မြန်မာပြည်တွင်းက သဘာဝအလှအပများ

မြန်မာပြည်တွင်းက သဘာဝအလှအပများ

ဇိန်မှုတောင်သည် ဟားခါးမြို့နယ် အဆုံး ဖလမ်းမြို့နယ်အစတွင်တည်ရှီပြီး ချင်းပြည်နယ်၏တတိယအမြငိ့ဆုံးတောင်တန်းဖြစ်သည် ။ပေပေါင်း ၈၄၁၄ ကျော်မြင့်ကာ ကုလားတန်မြစ် မြစ်ဖျားခံရာ နေရာ(Lai TiLi)လည်းဖြစ်သည် ။ ဇိန်မှုတောင်သည် ချင်းပြည်နယ် ဖလမ်းမြို့၊ ရမ်ထလိုကျေးရွာနားမှာ ရှိပါသည်။
ဇိန်မှုတောင်သည် ဖလမ်း-ဟားခါး ကြားမှာ တည်ရှိပါသည်။ ဖလမ်း-ဟားခါးနဲ့ (၂၂)မိုင် ဝေးပါသည်။ ဒီ တောင် တက်ဖို့အသင့်တော်ဆုံးရာသီက နွေရာသီဖြစ်ပါသည်။ မိုးရာသီမှာဆိုလျှင် တောင်ထိပ်ရောက်ဖို့မဆိုထားနဲ့။ ဖလမ်း-ဟားခါးသွားလျှင် ဇိန်မှုတောင်နားရောက်ရင် မိုးရွာတတ်တယ်။
နွေရာသီတက်လျှင် တောင်ထိပ်ပေါ်ကနေ ဖလမ်းမြို့၊ ဟားခါးမြို့ကိုမြင်ရပါသည်။ မိုးရာသီက တိမ္မ်ား ဖုံးအုပ်ထားသောကြောင့် မြင်ကွင်းမမြင်ရပေ။ မိုးရာသီတွင် ဆိုင်ကယ်နဲ့တောင်ပေါ်တတ်ဖို့လမ်းပန်းခက်ခဲလျက်ရှိပါသည်။ တောင်ကျရေကြောင့် လမ်းများ
ပျက်စီးလျက်ရှိပြီး အချို့နေရာတွင် သစ်ပင်အိုများ လမ်းတည့်တည့်ကျိုးကျသောကြောင့် ခုလို မိုးရာသီတွင် အလွန်ပင် ခက်ခဲလျက် ရှိသည်။ ဇိန်မှုတောင်ပေါ်တွင် သဘာဝအလျောက် ပေါက်ရောက်သည့် တောင်ဇလပ်ပန်များ တစ်တောလုံး ပေါက်ရောက်နေတာကိုလည်းတွေ့မြင်ရပါတယ်။
ဒီဇင်ဘာလ၊ ဇန်နဝါရီလများတွင် တောင်ဇလပ်ပန်းများ ပွင့်ဖူးနေတာကို မြင်တွေ့ရပါမည်။
ဇိမ်မှုတောင်သည် နတ်မတောင် ကဲ့သို့ အလွန်ပင် လှပသာယာလျက်ရှိသောလည်း လမ်းပန်းခက်ခဲသောကြောင့် လူသိမများခဲ့ပေ။ ချင်းပြည်၊ ဖလမ်းမြို့ရောက်လျှင် မဖြစ်မနေ သွားရောက် လည်သင့်တဲ့ နေရာလေး တစ်ခုဖြစ်ပါသည်။

About The Author

greenness_mm

No Comments

Leave a Reply