မြေထဲပင်လယ်က အမှိုက်ရှင်းသမား ဂရိသား ပင်လယ်ပျော်

မြေထဲပင်လယ်က အမှိုက်ရှင်းသမား ဂရိသား ပင်လယ်ပျော်

အာရာပါကီက တံငါသည်မျိုးရိုးအဖြစ်နဲ့ ငါးဖမ်းဖို့အတွက် မွေးဖွားလာတာပါ ။ ဂရိနိုင်ငံတောင်ပိုင်း က မြေထဲပင်လယ် ရေပြပေါ်မှာ သူတို့ တွေ ငါးဖမ်းလာတာ မျိုး ဆက် ၅ ဆက်တောင် မကတော့ပါဘူး။ အာရာပါကီကို တံငါသည်လုပ်ငန်းကနေ စွန့်ခွာဖို့ မိဘတွေက မြို့မှာ ကျောင်းထားခဲ့ကြပါတယ်။ ၂၀ ၁၆မှာ ဘွဲရပြီး နောက် မြို့ မှာ အလုပ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ဂရိနိုင်ငံက စီပွားရေး အကြပ်အတည်း နဲ့ ကြွေးမြီပြဿနာကြောင့် နိုင်ငံသားတွေ မတရားရုန်းကန်နေတဲ့ ဘဝထဲကို ရောက်နေ ပါတယ်။ မြို့ပေါ်မှာ အလုပ်လက်မဲ့တွေ ပုံအောတိုက်လာပါတယ်။ တဖြည်းဖြည်းနဲ့ ငါဖမ်းလုပ်ငန်းတွေ သဘာဝရင်းမြစ်တွေပေါ်ကို မှီခိုပြီး လုပ်ကိုင် စားသောက်တဲ့သူတွေတောင် ဂရိနိုင်ငံကိုစွန့်ခွာပြီး အခြား ဥရောပနိုင်ငံတွေကိုပြောင်းရွှေ့ လုပ်ကိုင်ရတဲ့အထိဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ရှာလာတဲ့ သဘာဝသယံဇာတတွေက အကြွေးနဲ့ အဆုံးသတ်သွားတော့ လုပ်ငန်းဆက်လုပ်ဖို့ စွမ်းအင်နဲ့ လုပ်သား မဝယ်နိုင် ၊ မငှားနိုင်တော့လို့ ပါပဲ ။

“ အဲ့ အချိန်တုန်းက ကျနော်တို့ တော်တော်တိုင်ပတ်နေပါတယ်။ အဖိုးကြီးကလည်း ကျနော်ကို့ အိမ်က ငါးဖမ်းလှေကို ဦးစီးခိုင်းတယ်။ အဲ့တော့ ကျနော် စဉ်းစားရပြီလေ။ ကိုယ့်အတွက် နဲ့ တိုင်းပြည်အတွက် ဘာလုပ်ရင် ကောင်းမလဲပေါ့။ အကြံတစ်ခုတော့ ရတယ်။ အဲ့ တာက ငါးဖမ်းသင်တန်းကျောင်းဖွင့်ဖို့ပါပဲ” လို့ အာရာပါကီက ဆိုပါတယ်။ “ အဲ့ဒါနဲ့ သူငယ်ချင်းတွေ စုပြီး ငါးဖမ်းကျောင်း ထောင်ဖြစ်သွားတယ်ဗျာ။ ကျနော်တို့ က အီနာလီယာလို့ ခေါ်တဲ့ အခမဲ့ ငါးဖမ်းကျောင်း ကို ထောင်လိုက်တယ်။ အလုပ်လက်မဲ့တွေကို ငါးဖမ်းနည်း သင်တန်းတွေ ပေးဖြစ်ခဲ့တယ်” တကယ်တော့ အာရာပါကီ က ငါးဖမ်းနည်းကို ကောင်းကောင်း မတတ်ပါဘူး ။ ဒါကြောင့် သူက ငါးဖမ်းသဘောၤ ပေါ်ကို တလကြာလောက်ကြာအောင် တက်လိုက်ပါတယ်။ ငါးဖမ်းသဘောင်္ပေါ်မှာ ဘာတွေလုပ်ရတယ် ၊ ဘယ်လိုတွေစီစဉ်ရတယ်တွေ ဆိုတာကို မှတ်သားခဲ့ပါတယ်။ သဘောင်္လိုက်နေရင်း နဲ့ သူတွေ့ခဲ့တဲ့ ကိစ္စကြီးတစ်ခုက အမှိုက်တွေပါပဲ ။

“ ကျနော် တော်တော်ရှောခ့် ဖြစ်သွားတယ်။ သဘောင်္သားတွေ က ပိုက်ထဲက ငါကိုတင် ဖမ်းရတာမဟုတ်ဘဲ ပလက်စတစ်အမှိုက်တွေကို ရှင်းနေရတဲ့ အလုပ်တစ်ခုပိုတာကို တွေ့လိုက်ရလို့ပါပဲ ။ ပိုက်ထဲက ဆိုဒါ ပုလင်းတစ်လုံး ဆိုရင် ၁၉၈၇ ခုနှစ်ထုတ် ပလက်လက်စတစ်ဗူးခွံ အလွတ်တစ်ခုဖြစ်နေတယ်။ နှစ် ၃၀ ကြာသွားပြီ ။ အဲ့ဒါကို ငါးဖမ်းသမားတစ်ယောက်က ပင်လယ်ထဲကို ပြန်လွှတ်ပစ်လိုက်ပြီး ဒါက ငါတို့ရှင်းရမယ့်ကိစ္စမဟုတ်ဘူးလို့ တောင်ပြောသွားပါသေးတယ်” သူသဘောၤလိုက်တဲ့ ၁လကျော်ကျော်မှာ ပိုက်ဆွဲလိုက်တိုင်း ငါးထက် ပိုပြီး ပါလာတာက ပလက်စတစ် ဘူးခွံ တွေ ၊ ပလက်စတစ် အိတ်တွေ အပြင် ရေခဲသေတ္တာတွေ ၊ အဝတ်လျှော်စက်တွေတောင် ပါလာပါ သေးတယ်။

ပိုက်ထဲပါလာတဲ့ အမှိုက်တွေ ကို ငါးဖမ်းသမားတွေက ပင်လယ်ထဲပြန်လွှတ်ပစ်ကြပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ က ငါး လာဖမ်းကြတာ ကျန်တာတွေက သူတို့အတွက် အမှိုက်တွေဖြစ်နေလို့ပါပဲ ။ “ အဲ့တော့ဗျာ ဒီအမှိုက်တွေက မြေထဲပင်လယ်ထဲမှာ သောင်တင်နေဦးမှာပါပဲ။ တစ်ခုခုတော့ လုပ်ရမယ်လို့ ကျနော် စဉ်းစားမိပြန်တယ်။ အီတလီက ဖက်ရှင် ကုမ္ပဏီတွေနဲ့ ကျနော်ဆက်သွယ်ပြီး မြေထဲပင်လယ်မှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေ ကို ပြောပြခဲ့ပါတယ်” မြေထဲပင်လယ်ထဲကို တစ်မိနစ်မှာ ပလက်စတစ် အချိုရည် ဘူးခွံ ၃သောင်းခွဲကျော် လွှင့်ပစ်နေပါတယ်။

လက်ရှိ ခန်းမှန်းတွက်ချက်မှုအရ ပလက်စတစ် တန်ချိန် ၆သိန်း နီးပါးလောက် က မြေထဲပင်လယ်ထဲကို ရောက်နေပါပြီ။ အဲ့ဒိစွန့်ပစ်မှု အားနဲ့ ဆိုရင် ၂၀၅၀ မြေထဲပင်လယ်ရဲ့ ၄ပုံ တစ်ပုံ က ပလက်စတစ်တွေနဲ့ ဖြစ်သွားနိုင်ပါ တယ်လို့ ဆိုခဲ့ ပါတယ်။ အဲ့တော့ ပင်လယ်ထဲမှာရှိနေတဲ့ ပလက်စတစ်တွေ ကို ဖက်ရှင်လုပ်ငန်းမှာ ပြန်သုံးဖို့အတွက် အာမခံချက်ရလိုက်ပါတယ်။ အခုတော့ အာရာပါကီတို့ အပါအဝင် အီတလီနဲ့ ဂရိ ငါးဖမ်းသဘောၤ ၄၀၀ကျော် က ငါးဖမ်းသမား ၁၃၀၀ ကျော်က ငါးဖမ်းရုံတင်မဟုတ် အမှိုက်ကောက်တဲ့ အလုပ် တွေလုပ်ပြီး ဝင်ငွေတွေ ပို ရနေကြပါတယ်။

မောင်ယဿ ( ဒီဇင်ဘာ ၁ )

REF: euronews

Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply