မြန်မာနိုင်ငံရှိ မြစ်များ (ချင်းတွင်းမြစ်)

မြန်မာနိုင်ငံရှိ မြစ်များ (ချင်းတွင်းမြစ်)

ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ သလ္လာဝတီမြစ်ဟုလည်း မြန်မာစာပေတွင် ရေးသားသည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်ရှိ ကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်တွင် မြစ်ဖျားခံပြီး တနိုင်း၊ တဗြဲ၊ တဝမ်၊ တရွန်မြစ်များ စုဆုံ၍ ချင်းတွင်းမြစ် ဖြစ်ပေါ်လာပါသည်။ချင်းတွင်းမြစ်ကို အိန္ဒိယရှိ မဏိပူရပြည်နယ်တွင် နိုင်းထိမြစ် ဟုခေါ်ကြသည်။ မြောက်မှတောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ထိရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။
ထူးခြားထင်ရှားသည့် အချက်မှာချင်းတွင်းမြစ်သည်လူအထိအတွေ့နည်းသေးသော ထမံသီဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောများကို ဖြတ်သန်းစီးဆင်းနေပြီး ကျားဘေးမဲ့တောသည် ကမ်ဘာပေါ်တွင် အကြီးဆုံး ကျားဘေးမဲ့တောလည်း ဖြစ်ပါသည်။ ထို့အပြင် အျခား သားရိုင်းတိရိစၦာန်များ ဖြစ်ကြသည့် ရှားပါးပျောက်ကွယ်တော့မည်ဖြစ်သော မျိုးစိတ်များ၊ က်ားမ်ား၊ ဆင်များ၊ မြန်မာနိုင်ငံတွင်သာရှိသည့် အခွံမာလိပ်မျိုးများအတွက် ခိုလှုံနေထိုင်ရာ ဒေသတခုလည်း ဖြစ်ပါသည်။
ဒုတိယကမ်ဘာစစ်အတွင်းတွင်လည်း ဂ်ပန္တပ္မ်ား အိန္ဒိယသို့ ချီတက်ရာတွင်လည်းကောင်း၊ မဟာမိတ္တပ္မ်ား ဂျပန်တို့ကို နောက်မှလိုက်လံတိုက်ခိုက်၍ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ရောက်ရာတွင်လည်းကောင်း ချင်းတွင်းမြစ်ကို အသုံပြုခဲ့ကြသည်။ မဟာမိတ်တပ်များပြန်လည် ထိုးစစ်ဆင်ရန်အတွက် ချင်းတွင်းမြစ်ရေကြီးချိန်ဖြစ်သည့် မိုးကာလကို မဟာမိတ်တပ်မှုးဖြစ်သည့် ဗိုလ်ချုပ်စတီးဝဲလ်က ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။
Credit:BRN
Photo:Original Owners

About The Author

greenness_mm

No Comments

Leave a Reply