မြန်မာ့တောင်တန်းများ (ပြက္ခရွေတောင်)

မြန်မာ့တောင်တန်းများ (ပြက္ခရွေတောင်)

ပြက္ခရွေတောင် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ကူမဲမြို့အနီး၊ ရန်ကုန်မန္တလေး ကားလမ်း၊ မိုင်ဂိတ်မှ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ၎င်းမိုင်ဂိတ်မှ လမ်းခွဲပြီး ကင်းတားလမ်းမကြီးအတိုင်း အရှေ့တောင်ဘက် ယွန်းယွန်းရှိ ကင်းတားတူးမြောင်း၊ လက်ဝဲတူးမြောင်း၊ ခဝဲဖြူချောင်းတံတားအထိ သွားရသည်။ ထို့နောက် သဲဖြူချောင်းတံတားကို ကျော်၍ လက်ယာဘက်ချိုးကာ ကင်းတားလက်ဝဲ တူးမြောင်းမကြီး အတိုင်းစုန်ဆင်းပြီး ကော်ဖီခြံတံတားထိပ်ထိ ဆက်လက်သွားရသည်။ ၎င်းမှ လက်ဝဲဘက်သို့ ချိုးကာ တောင်ကြီးလမ်းအတိုင်း ပြက္ခရွေတောင်ခြေသို့ သွားရသည်။ တောင်ခြေတွင် ကားရပ်နားစခန်းရှိသည်။
ပြက္ခရွေတောင်ဟူသော အမည်ကား တောင်တစ်လုံးတည်း၏ အမည်မဟုတ်ပေ။ ပြက်တောင်နှင့် ခရွေတောင် တောင်နှစ်လုံးအမည်ကို ပေါင်း၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဒေသအခေါ်အဝေါ်အရ အရှေ့တောင်ကြီး၊ အနောက်တောင်ကြီးဟု ခေါ်ကြသည်။ ပြက္ခရွေ အရှေ့တောင်၊ ပြက္ခရွေ အနောက်တောင်ဟူ၍လည်း ခေါ်ကြသည်။ ပြက်တောင်ခေါ် ပြက္ခရွေအနောက်တောင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၃၇၃၃ပေ မြင့်ပြီး၊ ခရွေတောင် ခေါ် ပြက္ခရွေအရှေ့တောင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၃၅၅၉ပေ မြင့်သည်။ တောင်ခြေအနီးတွင် မြသုခရွာရှိသည်။
တောင်ပေါ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မဟု သတ်မှတ်ထားသော အုတ်ပန္နက် မှတ်တိုင်ရှိသည်။ GPS ဖြင့် တိုင်းတာချက်အရ မြောက်လတ္တီတွဒ် ၂၁၁၂.၆၉၅ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆၁၄.၇၅၉ မိနစ်တွင် တည်ရှိသည်။
Ref:internet

About The Author

greenness_mm

No Comments

Leave a Reply