မြန်မာ့တောင်တန်းများ (ဂမ်လန်ရာဇီ)

မြန်မာ့တောင်တန်းများ (ဂမ်လန်ရာဇီ)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်တည်ရှိသည်။ ၎င်းသည် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တွင် တည်ရှိပြီး ဟိမဝန္တာ တောင်တန်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်၏။ တောင်သည် မြန်မာနှင့် တိဘက်တို့ နယ်စပ်တွင် တည်ရှိပြီး အိန္ဒိယနှင့် သုံးနိုင်ငံတွေ့ဆုံရာ နေရာမှ ၁၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ၅၈၈၁ ကီလိုမီတာ အမြင့်ရှိသည့် ခါကာဘိုရာဇီ သည် ဂမ်လန်ရာဇီမှ ၆.၆ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ဂမ်လန်ရာဇီသည် တစ်နှစ်ပတ်လုံး ဆီးနှင်းများနှင့် ရေခဲများ ဖုံးလွှမ်းလျက်ရှိသည်။ မြန်မာနိုင်ငံ မြေတိုင်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဂမ်လန်ရာဇီတောင်သည် နှမ်းဖတ်ကျောက် အမျိုးအစား ဖြစ်သည်။
အသစ်တိုင်းတာချက်အရ ဂမ်လန်ရာဇီတောင်၏ အမြင့်သည် ပေပေါင်း တစ်သောင်း ကိုးထောင် နှစ်ရာ ငါးဆယ့်ရှစ်ပေ ရှိသည့်အတွက် အရင်တိုင်းတာချက်ထက် ၁၁၈ ပေ ပိုမြင့်နေပြီး၊ ခါကဘိုရာဇီတောင်ကို ဒစ်ဂျစ်တယ်နည်းဖြင့် တိုင်းသောအခါ မူလကထက် အမြင့်ပေ တစ်သောင်းကိုးထောင် နှစ်ဆယ့်ကိုးပေသာရှိမည်ဟု ခန့်မှန်းရကြောင်း အမေရိကန် တောင်တက်အဖွဲ့ခေါင်းဆောင် Andy Tyson ကပြောသည်။ ၎၏ ပြောကြားချက်အတိုင်း မှန်မယ်ဆိုရင် ဂမ်လန်ရာဇီတောင်သည် မြန်မာနိုင်ငံအတွက်သာမက အရှေ့တောင်အာရှဒေသအတွက်ပါ အမြင့်ဆုံးတောင် ဖြစ်သွားလိမ့်မည်ဟု ဆိုသည်။
Photo:Original Owner

About The Author

greenness_mm

No Comments

Leave a Reply