မြစ်နှင့်လူ

မြစ်နှင့်လူ

မြစ်ကတော့
ဖြစ်ချင်ရာဖြစ်
သူချစ်တဲ့ ပင်လယ်ဆီ
မရောက်ရောက်အောင် ချီမှာပဲ။
နွေတုန်းက အားသေးလိုက်တဲ့မြစ်
သောင်တွေ အထစ်ထစ်ထွန်း
ကျောက်စွန်းကျောက်ခက်ရှရှ
မီးယပ်သည်မကလေး။
မုတ်သုံဦးနဲ့
ဖူးကြွလာတဲ့ လှိုင်းတွေ
ကျောက်နဲ့သောင် ရှာဖွေအတွေ့
သမင်မွေ့ ခြင်္သေ့မွှေသလို
နေစွေး မိုးဝေး မြစ်သေးတုန်းက
ကုန်းရုန်းကြိုးဆွဲခဲ့ရသမျှ
မြစ်ဝ လေထလာတော့
လိပ်ပြာလှကလေးတွေ ရောင်စုံပျံ။
မြစ်ကတော့
ဖြစ်ချင်ရာဖြစ်
သူချစ်တဲ့ ပင်လယ်ဆီ
မရောက်ရောက်အောင်ချီမှာပဲ။
မြစ်ကမ်းစပ် တစ်လျှောက်
ထင်းကောက်သူ ငါးရှာသူ
ရွှေကျင်သူ ရေချိုးသူ
အားလုံး အားလုံးကို ကြည်ဖြူ။
အံ့မောင်
(ကွယ်လွန်သွားပြီဖြစ် ဆရာကြီး အံ့မောင်ကို သတိရလျက်)

About The Author

greenness_mm

No Comments

Leave a Reply