မြန်မာနိုင်ငံအတွင်းမှမြစ်များ (ပန်းလောင်မြစ်)

မြန်မာနိုင်ငံအတွင်းမှမြစ်များ (ပန်းလောင်မြစ်)

ပန်းလောင်မြစ်သည် အလျားမိုင် ၁၂၀ ခန့်ရှိသော မြစ်တစ်စင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ယင်းမာပင်အနောက်မြောက်ဘက်၊ ဘုရားငါးဆူရွာ၏ အရှေ့ဘက် လေးမိုင်အကွာခန့်မှ စတင်မြစ်ဖျားခံ စီးဆင်းသော မြစ်တစ်စင်းဖြစ်သည်။
အဆိုပါမြစ်သည် အနောက်ဘက်မှ အရှေ့သို့ အနည်းငယ် စီးဆင်းပြီးနောက် ကြပ်စခန်းရွာအနီးတွင် မြောက်ဘက်သို့ စီးဆင်းသွားသည်။ ရှမ်းပြည်နယ် ရွာငံမြို့နယ် မင်းပလောင်ရွာနှင့် ရနဲရွာအနီး အနောက်ဘက်မှနေ၍ မြောက်ဘက်သို့ စီးဆင်းသွားသည်။
ပြဒါးလင်းဂူ သဘာဝဘေးမဲ့တောသည် ဤမြစ်၏ အရှေ့ဘက်တွင် ရှိသည်။ ကင်းတားဆည်သည်လည်း ပန်းလောင်မြစ်ကို အကြောင်းပြု၍ ဖြစ်လာရသည်။ ပန်းလောင်မြစ်သည် တံတားဦးလေဆိပ်၏ အရှေ့တောင်ဘက် ကျောက်ဆည်မြို့ အနောက်တောင်ဘက်တွင် စမုံမြစ်တွင်း စီးဝင်၍ တံတားဦး အင်းဝအနီးတွင် မြစ်ငယ်မြစ်တွင်း စီးဝင်သည်။
#Greeness
Ref:BRN
Photo:Original Owners

About The Author

greenness_mm

No Comments

Leave a Reply