မွေးမြူရေးလုပ်ငန်းက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ဆက်စပ်နေလို့ အသားလျှော့စားဖို့ စပိန်ဝန်ကြီးတိုက်တွန်း

မွေးမြူရေးလုပ်ငန်းက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ဆက်စပ်နေလို့ အသားလျှော့စားဖို့ စပိန်ဝန်ကြီးတိုက်တွန်း

ကမ္ဘာကြီးရဲ့ ရာသီပြောင်းလဲမှုဒဏ်ကို သိသိသာသာ ခံစားနေရတဲ့ နေရတစ်ခုကတော့ မြေထဲပင်လယ်ဒေသ အတွင်း မှာ ပဲဖြစ်ပါတယ်။ မိုးရွာသွန်းမှုနည်းပါးသွားတာရယ် ၊ နှစ် ၆၀ အတွင်း အပူချိန် ၁.၃ ဒီကရီ ဆဲစီယက် တိုးလာတာရယ် တွေကို လက်တွေ့ရင်ဆိုင် နေရပါတယ်။ စပိန်ကုန်သွယ်ရေးဝန်ကြီးက စပိန်တွေ အသားစားကျူးတာနဲ့ ပတ်သက်ပြီး လျှော့ချပေးဖို့နဲ့ အပင်ထွက် စာောက်ကုန်တွေကို ပိုစားပေးဖို့အတွက် တိုက်တွန်းထားပါတယ်။

အသားအစားများရင် မွေးမြူရေး လုပ်ငန်ကြီးတွေကို ထုနဲ့ ထည်နဲ့ လုပ်ကိုင်ရပါတယ်။ မွေးမြူရေးလုပ်ငန်းတွေက မီသိန်းအပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့တွေကို အမြောက်အများ ထုတ်လုပ်ပါတယ်။ အဲ့ဒိဓာတ်ငွေ့တွေက အပူကို စုပ်ယူထားတဲ့အတွက်ကြောင့် ကမ္ဘာကြီးရဲ့ အပူချိန်က တက်လာတော့ တာပါပဲ။ကမ္ဘာကြီးပူနွေးလာတဲ့အခါမှာ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ရာသီဥတုပြောင်းလဲမှု ရဲ့ နောက်ဆက်တွဲမှာ လူသားတွေအတွက် ဆိုးကျိုးတွေ အများကြီးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲ့ဒိလိုတိုက်တွန်းမှုကို မွေးမြူရေးလုပ်ငန်းတွေနဲ့ အသားစား ကျူးသူတွေက ဆိုးဆိုးဝါးဝါး မှတ်ချက်တွေ ဝိုင်ပေးကြပါတယ်။

လူအများစုက ကားတွေနဲ့ စက်ရုံတွေကနေ ထွက်တဲ့ မီးခိုးတွေကြောင့် ကမ္ဘာကြီး ပူနွေးလာတာလို့ပဲ သိထားကြတာပါ ။ ဒါပေမဲ့ ကမ္ဘာနှစ်စဉ် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လုပ်မှုရဲ့ ၁၄. ၃ % က မွေးမြူရေးလုပ်ငန်ကြောင့် ဆိုတာကို သိတဲ့သူရှားပါတယ်။ စပိန်နိုင်ငံက အမဲသားစားတဲ့နေရာ နဲ့ နို့သောက်တဲ့နေရာမှာ အခြားနိုင်ငံတွေထက်အများကြီး သာသလို နွားမွေခြံတွေကလည်း အကြီးကြီး တွေ အများကြီးရှိပါတယ်။ အဲ့လိုရိုးရာ စားသောက်မှုကို လျှော့ပစ်ပြီး အပင်ထွက်စားသောက်ကုန်တွေကို အစားထိုးရမယ်ဆိုရင် အခက်အခဲတွေများကြီးရှိလာနိုင်တယ်လို့ စားသုံးသူ ဝန်ကြီး က ဆိုပါတယ်။ ၂၀၂၁ နွေရာသီအတွင်းမှာ စပိန်နိုင်ငံမှာ အပူကြီးပြီး တောမီးလောင်မှုတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။ သြဂုတ်လအတွင်း မှာ လူပေါင်း ၁ထောင်ကျော် ကို တောမီးကြောင့် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ စပိန်သား တစ်ယောက်က သာမန် ဥရောပသား တစ်ယောက်ထက် တစ်ပတ်ကို အသား ၁ကီလိုဂရမ် ပိုစားပါတယ်။

ဒါကြောင့် သားသတ်ရုံတွေက တစ်နှစ်ကို အမဲသား ၇. ၆ သန်းတန်ချိန် ထုတ်လုပ်ပေးနေရပါတယ်။ အမဲသား၁တန် ရဖို့ နွားကောင်ရေ ၅ ကောင်သတ်ရပါတယ်။ နွားတစ်ကောင်ကို ၆ နှစ်နဲ့ ၇ နှစ်ကြားမှာ ပေါ်ပါတယ်။ အဲ့တော့ နှစ်စဉ် အမဲသားလိုအပ်ချက်အတွက် နွားခြံကြီးတွေမှာ အကောင်ရေ သန်း ၅၀ ကျော်မွေးမြူထားရပါတယ်။ အဲ့ဒိကထွက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ကမ္ဘာကြီးကို ပိုပြီးပူလာစေတာပါပဲ။

 

မောင်ယဿ ( ဇနနဝါရီ ၈ )

REF: euronews

Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply