ရခိုင်တွင် စပါးခွံကို မီးသွေးအဖြစ် ပြောင်းလဲထုတ်လုပ်ရာ တစ်နှစ်လျှင် ပိဿာချိန် ၂၅ သိန်းခန့်ထုတ်လုပ်ရောင်းချရ

ရခိုင်တွင် စပါးခွံကို မီးသွေးအဖြစ် ပြောင်းလဲထုတ်လုပ်ရာ တစ်နှစ်လျှင် ပိဿာချိန် ၂၅ သိန်းခန့်ထုတ်လုပ်ရောင်းချရ

ရခိုင်တွင် စပါးခွံကို မီးသွေးအဖြစ်ပြောင်းလဲထုတ်လုပ်သည့် လုပ်ငန်းအမျိုးအစားတစ်ခုမှာ ၂၀၁၄ ခုနှစ်ကစ၍ စစ်တွေမြို့တွင် တည် ရှိနေခြင်းဖြစ်ပြီး တစ်နှစ်လျှင်ပိဿာချိန် ၂၅ သိန်းခန့် ထုတ်လုပ်ရောင်းချနေရကြောင်း မီးသွေးချောင်းထုတ်လုပ်သည့် ကုမ္ပဏီမှပြောသည်။
မြို့ပေါ်အချို့နှင့် ကျေးလက်ဒေသအများဆုံးအသုံးပြုလေ့ရှိသည့်ထင်းမီးသွေးက ၁ ပိဿာလျှင် ၇၀၀ကျပ်လောက်ရှိပြီး မီးသွေးလောင်စာမှာ ၁ ပိဿာလျှင်၂၅၀ လောကျသာရှိနေသည်။
ယင်းကြောင်း အဆိုပါမီးသွေးလောင်စာကို ဒုက္ခသည်စခန်းကူညီကယ်ဆယ်ရေးလုပ်သူများက အများဆုံးဝယ်ယူကြပြီး ထင်းမီးသွေးထက် ၂ ဆ ကျော်ခန့်လျော့ကျသော ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း ရွှေပြည့်ဖြိုး လုပ်ငန်းတည် ထောင်သူ ကိုကျော်သန်းဝင်းကပြောသည်။
” တစ်နှစ်ကို မီးသွေးပိဿာချိန် ၂၄ သိန်း၊၂၅ သိန်းလောက် ထုတ်လုပ်ပြီးရောင်းချရတယ်။ ဝယ်တာကတော့ လျှပ်စစ်မီးမရတဲ့နယ်ဖက်တွေ ပြီးတော့ ဒုက္ခသည်စခန်းတွေမှာ သုံးကြတယ်။ ဒုက္ခသည်ကူညီရေးအဖွဲ့တွေက ကျနော့်ဆီကဝယ်ကြတာပေါ့ ဟုပြောသည်။
ရခိုင်တွင် စပါးခွံကို မီးသွေးအဖြစ်ပြောင်းလဲထုတ်လုပ်သည့်မှာပြီးခဲ့သည့်၂၀၁၄ ခုနှစ်က စတင်ထုတ်လုပ်လာ ခြင်းဖြစ်ပြီး ၄င်နည်းပညာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရရှိလာခြင်းဖြစ်ကြောင်း ရွှေပြည့်ဖြိုး လုပ်ငန်းတည် ထောင်သူ ကိုကျော်သန်းဝင်းကပြောသည်။
စပါးခွံ ၁ ပိဿာကို ၅၀ ကျပ်ဖြင့်ဝယ်ယူပြီး စပါးခွံ ၁၀ ပိဿာတွင် မီးသွေး ၉ ပိဿာခန့်ရရှိကြောင်း ၃ ပေ မီးသွေး ချောင်းတစ်ခုထုတ်လုပ်ရန် ကြာချိန် ၃ မိနစ်ခန့်သာရှိကြောင်းနှင့် ယခုကဲ့သို့ထုတ်လုပ်မှုသည် သစ်တော ဧက ဆုံးရှုံးမှုကို သက်သာစေသည်ဟု၄င်းကဆိုသည်။
၎င်းမီးသွေးအားအသုံးပြုနေသည့် ကျောက်တော်မြို့ မဟာကန်ကြီးရှင်စစ်ရှောင်ဒုက္ခသည်စခန်းမှ ကိုသန်းထွန်းက ထင်းနှင့် ဆင်တူပြီး မီးတောက်အားကောင်းကြောင်း ပြောသည်။
“စခန်းမှာက ရတဲ့မီးသွေးအိပ်ကမလောက်တော့ ကျနော်တို့ထင်းနဲ့ရောပြီးသုံးတယ်။ သူကထင်းနဲ့သိပ်မကွာဘူးဗျ။ လူအနည်းစား ထမင်း၊ ဟင်း ချက်ရင် သုံးချောင်းလောက်တော့သုံးရတယ်။ မီးတောက်အားတော့ကောင်းတယ်” ဟုဆိုသည်။
ယင်းထုတ်လုပ်မှုမှာ သက်ရှိအုပ်စုများ ထိခိုက်မှုကို လျော့ကျနိုင်၍ တန်ဖိုးတစ်ခုဖြစ်ကြောင်း စစ်တွေခရိုင်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဦးစီးမှူး သန်းထက်အောင် က ပြောသည်။
” တစ်ချို့စက်ရုံတွေက စပါးခွံကို မြစ်ချောင်းထဲရေထဲ ပစ်ချလိုက်ကြ တယ်။ အဲလိုဆိုတော့ ရေထဲမှာရှိတဲ့ သက်ရှိတွေရော တစ်ခြားသက်ရှိအုပ်စုတွေကိုရော တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ထိခိုက်နိုင်တယ်။ ခုက လောင်စာအဖြစ် ပြောင်းထုတ်လိုက်တော့ ထိခိုက်မှုတွေလျော့သွားနိုင်တယ်။ တစ်ချို့ကျတော့ အရင်းမြစ်ကို စွမ်းအင်အဖြစ်ပြောင်းပြီးအသုံးမပြုတတ်ကြဘူး ပြောရမယ်ဆိုရင် နည်းပညာပိုင်း အားနည်းတာပေါ့။ ခုလိုမျိုး သုံးတတ်ရင်တော့ လိုအပ်တဲ့ စွမ်းအင်တွေရယူနိုင်တယ်လေ။ ဒီတော့အမှိုက်လို့ထင် ထားတာတွေက အမှိုက်မဟုတ်ဘဲ တန်ဖိုးတစ်ခုဖြစ်သွားတာပေါ့” ဟုပြောသည်။
စပါးခွံမှ မီးသွေး လောင်စာအဖြစ်ပြောင်းလဲထုတ်လုပ်မှုတွင် စပါးခွံအများဆုံးရရှိနိုင်သည့် နေရာဒေသတို့၌ အစိုးရဖက်မှ လုပ်ငန်းအခြေချရန် နေရာတစ်ခုပေးနိုင်လျှင် သစ်တော ဧကဆုံးရှုံးမှုများကိုလည်း ထိန်းနိုင်မည် ဖြစ်ကြောင်း မီးသွေးလောင်စာထုတ်သည့် ကုမ္ပဏီမှပြောသည်။
Western News- WN

About The Author

greenness_mm

No Comments

Leave a Reply