မြန်မာနိုင်ငံအတွင်းရှိမြစ်များ (မဲခေါင်မြစ်)

မြန်မာနိုင်ငံအတွင်းရှိမြစ်များ (မဲခေါင်မြစ်)

အရှည် ၄,၈၀၀ ကီလိုမီတာ ရှိသည့် မဲခေါင်မြစ်သည် အရှေ့တောင်အာရှဒေသ၏ ဗဟိုချက်မကို ဖြတ်၍ နိုင်ငံ ၆-ခုကို ဖြတ်သန်းစီးဆင်းလာပါသည်။ ဤမြစ်သည် ဒေသအတွင်းရှိ အရှည်လျားဆုံး မြစ်တစင်းဖြစ်ပြီး၊ ၎ျမစ္ဖ်ားခံရာ တိဘက်ဒေသမှ ဗီယက်နမ်မြစ်၀ှမ်းဒေသများအထိ လွှမ်းခြုံမှု ရှိပါသည်။ လူသန်းပေါင်း ၆၀ ခန့်သည် မဲခေါင်မြစ်နှင့် ၎၏ မြစ်လက်တက်များကို မွီ၍ အစားအသောက်၊ ရေနှင့် သယ်ယူပို့ဆောင်ရေး ကိစ္စများအတွက် မြစ်ကို အသုံးပြုနေကြရပါသည်။ ထို့အပြင် မြစ်ကိုမှီ၍ နေ့စဉ် သက်မွေး၀မ်းကြောင်း ကိစ္စအများကို ဆောင်ရွက်နေကြရပြီး၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာအရလည်း အထူးအရေးပါသည့် မြစ်ဖြစ်ပါသည်။ ထို့အပြင် မဲခေါင်မြစ်သည် ကမ်ဘာပေါ်တွင် မျိုးစိတ်အကွဲပြားဆုံး ငါးများရရှိစေပြီး တံငါ လုပ်ငန်းကိုလည်း အထောက်အကူပြုပါသည်။ ဘရာဇီးနိုင်ငံရှိ အမေဇုံမြစ်ပြီးလျှင် မဲခေါင်မြစ်သည် ငါးမျိုးစိတ် အစုံလင်ဆုံးသော မြစ်တစင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံအကြားတွင် မဲခေါင်မြစ်က နယ်နိမိတ်အဖြစ် ကီလိုမီတာ ၂၃၄ အရှည် ဖြတ်သန်း စီးဆင်းသွားပါသည်။ ဤဒေသတွင် “ရွှေတြိဂံဒေသ” လည်း အပါအ၀င်ဖြစ်ပြီး မြန်မာ-ထိုင်း- လာအို ၃-နိုင်ငံ ပေါင်းဆုံရာ ဒေသ ဖြစ်ပါသည်။ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုကြောင့် လူသိများလှသည့် ဒေသလည်း ဖြစ်သည်။ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံ၏ တောင်တန်းများပေါ်၌ ဌာနေတိုင်းရင်းသား ၂၂,၀၀၀ ခန့် မှီတင်းနေထိုင် လျှက် ရှိပါသည်။ ဤေနရာမ်ားမွာ ေ၀းလံခေါင်သီလှပြီး အခါ၊ ရှမ်း၊ လားဟူ၊ လြယ္လ (ဆမ်တောင်)၊ တရုတ်နှင့် အင်း တိုင်းရင်းသားများ နေထိုင်လျှက် ရှိသည်။
မဲခေါင်မြစ်သည် တရုတ်လူမျိုးများကဲ့သို့ပင်၊ လားဟူလူမျိုးများအတွက်လည်း အထူးအရေးပါလှပါသည်။ သူတို့က မဲခေါင် မြစ်ကို လန်ကန်း (Lancang) ဟု ခေါ်ကြပါသည်။ ရှေးရိုးရာပုံပြင်များအရ ရှေးဦးလားဟူလူမျိုးများသည် ဤျမစ္ဖ်ားခံရာ ဒေသမှ ဆင်းသက်လာကြသည်ဟု ဆိုကြပြီး၊ ရိုးရာ သီချင်းများ၊ ပုံပြင်များက ဤျမစ္ကို ကိုးကား၍ ဖော်ပြပြောဆိုလေ့ ရွိ ကြပါသည်။
Ref:Burmarivernetwork
Photo:Original photo onwers

About The Author

greenness_mm

No Comments

Leave a Reply