ယမုံနာ မြစ်ထဲက အဆိပ်သင့်အမြုပ်တွေအတွက်အဖြေရှာဖို့ ကြိုးစားဆဲ

ယမုံနာ မြစ်ထဲက အဆိပ်သင့်အမြုပ်တွေအတွက်အဖြေရှာဖို့ ကြိုးစားဆဲ

 အိန္ဒိယနိုင်ငံက ယမုံနာမြစ် က ဂင်္ဂါမြစ်ရဲ့ အကြီးဆုံး မြစ်လက်တက်ကြီး တစ်ခုအဖြစ်နဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ အရေးပါတဲ့ မြစ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒိမြစ်တွေက ဟိမဝန္တာတောင်တန်းကြီးမှာ မြစ်ဖျားခံပြီ အနောက်ကနေ အရှေ့ကိုစီးဆင်းတဲ့ မြစ်တွေလည်း ဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာနဲ့ ပတ်သက်နေလို့ အဲ့ဒိမြစ်တွေရဲ့ အရေးပါမှု က ပြောမဆုံးအောင်ရှိနေပါတယ်။ ဟိမဝန္တာ အခြေစိုက် ပုံပြင် ၊ ဇာတ်လမ်းတွေအပြင် ယဉ်ကျေးမှု နဲ့ဝါဒတွေကို အမြောက်အများ မွေးထုတ်ပေးတဲ့မြစ်တွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ က ဟိန္ဒူတွေရဲ့ ၄ရက်ကြာကျင်းပတဲ့ ချဟတ်သ်ပူဂျာ ပွဲတော်ရဲ့ နောက်ဆုံး နေ့ပါပဲ။ ယမုံနာ မြစ်ထဲကို ဆင်းပြီး နေနတ်ဘုရားကို ရှိခိုး ပူဇော်တဲ့ ပွဲပါ။ အဲ့ဒိလိုပွဲတော်ကျင်းပ နေစဉ်မှာပဲ မြစ်ထဲမှာ ဆပ်ပြာမြုပ်လို အမြုပ်တွေ ထုနဲ့ ထည်နဲ့ ဖွေးဖွေး လှုတ် စီးမျောနေပါတယ်။ အဲ့ဒိအမြုပ်တွေကို ဖယ်ရှားပစ်ဖို့နဲ့ မြစ်ကြောင်း သန့်ရှင်းရေးအတွက် အာဏါပိုင်တွေ ဆွေးနွေးနေစဉ်မှာ ပဲ အမြုပ်တွေက ပိုပိုများလာပါတယ်။ ဝတ်ပြုဆုတောင်းသူတွေကလည်း ရေထဲကို ဆင်းပြီး အမြုပ်တွေဖယ်ပြီး ရေချိုး ခေါင်းဆေး ဆုတောင်းလိုက် ကြတာပါပဲ။ နှင်းခဲတွေနဲ့ တူတဲ့ အမြုပ်တွေက မြို့တော် နယူဒေလီ ဘေးကနေ ဖြတ်သန်းစီးဆင်းနေပါတယ်။
ဝတ်ပြုသူတစ်ဦးကတော့ “ ကျနော်တို့ က ကျနော်တို့ရဲ့ စိတ်ဝိဉာဉ်သန့်စင်ဖို့အတွက် ရေဆိုးမြောင်း ထဲမှာ ခေါင်းဆေးမင်္ဂလာ ပြုနေရသလိုပါပဲ။ ဒါပေမဲ့ နေနတ်ဘုရားကတော့ ပြောမှာပါ ။ သင်တို့က ငါ့ကို ရေဆိုးမြောင်ထဲကနေ ဝတ်ပြုလည်း ၊ ငါက သင်တို့ကို တစ်နှစ်ပတ်လုံး ကာကွယ်စောင့်ရှောက်ပေးမှာပါ လို့ ကတိပေး နေတယ်နဲ့ တူပါတယ်။ ” လို့ ဆိုလိုက်ပါတယ်။ မြစ်ကြောင်းမှာအစဉ်အတိုင်း ရှိနေတဲ့ ဒေလီ ၊ ဟယာနာ ၊ အပ်တာ ပရာဒက်ရှ်ပြည်နယ်တွေက စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေ ၊ ချွတ်ဆေးတွေ နဲ့ အော်ဂဲနစ်အကောင်အကျွင်းအကျန်တွေ မြစ်ရေနဲ့ပေါင်းစည်းပြီး အခုထိ ဓာတ်မခွဲရသေးတဲ့ အမြုပ်တွေ ဖြစ်ပေါ်နေတာပါပဲ ။
လောလောဆယ် လေ့လာထားရသလောက်ကတော့ အရေပြားရောဂါဖြစ်နိုင်တယ်ဆိုသလောက်ပါပဲ ။ အဲ့ဒိရေတွေ အူလမ်းကြောင်းထဲကို ဝင်ရောက်လာရင်တော့ အူရောင်ငန်းဖျားရောဂါ ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ တွေ ဖြစ်လာနိုင်စရာရှိပြီး စက်ရုံတွေက စွန့်ပစ်လိုက်တဲ့ အရည်တွေထဲမှာ လေးလံတဲ့ သတ္တု အမှုန်တွေ ပါတာကြောင့် နာတာရှည် အာရုံကြော ရောဂါနဲ့ ဟော်မုန်း မညီမျှမှု ရောဂါတွေ ကို ခံစားရမှာ ကတော့ သေချာပါတယ်။
 မောင်ယဿ ( နိုဝင်ဘာ ၁၂ )
REF: UPi
Photo; UPI

About The Author

greenness_mm

No Comments

Leave a Reply