မြန်မာနိုင်ငံအတွင်းမှမြစ်များ(မူးမြစ်)

မြန်မာနိုင်ငံအတွင်းမှမြစ်များ(မူးမြစ်)

မူးမြစ်သည် ကသာခရိုင် ဗန်းမောက်မြို့နယ် အနောက်တောင်ပိုင်းမှ စတင်ပြီး မြောက်မှသည် တောင်ဘက်သို့ စီးဆင်းသည်။ ကသာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်တို့ကို ဖြတ်သန်းပြီးနောက် ဧရာဝတီသို့ ပူးပေါင်းစီးဝင်သည်။ ရေစီးသန်ကာ အကွေ့အကောက်များပြီး မိုးတွင်းကာလတွင် ရေစီးဆင်းမှုများသော်လည်း နွေကာလတွင် ချောင်းသာသာမျှသာ ရေစီးဆင်းမှုရှိသည့်အတွက် မူးချောင်းဟုလည်း ခေါ်ဆိုကြသည်များရှိသည်။
မိုင် ၁၇၀ ခန့်ရှည်လျားသော မူးမြစ်သည် ချင်းတွင်းမြစ်ပြီးပါက ဧရာဝတီသို့ အနောက်ဘက်မှ စီးဝင်သော ဒုတိယမြောက် အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ မုန်းချောင်းနှင့် မန်းချောင်းတို့သည်လည်း ဧရာဝတီ၏ အနောက်ဘက် မြစ်လက်တက်များအနက် အရေးပါသော ချောင်းများဖြစ်သည်။ ယခင်က မူးမြစ်ကို ကူးသန်းသွားလာရေးနှင့် ရောင်းဝယ်ဖောက်ကားကိစ္စများအတွက် တွင်ကျယ်စွာ အသုံးပြုမှုများရှိခဲ့သော်လည်း လက်ရှိတွင်မူ လယ်ယာစိုက်ပျိုးအတွက်သာ အဓိက အသုံးပြုသည်။
မူးမြစ်တွင် ရေဦးတူးမြောင်းနှင့် ရွှေဘိုတူးမြောင်းကို ကိုလိုနီခေတ်က တူးဖောက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ်ဏ္ဍကို မြင့်တင်ခဲ့သည်။ အဆိုပါတူးမြောင်းများကို ကဘိုရေလွှဲဆည်မှ ရေဝေရေလွှဲပြုလုပ်ပေးသည်။ တူးမြောင်းရေသောက် ဧရိယာဧကပေါင်းမှာ ၃၁၃,ဝဝဝ ခန့် ရှိသည်ဟုဆိုသည်။

#Greeness
Ref:BRN
Photo:VOM

About The Author

greenness_mm

No Comments

Leave a Reply