုက်တွေ မဆင်မခြင် ပစ်လို့ဆိုပြီးပြောလာပါတယ်။

အဲ့ဒိဌာနတွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာလဲ ရေကျပြီးနောက် ကျန်ခဲ့တဲ့ အမှိုက်တွေရဲ့ ဓာတ်ပုံတွေကို တင်ပြီး ပြောဆိုမှုတွေလုပ်လာပါတယ်။

“ အခုဖြစ်တဲ့ ရေလွှမ်းမိုးမှုရဲ့ အချက်တစ်ချက်ကတော့ ရေမြောင်းတွေထဲကို အမှိုက်တွေစွန့်ပစ်တဲ့အချက် တစ်ချက်လဲ ပါပါတယ်။

ကျနော်တို့ ရေဆိုးထုတ်တဲ့ မြောင်းတွေ လုပ်ထားတယ် ။ ရေကြီးလာရင် တားဖို့ ရေထွက်ပေါက်မြောင်းတွေ
လုပ်ထားတယ်။အားလုံး အမှိုက်တွေ နဲ့ ပိတ်ဆို့နေတယ်။
ရေထွက်ပေါက်မြောင်းတွေအားလုံး ညစ်ညမ်းနေတယ် “ လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သူတို့တွေက ရေထွက်ပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အမှိုက်တွေကို ဓာတ်ပုံရိုက်ပြီး လိုင်းပေါ် တင်ခဲ့ပါတယ်။

ဒါပေမဲ့လိုင်းသုံးတဲ့သူတွေကတော့ အဲ့လိုပိတ်ဆို့နေလည်း အစိုးရပိုင်း က တာဝန်ယူဖြေရှင်းပေးရမှာ မဟုတ်ဘူးလားလို့ အငြင်းအခုန်တွေဖြစ်ခဲ့ပါတယ်။

အစိုးရပိုင်းကတော့ ဒီလိုကိစ္စတွေက အများပြည်သူ ပါဝင်ပတ်သက်နေတဲ့အတွက် အားလုံး လိုက်ပါသင့်တယ်လို့ ဆိုတဲ့ အခါမှာ အချို့ လိုင်းသုံးသူတွေက အဲ့ဒါဆိုလည်း အစိုးရက စည်းပင်ခွန်မကောက်နဲ့ပေါ့လို့ အငေါ့တူးတဲ့ သူက တူးကြပါတယ်။

လိုင်းပေါ်မှာ အစိုးရပိုင်းနဲ့ ပြည်သူအချို့တို့ စကားလုံးတွေနဲ့ တိုက်ပွဲ ဖြစ်နေသော်လည်း လက်တွေ့မှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ ရဲ ဝန်ထမ်း ၁၆၀၀၀ ကို သုံးပြီး လုပ်နေရပါတယ်။

လူ ၄၀၀၀၀ ကျော်လောက်ရွေ့ပြောင်းပေးလိုက်ရပါတယ်။ ဆည်မြောင်း ဝန်ကြီးဌာနက တင်တဲ့ ပုံတွေအရ ရေမြောင်းတွေပိတ်ဆို့ တာက အမှိုက်တွေကြောင့်လို့ ထင်သာမြင်သာရှိခဲ့ပါတယ်။

 

မောင်ယဿ ( ဒီဇင်ဘာ ၂၂ )

REF: world of buzz
Photo ; world of buzz

About The Author

greenness_mm

No Comments

Leave a Reply