မြန်မာနိုင်ငံအတွင်းရှိမြစ်များ (ကုလားတန်မြစ်)

မြန်မာနိုင်ငံအတွင်းရှိမြစ်များ (ကုလားတန်မြစ်)

          အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဒေသရှိ ရေဆင်းများမှတဆင့် ကုလားတန်မြစ်စီးဆင်းလာပြီး၊ မြန်မာနိုင်ငံ ချင်းပြည်နယ်၏ ကျဉ်းမြောင်း သည့် လျှိုမြောင်တောင်တန်းများကို ဖြတ်သန်းစီးဆင်းလာကာ အရှည် ကီလိုမီတာ ၃၅၀ မွ် စီးဆင်းလာပြီးနောက် ရခိုင် ပြည်နယ် စစ်တွေမြို့အနီးတွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်ပါသည်။မြစ်၏အောက်ပိုင်းတွင် ကျယ်ဝန်းသည့် မြေဆီဩဇာကြွယ်ဝသော မြစ်ဝှမ်းလွင်ပြင်အဖြစ် ပေါ်ထွန်းလာပြီး ၁၁၀ ကီလိုမီတာအထိ ကျယ်ဝန်းပါသည်။
          ရခိုင်ပြည်နယ် ကျောက်တော်မြို့ အထက်ပိုင်းမှသည် စစ်တွေမြို့အထိ စတုရန်းကီလိုမီတာ ၃,၆၄၀ ကျယ်ဝန်းသည့် မြစ်ဝှမ်းလွင်ပြင်ကို ဖြစ်ပေါ်စေပါသည်။ လူသူမထိတွေ့ရသေးသည့် သစ်တောရိုင်းများနှင့် ရှားပါးတိရိစ္ဆာန်များ မြစ်အထက်ပိုင်းဒေသတလျှောက်တွင် နေထိုင်ကြပြီး၊ တိုင်းရင်းသားလူမျိုးများသည်လည်း ဤ​ြမစ္ကို မှီတင်း၍ သက်မွေးနေထိုင်နေကြပါသည်။ မြစ်ကြောင်း တလျှောက်ရှိ မြို့များတွင် လူဦးရေ စုစုပေါင်းတသန်းခန့်အထိ နေထိုင်ကြသည်ဟု ခန့်မှန်းရပါသည်။
Ref: Burmarivernetwork
Photo: internet

About The Author

greenness_mm

No Comments

Leave a Reply