မုံရွေးဆရာတော်၏ ၁၂ လရာသီမိုးဖွဲ့

မုံရွေးဆရာတော်၏ ၁၂ လရာသီမိုးဖွဲ့

တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး ။
ကဆုန်အတွင်း၊ မြေသင်းပြန့်ပြန့်၊ မိုးနံနံ့ ။
နယုန်မိုးသေး၊ မြက်သားမွေး ။
ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး ။
ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ။ ရွာပါသော်လည်း မိုးမသည်း။
တော်သလင်းတိမ်ညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ ။
သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး ။
တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက် ။
နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ် ။
ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက် ။
တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း ။
တပေါင်းလည်းကူး၊ မိုးသားကျူး ။

About The Author

greenness_mm

No Comments

Leave a Reply