ရဝမ်ဒါလို နိုင်ငံမျိုးတောင် အစိမ်းရောင်တော်လှန်ရေးကို စနေပြီ

ရဝမ်ဒါလို နိုင်ငံမျိုးတောင် အစိမ်းရောင်တော်လှန်ရေးကို စနေပြီ

ရဝမ်ဒါရဲ့ ပြည်သူ့ သယ်ယူပို့ဆောင်ရေးရဲ့ ၆၀ ရာခိုင်နှုန်းလောက်က မော်တော်ဆိုင်ကယ်များကို မှီခိုနေရတာပါ။
အရှေ့-အာဖရိက နိုင်ငံဖြစ်တဲ့ ရဝမ်ဒါက အာဖရိကတိုက်ကို ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိအောင် ကြိုးပမ်းမှုတစ်ရပ်ကို စပြီးလုပ်နေပါတယ်။ အဲ့ဒိအသွင်ကူးပြောင်းမှုအတွက် Rwandan startup Ampersand ကုမ္ပဏီ က ငွေကုန်ကြေးကျခံပြီး လုပ်နေတာပါ ။ ကုမ္ပဏီသည် Kigali တွင် လျှပ်စစ်မော်တော်ဆိုင်ကယ် အစီးရေ ၆သိန်း ဖြန့်ချီရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲ့ဒိမြို့အပြင် နိုင်ရိုဘီ၊ ကင်ညာနှင့် ကမ်ပါလာ၊ ယူဂန်ဒါတို့ကိုလည်း နောက်ပိုင်းမှာ ဆက်ပို့သွားဦးမယ်လို့ လည်း ပြောပါတယ်။
“လမ်းပေါ်မှာ ဓာတ်ဆီဆိုင်ကယ်တွေ သန်းချီရှိနေပြီ၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က နှစ်အနည်းငယ်အတွင်းမှာ လမ်းမပေါ်မှာ လျှပ်စစ်စက်ဘီးတွေပဲ ရှိတော့မှာ သေချာစေဖို့အတွက်ပါ ။ အဲ့ဒိလိုဖြစ်ဖို့အတွက် ကျနော်တို့ အများကြီး ရင်နှီးမြုပ်နှံထားဖို့အတွက်လည်း ပြင်ဆင်ထားပါတယ်။ အားသွင်းတဲ့နေရာတွေ ၊ ဘတ်ထရီပိုင်းဆိုင်ရာ အာမခံချက်တွေ ။ ဆော့ဝဲလ်ပိုင်းဆိုင်ရာ အားမခံမှုတွေနဲ့ ကျနော်တို့ရဲ့ ထုတ်ကုန်က ကျနော်တို့ရဲ့ ကိုယ့်ကျင့်တရား ဆိုတာကို လူတိုင်းသိမြင်ဖို့အတွက် ကြိုးစားနေပါတယ်” လို့ Alice Rwema က ပြောကြားခဲ့ပါတယ် ။
“ကျနော်တို့ရဲ့ လျှပ်စစ်ဆိုင်ကယ်တစ်စီးက တစ်နှစ်ကို ဖန်လုံအိမ်ဓာတ်ငွေ့ ၂.၅ တန် ကယ်ဆယ်ပေးနိုင်မှာပါ ။ အာဖရိကတစ်ဝှမ်းအတွက် လောလောဆယ် စီစဉ်ထားတဲ့ ဆိုင်ကယ် ၅ သန်းလောက်က တစ်နှစ်ကို ဖန်လုံအိမ်ဓာတ်ငွေ့ တန်ချိန် ၁၂ သန်းကို ကယ်တင်နိုင်မှာပါ” လို့ ၎င်းက ဆိုပါတယ်။
Felix Nishimiye သည် startup ၏လျှပ်စစ်ဆိုင်ကယ်တစ်စီးပိုင်ဆိုင်သည်။ ပိုက်ဆံချမ်းသာသွားပြီလို့ သူကပြောပါတယ်။ “ကျွန်တော် Ampersand မှ လျှပ်စစ်မော်တော်ဆိုင်ကယ်ကို သုံးနေတာ ၃ နှစ်နီးပါးရှိပါပြီ” လို့ ၎င်းက ပြောပါတယ်။ “လျှပ်စစ်အားသွင်းတာက ဓာတ်ဆီ ဒါမှမဟုတ် လောင်စာဆီဝယ်တာထက် ပိုစျေးသက်သာတာကြောင့် အဲဒါတွေအတွက် ပိုက်ဆံနည်းနည်းပဲသုံးရပါတယ်။ ဥပမာပြောရရင် ၈၀ ကီလိုမီတာ ခရီးအတွက်က ဓာတ်ဆီဆိုရင် အမေရိကန်ဒေါ်လာ ၄ ဒေါ်လာသုံးရပါတယ် ။ အားသွင်းပြီးသုံးတာက ၁ဒေါ်လာခွဲပဲကုန်ပါတယ်” လို့ ဆိုပါတယ်။ လေးနှစ်ကြာ မှတ်တမ်းတစ်ခုအရ ကုမ္ပဏီ၏မော်တော် ဆိုင်ကယ်များသည် ရဝမ်ဒါတွင် ကီလိုမီတာ သန်းပေါင်း ၁၈၀ မှ ထုတ်လွှတ်တဲ့ ကာဗွန် တန်ချိန် ၈၀၀၀ ကို ရှောင်ရှားနိုင်ခဲ့ပါတယ်။
မောင်ယဿ
REF: Africa News

About The Author

greenness_mm

No Comments

Leave a Reply