မော်စကိုမှာ စံချိန်တင် နှင်းကျလို့ ​ကျောင်း​တွေ ပိတ်ထားရ

မော်စကိုမှာ စံချိန်တင် နှင်းကျလို့ ​ကျောင်း​တွေ ပိတ်ထားရ

ဆယ်စုနှစ်များစွာအတွင်း မ​မျှော်လင့်ထာတဲ့ နှင်းကျဆင်းမှုကြောင့် ရုရှားနိုင်ငံမြို့​တော် ​မော်စကိုမှာ နှင်း​တွေ​ကြောင့် လမ်းပိတ်ဆို့မှုဖြစ်ခဲ့ပြီး တစ်မြို့လုံး
က​သောင်းကနင်း ဖြစ်ခဲ့ရပါတယ်။
မိုး​လေဝသပညာရှင်​တွေက​တော့ ဒီက​နေ့ကျဆင်းခဲ့တဲ့ နှင်းမုန်တိုင်းက နှစ် ၆၀ အတွင်းမှာ အပြင်းထန်ဆုံးလို့ ဆိုပါတယ်။ ၁​ပေနီးပါး​လောက် ထူတဲ့နှင်း​တွေက ထရပ်ကား ဒရိုင်ဘာ​တွေအတွက် အခက်အခဲအများကြီးဖြစ်​စေပြီး ယာဥ်​ကျောပိတ်ဆို့မှု​တွေလည်းဖြစ်​နေပါတယ်။
မိုး​လေဝသပညာရှင်​တွေက ဒီနှစ်ဒီဇင်ဘာက ​နောက်ထပ်နှင်းကျဆင်းမှု​တွေ ကျ​ရောက်လာနိုင်စရာရှိ​နေတဲ့အပြင် ပြီးခဲ့တဲ့ ရာစုနှစ်​တွေထက်​တောင် ကျဆင်းဖွယ်ရာရှိ​နေတယ်လို့ဆိုပါတယ်။သူတို့ရဲ့
ခန့်မှန်းလျက်အရဆိုရင် နှင်းကျ​ရောက်မှုက ၂​ ပေ ​တောင်​ကျော်သွားနိုင်တယ်လို့ သိရပါတယ်။
နှင်းကျဆင်းမှုများလွန်းလို့ စာသင်​ကျောင်း​တွေပိတ်ထားဖို့ ရုပ်မြင်သံကြားက​နေ ​ကြေညာထားပါတယ်။ ​မော်စကိုမြို့ရဲ့အဓိက လမ်း​တွေ အားလုံးပိတ်ဆို့မှု​တွေဖြစ်​နေလို့ ရှင်းလင်း​ရေးကိုအမြန်လုပ်​နေရပါတယ်။
မောင်ယဏ
Ref….euronews

About The Author

greenness_mm

No Comments

Leave a Reply