မြန်မာနိုင်ငံရှိ မြစ်များ (စစ်တောင်းမြစ်)

မြန်မာနိုင်ငံရှိ မြစ်များ (စစ်တောင်းမြစ်)

စစ်တောင်းမြစ်သည် ရှမ်းကုန်းမြေမြင့် အစွန်းမှ မြစ်ဖျားခံစီးဆင်းလာပြီး တောင်ဖက်သို့ ၂၆၀ မိုင် (၄၂၀ ကီလိုမီတာ) အရှည် စီးဆင်းလာပြီး ဘင်္ဂလားပင်လယ်အတွင်းသို့ မုတ္တမပင်လယ်ကွေ့၌ စီးဆင်းပေါင်းစပ်သွားပါသည်။ စစ်တောင်းမြစ်၏ မြစ်၀ှမ်းလွင်ပြင်သည် ကျယ်ပြန့်ပြောလှပြီး အနောက်ဖက်တွင် သစ်တောများထူထပ်စွာရှိသည့် ပဲခူးရိုးမမှသည် အရှေ့ဖက် တွင် ရှမ်းကုန်းမြေမြင့် အစပ်အထိ ကျယ်၀န်းပါသည်။ ဤမြစ်၀ှမ်းလွင်ပြင်ဒေသတွင် ရန်ကုန်-မန္တလေးဆက်သွယ်ထားသည့် ပင်မရထားလမ်း၊ ကားလမ်းများ တည်ရှိနေကြပြီး၊ မြို့ကြီးများဖြစ်သည့် ပဲခူး၊ တောင်ငူ၊ ရမည်းသင်း၊ ပျဉ်းမနား စသည့်မြို့ကြီး မ်ား တည်ရှိနေပါသည်။ စစ်တောင်းမြစ်တွင် ၂၅ မိုင် (၄၀ ကီလိုမီတာ) ခရီးကို တနှစ်ပတ်လုံး ရေလမ်းခရီးသွားလာနိုင်ပြီး၊ မိုင်ပေါင်း ၅၅ (၉၀ ကီလိုမီတာ) ခရီးကို တနှစ်တွင် ၃-လကြာမျှ ရေလမ်းခရီး သွားလာနိုင်ပါသည်။ စစ်တောင်းမြစ်ကို သစ်များ (အထူးသဖြင့် ကျွန်းသစ်) သစ်များ ဖောင်မျှောရန်၊ တောင်ပိုင်းတွင် နိုင်ငံရပ်ခြားကုန်သွယ်ရန်အတွက် အသုံးပြုနိုင်ကြပါ သည်။ စစ်တောင်းမြစ်၏ အောက်ပိုင်းတွင် ပဲခူးမြစ်နှင့် တူးမြောင်းဖောက် ဆက်သွယ်ထားပါသည်။ ဤတူးမြောင်းအားဖြင့် စစ်တောင်းမြစ်၀သို့ ရောက်လာသည့် ဒီရေကို လွှဲပြောင်းနိုင်ရန် တည်ဆောက်ထားပြီး၊ ဤတူးမြောင်းအားဖြင့် ရန်ကုန်မှ သည် ပဲခူးမြို့အထိ ရေလမ်းအားဖြင့် ဆက်သွယ်နိုင်အောင် ဆောင်ရွက်ထားပါသည်။ ပေါင်းလောင်းမြစ်သည် စစ်တောင်း မြစ်အတွင်းသို့ စီး၀င်သည့် ရေ၀င် မြစ်လက်တက်တခု ဖြစ်ပါသည်။

Ref:BRN
Photo:Original owners

About The Author

greenness_mm

No Comments

Leave a Reply