ရန်ကုန်မြို့အနီးနားက ပန်းတစ်ပွင့်တောင်

ရန်ကုန်မြို့အနီးနားက ပန်းတစ်ပွင့်တောင်

🏞️ရန်ကုန်မြို့အနီးမှာလည်း တောင်တက်လို့ရပါတယ် အမြင့်ကြီး တော့ မဟုတ် ဘူးပေါ့ ဒါပေမဲ့လည်း ခရီး အဝေးလဲ မသွားနိုင် တောင်တက်ပြီး ခဏတာ စိတ်အပန်းဖြေချင်သူတွေ စိမ်းစိုနေတဲ့ သဘာဝပတ်ဝန်းကျင် မြင်ကွင်းတွေနဲ့အတူ လှပနဲ့ ကောင်းကင် ကြီးကို ခံစားချင်သူတွေအတွက်တော့ သွားလို့ အဆင်ပြေတဲ့တေနေရာလေးပါ။
🏞️ပန်းတစ်ပွင့်တောင်
ပန်းတစ်ပွင့်တောင်ဘုရားကိုဖူး​မျှော်ပြီးသူတိုင်းဟာတဒင်ဂစိတ်အေးချမ်းမှုတွေကိုခံစားရပြီး
ရင်ပြင်ပေါ်ကနေလှမ်းမျှော်ကြည့်ရင်မြင်ရတဲ့ရှုခင်းအလှအပတွေကြောင့် စိတ်အေးချမ်းမူရရှိစေမှာအမှန်ပါ လေကောင်လေသန့်လေတွေရှူရှိုက်ရင်းတောင်တန်းအလှအပများစွာကိုကြည့်ရူခံစားရင်းနဲ့အမောပြေစေမှာပါ။
🏞️ပန်းတစ်ပွင့်တောင် တောင်ပေါ်ရောက်ပြီဆိုတာနဲ့ ရှမ်းပြည်ရောက်သလိုမျိုးခံစားရတဲ့ ခံစားချက်လေးကဘာနဲ့မှလဲလို့မရတဲ့ခံစားမူမျိုးရမှာအသေချာပါ။
🏞️တောင်ပေါ်ဘုရားမှာအေးအေးဆေးဆေး လေငြင်းခံစားကြမယ်
💦အခုလိုမိုးရာသီဆို အရင်ကထက်ပိုပြီစိမ်းလန်းစိုပြေတယ် တောင်တန်းကြီးအလှအပကိုတဝကြီးခံစားကြမယ်
👉🏞️ပန်းတစ်ပွင့်တောင်ကျောင်းတိုက် (မှော်ဘီမြို့နယ်)
လေထီး၁၆ မှတ်တိုင် ရောက်ရင် ညာဘက်ချိုး၍ 30 မိနစ်လောက်သွားရပါမယ် လမ်းနှစ်ခွတွေ့လျှင် ဘယ်ဘက်အတိုင်းသွားပါ။
နောက် ၁၅ မိနစ်ခန့်သွားလျှင် လမ်းခွဲ ထပ်တွေ့ပါမယ်။ ညာဘက်သွားရပါမယ်။ ဘယ်ဘက် ကသွားရင် ဖူးဂျီဆည် ရောက်ပါမယ်။
🚞YBSလမ်းညွှန်
ရောက်ရှိမည့်ကားရန်ကုန်မြို့တွင်းကနေဆိုရင် (၁၀၅)ကား စသည့်မှောဘီဘက်သွားတဲ့ကားတော်တော်များများရောက်ပါတယ်။လေထီး၁၆မှတ်တိုင်တွင်ဆင်းပါ။
🛵ကားမှတ်တိုင်ရောက်ပြီဆိုတာနဲ့အဲကနေတစ်ဆင့်ပန်းတစ်ပွင့်တောင်ကို ဆိုင်ကယ်ကယ်ရီဖြင့် ဆက်သွားရမှာပါ။
#Popular Paoh Stars

About The Author

greenness_mm

No Comments

Leave a Reply