မျိုးစေ့ကျွန်

မျိုးစေ့ကျွန်

ကျွန်ဆိုတာ ကိုယ့်ဘဝကို သူများလက်ထဲ ထည့်ထားရတာ…။
မျိုးစေ့ကျွန် လို့ဆိုလေတော့….မျိုးစေ့အတွက် နဲ့ ကိုယ့်ဘဝကို မျိုးစေ့ရောင်းသူလက်ထဲ ထည့် ရတော့တာ..။
သြဂဲနစ် စိုက်ပျိုးရေး မှာ GMO .ကို စိုက်ခွင့်မပေးဘူး ..
Hybrid ကိုစိုက်လို့ ရတယ် ဆိုပေမဲ့ မျိုးစေ့ကိုF2 မှာ ထိန်းထားလို့ မရတဲ့အချက် ကို သိပ်သဘောမကျ ပါ..။
ဖြစ်နိုင်ရင်တော့…မျိုးစေ့ထိန်းလို့ရတဲ့ ဒေသ မျိုးတွေ ပြန်လည် ဖေါ်ထုတ် ထိန်းသိမ်းစောင့်ရှောက်စေချင်ပါတယ်..။
မျိုးစေ့ ဆိုတာ စိတ်ဝင်စားစရာ….
သေးငယ် သော်လည်း ကြီးထွားရှင်သန် စေတဲ့ ဓာတ်သတ္တိ များ ကိန်းအောင်း နေတဲ့ သက်ရှိ တွေပါ…။
သူတို့ကို ထိန်းသိမ်းတတ်စေချင်တယ်…
ဝေမျှစေချင်ပါတယ်…။
ဒီနေ့ မှော်ဘီဘက်က သင်တန်းဆင်း စိုက်ပျိုးရေးသမားလေးတစ်ဦး ပြောတာ..
ဆရာမ ရယ် ကိုယ့်ဖာသာမျိုးစေ့ခံရင် ဘူးသီးတစ်လုံး ကို မျိုးစေ့ ၃၀၀၀ လောက်ရတယ် တဲ့..။
ဝယ်ရင် မတန်ဘူး..ပေါက်ဘို့လည်းမသေချာဘူး တဲ့..။
သီးပွင့်ရင့်မှည့်နေတဲ့အသီးတောင့် တွေ ကိုမြင်ရင်စုဆောင်းဝေမျှစေချင်ပါတယ်..။
ဒါကြောင့်…
၃၀ ရက်နေ့ သင်တန်းအပြီး မှာ
မျိုးစေ့ပွဲ တော်လေး ပါ…. နာရီဝက် လောက် အစီအစဉ် ထည့်ထားပါတယ်…။
မြန်မာသြဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများ အသင်း က
သီးနှံ သစ်တော ရောနှော စိုက်ခြင်း ( Agro-forestry) ဆိုတဲ့ Agroecology Practise ကိုလည်း ကျင့်သုံး နေတာ ဆိုတော့…။
သစ်တောပင်မျိုးစေ့များ လည်းဝေငှပါမယ်…။
Insectaries လို့ ခေါ်တဲ့ အင်းဆက် ဆွဲဆောင် သော ပန်းပင်များ လည်းသြဂဲနစ် စိုက်ခင်းအတွင်းစိုက်ရမှာ ဖြစ်လို့…
သူတို့လည်းပါပါတယ်..။
Buffer Zone Management ကသြဂဲနစ် စိုက်ပျိုးရေးမှာ အရေးကြီး လှပါတယ်…။
Keep Biodiversity ,Crop Diversification တွေ ဖန်တီးတတ်ခြင်းဖြင့်..
ကျေးငှက်သာရကာ ခွန်းဆင့်သံနားဆင်တတ်လာမယ်..။
ပုဇင်းတွေ….ပျားလေးတွေ ..လိပ်ခုံးကျိုင်းလေးတွေ..ရှိခိုးကောင်လေးတွေ..နကျီလေးတွေ ဝဲပျံနေတာမြင်ရမယ်…။
လှလည်းလှ ဟင်းတစ်ခွက်လည်း ဖြစ်စေတဲ့…။
ဝေ့ဝဲကြွေဆင်း..ပန်းတစ်ခင်း
သခွပ်ပွင့်တွေ…
မလွှပွင့်တွေ..
ကြောင်ရှာပွင့်တွေ…
နွေရာသီ မှာ လောကကို ပန်းချီကားတစ်ချပ်လို အလှဆင်တတ်တဲ့ ပန်းပင်လေးတွေလည်းပါပါတယ်…။
လမ်းတစ်လျှောက်..ပန်းပိတောက် ကြိုင်သင်း
မြိုင်တွင်းဟေမဝါပေါ့
စိန်ပန်းဝါ တွေလည်း ပါတယ်…။
နည်းပညာတက္ကသိုလ် ဝင်းရှေ့ မှာအပင်ရှိတယ် ..အမျိုးသမီးဆေးရုံနားမှာ လည်းတစ်ပင်ရှိတယ် …
မှတ်ထားသော်လည်း..မျိုးစေ့ မရခဲ့..။ အခုတော့ရပြီ
တကယ့် ပန်းပျိုးလက် နဲ့ တွေ့ ပါမှ….
ခြံစည်းရိုးတန်းလေးမှာ..အောင်မဲညို…..
ကင်းပုံသီး…ဆောင်တော်ကူး..စသည်ဖြင့် စုံနေမှ
သြဂဲနစ် ခြံဆိုတာ ရဲ့ အဓိပ္ပါယ်ပြည့်စုံပေမယ်..။
(Monoculture စိုက်မယ် …..
တရုတ် ကလိုတာ ပဲစိုက်မယ် ….
စျေးကွက်ရတာ..ပဲစိုက်မယ် …
Export လုပ်နိုင်မှ ဆိုတာ……စီးပွားရေး အမြင် နဲ့ မြေကိုခိုင်းစားမယ်….
ငါလို တဲ့အထွက်ကိုပေး ဆိုတာမျိုးက ….သက်ရှိ လောကကိုတစ်ဘက်စောင်းနင်းတွေဖြစ်စေတယ် …
တချို့နေရာတွေဆို ပြင်မရနိုင်တဲ့ ပျက်စီးမှုတွေကြုံနေရပါပြီ..။)
.ရေရှည် တည်တံ့ မှု ကိုမဖြစ်တည်စေပါဘူး..။
ရာသီဥတုဒဏ်လည်းမခံနိုင်ပါဘူး ..။
ကဗျာဆန်စွာ…
ခရေကောက် ချင်သူများအတွက်ပန်းခရေ..
ဒန့်ဒလွန်
မန်ဂျန်ရှား
မဟော်ဂနီ
ပျဉ်းကတိုး
ပင်လယ် ကဗွီး
မယ်ဇလီ
ရဲယို
ပေါက်ပန်းဖြူ …..ပေါက်ပန်းနီ….
သပွတ် ……
ပျဉ်းတော်သိမ်
ဆွမ်းမွှေးရွက်….စသည်စသည်….။..။
အဲဒီထဲက ရှိသမျှပေးဝေငှပါမယ်..။
ရရှိဘူးသူများမှ ပေးဝေ တတ်ပါတယ်…။
ဒါဟာလည်း ရင်တွင်းမှာ ချပေးချင်တဲ့မျိုးစေ့တစ်ခုပေါ့..။
ကိုယ့်မျိုးစေ့ကိုယ် ဆုဆောင်းတတ်ခြင်း ဖြင့်………
မျိုးစေ့ကျွန်ဘဝ ကလွတ်စေချင်တာကတော့ စေတနာအရင်းခံဖြစ်ပါတယ်..။
ဒေါက်တာသန်းသန်းစိန်

About The Author

greenness_mm

No Comments

Leave a Reply