မာန်

မာန်

အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ်
အဖူးကို ဖျက်
အခက် ငါ့မှာကျန်သေးတယ်
အခက္ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ်
အရိုးကို နှုတ်
အငုတ် ငါ့မှာကျန်သေးတယ်
အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ်
မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ်ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ် ။ ။

About The Author

greenness_mm

No Comments

Leave a Reply