မသုံးတော့တဲ့ သတ္တုတွင်းကို မြေသားဘတ်ထရီလုပ်ဖို့အတွက် ပြင်ဆင်နေ

မသုံးတော့တဲ့ သတ္တုတွင်းကို မြေသားဘတ်ထရီလုပ်ဖို့အတွက် ပြင်ဆင်နေ

ဖင်လန်နိုင်ငံမှာရှိတဲ့ အသုံးမပြုတော့တဲ့ ဥရောပ အကြီးဆုံး သတ္တုမိုင်းတစ်ခုကို စကော်တလန်ကုမ္ပဏီတစ်ခုက လျှပ်စစ်သိုလှောင်ဖို့အတွက် မြေသားဘတ်ထရီ တစ်ခုပြုလုပ်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။
အဲ့ဒိနက်ရှိုင်းတဲ့ သတ္တုမိုင်းထဲကို လိုအပ်ရင်ပြန်သုံးဖို့အတွက် တိုင်းပြည်ကထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်တွေထဲက ပိုလျှံလျှပ်စစ်တွေကို သိုလှောင်ထားမှာဖြစ်ပါတယ်။ အဲ့လို သိုလှောင်ဖို့အတွက် ကမာ္ဘမြေဆွဲအားကို အသုံးပြုမှာ ဖြစ်ပါတယ်။
အဲ့ဒိသတ္တုမိုင်း Pyhäjärvi က မြို့တော် Helsinki ရဲ့မြောက်ဘက် ၄၅၀ ကီလိုမီတာ အကွာ ဝေးလံခေါင်သီတဲ့ နေရာမှာ ရှိပါတယ် ။ ကမာ္ဘာမြေမှ မီတာ ၁၄၀၀ ကျော်အနက်က သွပ်နှင့် ကြေးနီတွေ ထုတ်လုပ်ပြီးနောက် မှာတော့ သတ္တုတွင်းကို ရပ်ဆိုင်းလိုက်ပါတယ် ။ အခုတော့ စကော့တလန်အခြေစိုက် Gravitricity ကုမ္ပဏီကို အငှားချထားလိုက်ပါတယ် ။
ကုမ္ပဏီက အလေးချိန်အတင်အချလုပ်ပေးတဲ့ စွမ်းအင်သိုလှောင်မှုစနစ်ကို တီထွင်ခဲ့ပြီး လီသီယမ်အိုင်းယွန်း ဘက်ထရီများကို ရေအားလျှပ်စစ် နေထွက်တဲ့ လျှပ်စစ်တွေကို စုပ်ယူသိုလှောင်ထားမှာဖြစ်ပါတယ်။ ဥပမာအား ဖြင့် လေတိုက်တဲ့နေ့တွေမှာ လေတာဘိုင်တွေကနေရတဲ့ ပိုလျှံလျှပ်စစ်တွေကို ၎င်း ၊ ရေအား လျှပ်စစ်တာဘိုင် တွေက ထွက်တဲ့ ပိုလျှံ လျှပ်စစ်တွေကို စုထားမှာ ဖြစ်ပါတယ်။
အဲ့ဒိလျှပ်စစ်တွေကို ပြန်လည်သုံးလိုတဲ့ အခါမှာ အဓိက ဓာတ်အားလိုင်းထဲကို ပြန်လည်ပေါင်းထည့်မှာ ဖြစ်ပါတယ် ။ လျှပ်စစ်ဓာတ်အား ၇၀ တီဂါဝပ်ကျော်သိုလှောင်နိုင်တယ်လို့ သိရပါတယ်။
“အဲ့ဒိပရောဂျက်က ဝယ်လိုအားနည်းပါးတဲ့ ကာလများအတွင်း စွမ်းအင်သိုလှောင်မှုနှင့် လိုအပ်သည့်အခါတွင် လျင်မြန်စွာ ထုတ်လွှတ်နိုင်သည့် ယုံကြည်စိတ်ချရသော တာရှည်စွမ်းအင်သိုလှောင်မှုကို ကျွန်ုပ်တို့ရဲ့နည်းပညာကိုသုံးပြီးလုပ်ထားတာပါ” လို့ Gravitricity ၏အမှုဆောင်ဥက္ကဋ္ဌ Martin Wright က ပြောကြားခဲ့ပါတယ် ။ “စီမံကိန်းသာ အပြည်အဝပြီးစီးသွားပါက အခြားစီးပွားရေး ပရောဂျက်များအတွက် လမ်းကြောင်းတစ်ခုပေးမည်ဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ဖြေရှင်းချက်က မိုင်းဖျက်သိမ်းခြင်းဆိုင်ရာလုပ်ငန်းများတွင် ထည့်သွင်းခွင့်ပြုမည်ဖြစ်ပြီး ၎င်းတို့၏မူလဝန်ဆောင်မှု သက်တမ်းကုန်ဆုံးခါနီးတွင် မိုင်းများအတွက် အလားအလာရှိသော အနာဂတ်ကို ပေးဆောင်မှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ် ။
မောင်ယဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply