ရယ်ဒီမိတ် တစ်ခါသောက် ရေသန့်ဘူးတွေကို မသောက်သင့်တော့တဲ့ အကြောင်းရင်းများ

ရယ်ဒီမိတ် တစ်ခါသောက် ရေသန့်ဘူးတွေကို မသောက်သင့်တော့တဲ့ အကြောင်းရင်းများ

ယနေ့ခေတ်ကမ္ဘာမှာ ရေချိုရရှိမှုက ရှားပါးနေပေမယ့် ပလတ်စတစ်ရေသန့်ဘူးတွေကို ပေါပေါများများ ထုတ်လုပ်သုံးစွဲနေကြဆဲပါ။ကမ္ဘာကြီးနဲ့ သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့ရာ ရယ်ဒီ မိတ် ရေသန့်ဘူးတွေကို ဘယ်တော့မှ မသောက်သင့်တော့တဲ့ အကြောင်းရင်းကလည်း ခိုင်ခိုင်မာမာ ရှိနေပါတယ်။အောက်ပါ အကြောင်းရင်းတွေကို ဆက်လက်ကြည့်ကြပါစို့။

(၁) ပလတ်စတစ်ရေဘူးတွေကို ပြန်လည် အသုံးပြုမယ်ဆိုရင်တောင်မှ ကမ္ဘာကြီးကို ညစ်ညမ်း စေတယ်

ပလတ်စတစ်ရေသန့်ဘူးတွေကို ထုတ်လုပ်ဖို့အတွက် ရေနံနဲ့ အထွေထွေ ကုန်ကျ စရိတ်တွေက များပြား လွန်းလှပါတယ်။ဒါ့အပြင် အရင်းအမြစ် ထုတ်ယူသုံးစွဲမှုကလည်း အများကြီး လိုအပ်ပါတယ်။ထုတ်လုပ်မှု၊ ကမ္ဘာကြီးတဝိုက်သယ်ယူပို့ဆောင်ပေးမှုတွေအတွက် ကာဗွန်ခြေရာ များပြားနေတယ်လို့ ဆိုရပါလိမ့်မယ်။ပလတ်စတစ်ဘူးထဲက ရေကို အချိန်ခဏပဲ သောက်သုံး မိပေမယ့် နှစ်ပေါင်း ၁၀၀ ကျော်တိုင် ကျန်ရှိနေတာလည်း အဆိုပါ ပလတ်စတစ် ရေသန့်ဘူးတွေပဲ ဖြစ်ပါတယ်။ဓာတုဗေဒအရ ပြိုကွဲမှု အားနည်းတာကြောင့်ပါ။အသုံးပြုပြီး ပလတ်စတစ်ဘူးတွေကို အမှိုက်ပုံမှာ သေချာ မစွန့်ပစ်ဘူး ဆိုပါက မြေကြီးထဲမှာ အဆိပ်တွေ စွမ့်ပစ်သလို ဖြစ်နေမှာ ဧကန်ဖြစ်ပါတော့တယ်။

(၂)ရေသန့်ဘူးထဲက ရေတွေရဲ့ သန့်ရှင်းမှု

ရေသန့်ဘူးအခွံက တံဆိပ်တွေ၊ နာမည်တွေက စမ်းချောင်းနဲ့ တောင်တန်းတွေ၊ ရေအိုင်တွေ ဖြစ်နေပေမယ့် အထဲက ရေကတော့ သန့်ရှင်းစင်ကြယ်ချင်မှ စင်ကြယ်ပါလိမ့်မယ်။NRDC လို့ ခေါ်တဲ့ သဘာဝ အရင်းအမြစ် တားဆီးကာကွယ်ရေး ကောင်စီရဲ့ ထုတ်ပြန်ချက်အဆိုအရ ရေတွေရဲ့ ၂၅%ကို ရေပိုက်ကနေ အရင်းအမြစ်ရယူပြီးမှ ရောင်ခြည်ခံ အဆင့်ဆင့် ဖြတ်သန်းစေပြီး ရောင်းချကြတယ်လို့ သိရပါတယ်။ဒါ့အပြင် မှို၊ ထွိုင်ဟမိုမီးသိန်းနဲ့ အာဆင်းနှစ်တွေကို ရေဘူးထဲမှာ အချိန်ကြာတိုင် တွေ့ရတယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ရေသန့်ဆိုပြီး ကြည်လင်မှုကို ကြည့်နေလို့ပဲ မရတော့ပါဘူး။ပါဝင်နေတဲ့ မျက်လုံးနဲ့ မမြင်နိုင်သော ဓာတု အန္တရာယ်ကိုပါ သတိထားရတော့မှာ ဖြစ်ပါတယ်။

(၃)ဓာတုပစ္စည်းအဖြစ် အသွင်ပြောင်း ပလတ်စတစ်

အဆင်သင့် သောက်သုံးရေသန့် ကုမ္ပဏီတွေက BPA ကင်းစင်တဲ့ ပလတ်စတစ်တွေကို အသုံးပြုနေတယ် ဆိုပေမယ့် ရေမှာ ပါဝင်နေတဲ့ ဓာတုဓာတ်တွေသာမက ပလတ်စတစ်ဘူးရဲ့ ဓာတုဓာတ်တွေကလည်း ရေထဲမှာ စီးမျောပျော်ဝက်နိုင်ပါသေးတယ်။ မတော်တဆ ရေပူထည့် လိုက်တဲ့အခါ၊ ရေနွေးထိမိတဲ့အခါတွေမှာ ပလတ်စတစ်ဘူးရဲ့ ဆိုးကျိုးတွေဟာ ရေထဲမှာ ပျော်ဝင် ပြီးသား ဖြစ်နိုင်သလို ဒီတိုင်းထားရှိမယ်ဆိုရင်တောင်မှ ပလတ်စတစ်ရဲ့ ဓာတ်တွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့်လည်း ရေသန့်ဘူးတွေမှာ အချိန်လွန်ထုတ်ကုန် သတ်မှတ်ရက် ထားရှိရခြင်း ဖြစ်ပါတယ်။

ဓာတု ပစ္စည်းတွေရဲ့ ဆိုးကျိုးကတော့ အားလုံး သိတဲ့အတိုင်း ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေကို ပြောင်းလဲ စေနိုင်ရုံသာမက လုပ်ဆောင်မှုတွေကိုပါ အနှောင့်အယှက်ပေး အန္တရာယ်ပြုနိုင်တာလည်း ဖြစ်ပါတယ်။

စာရေးသူ အကြံပြုချင်တဲ့ ဖြေရှင်းနည်းကတော့ ပလတ်စတစ် ရေသန့်ဘူးတွေအစား ကိုယ်ပိုင်ရေသန့်ဘူးဝယ်ထားပြီး သန့်စင်ပြီးသားရေကို ဖြည့်သုံးဖို့ပါပဲ။ နေရာတိုင်းမှာ ဖြည့်သုံး နိုင်မယ့် ရေအရင်းအမြစ်တွေ ထားရှိပေးခြင်းကလည်း လူတိုင်း ပလတ်စတစ်ရေဘူးကို မရှိအဖြစ် သုံးစွဲနေရတဲ့ အဖြစ်ကနေ ကင်းဝေးအောင် ကူညီပေးလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Photo : Internet

About The Author

greenness_mm

No Comments

Leave a Reply