ရာသီဥတု​ပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂမှုဘောင်ညီလာခံ အမှုဆောင်အတွင်းရေးမှူးနှင့်တွေ့ဆုံခြင်း

ရာသီဥတု​ပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂမှုဘောင်ညီလာခံ အမှုဆောင်အတွင်းရေးမှူးနှင့်တွေ့ဆုံခြင်း

 

ဩစတြေးယား၊ ဂျာမနီ ၊ ဆလိုဗေးနီးယားနဲ့ ဆလိုဗက်ကီးနီးယား နိုင်ငံဆိုင်ရာ မက္ကဆီကို သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတဖီလစ်ပီကယ်ဒါ ရွန်ရဲ့ ဝန်ကြီးများအဖွဲ့မှ နိုင် ငံခြားဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စစ်ပက်ထရိရှာအက်စပင်နိုဆာကန်တယ်လာနိုကို ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်းက ၂၀၁၆ မေလမှာ ရာသီဥတုပြောင်းလဲခြင်းဆိုင် ရာ ကုလသမဂ္ဂမှုဘောင်ညီလာခံ UNFCC ရဲ့အမှုဆောင် အတွင်းရေးမှူးရာထူးခန့် အပ်ခဲ့ပါ တယ်။သူဟာကမ္ဘာကြီးပူနွေး လာမှု ကိုတိုက် ဖျက်ရာမှာ အမြော် အမြင် ကြီးတဲ့ ပါရီသဘောတူညီမှုကို အကောင်အထည်ဖော်ဖို့ အကြီးမားဆုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။သူရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေနဲ့ ပတ်သတ်လို့ ယူရိုနယူးစ်သတင်းဌာနက တွေ့ဆုံမေးမြန်း ထားပါတယ်။

​မေး ။ ။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရတာဟာ အချိန်လုပြီးလုပ်ရတဲ့အလုပ်လား။

ဖြေ ။ ။ အဲ့ဒါကအရေးတကြီးအရေးယူဆောင်ရွက်ဖို့ လိုအပ်နေတဲ့ ရုန်းကန်​နေရမယ့် ကိစ္စတစ်ခုလို့ ကျွန်မပြော ချင်ပါတယ်။ အဲ့ဒါဟာချက်ချင်းရလဒ်တွေထွက်ပေါ်လာတာ မြင်ရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။
လက်ရှိရည်မှန်းချက်ဟာကမ္ဘာကြီးပူနွေး လာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေလုပ်မှုတွေကို တည်ငြိမ်အောင်ထိန်းချုပ်နိုင်မယ့် အခုရာစုနှစ်ရဲ့ ဒုတိယထက်ဝက်အတွက်ဖြစ်တယ်လို့ မှတ်ယူလို့ရှိရင် ရေရှည်လုပ်ငန်းစဉ်တစ်ခုအကြောင်းပြောနေတယ်ဆိုတာ နားလည်ရပါမယ် ။ ဒါပေမယ့်လည်း ကျွန်မတို့အရေးတကြီးအရေးယူဆောင်ရွက်မှုမရှိဘူးဆို ရင် အဲ့ဒီပြောင်းလဲမှုတွေကို ကျွန်မတို့မြင်တွေ့ရမှာမဟုတ်ပါဘူး ။

မေး ။ ။ တကယ်ပဲရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ဖို့တစ်ကမ္ဘာလုံး သဘောတူညီဖို့ နှစ်၂၀ နီးပါးကြာခဲ့ပါတယ် ။အဲ့ဒီသဘောတူညီမှုဟာ မာရာကက်ရှ်မြို့မှာကျင်း ပမယ့်လာမယ့် ရာသီဥတုညီလာခံမှာ တစ်နှစ်မပြည့်ခင် အသက်ဝင်လာပါမယ် ။ အဲ့ဒါဟာ ရာသီဥတုပြောင်းလဲမှုတွေကို တိုက်ဖျက်ဖို့အတွက်မှုဝါ ဒတွေကို လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ပြုထားတဲ့ ကျိုတို သဘောတူညီမှုလိုမဟုတ်ပဲ ပြည့်စုံတဲ့ သဘောတူညီမှု တစ်ရပ်ပဲဖြစ်ပါတယ် ။ နှစ်ဖက်သွား ဓားတစ်ချောင်းလို့ပြောလို့ ရမလား ။ ဆိုလိုတာကပါရီသဘောတူညီမှုမှာ သတ်မှတ်ထာားတဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ၂ ဒီဂရီအောက်မှာ ထိန်းသိမ်းထားဖို့အတွက် နိုင်ငံတွေက သူတို့ရဲ့ ဦးတည်ချက်တွေ ပြည့်မီအောင် အချိန်မှီဘယ်လိုလုပ်မလဲ။

ဖြေ ။ ။ ပါရီသဘေတူညီမှုဟာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးက ရာသီဥတုပြောင်းလဲမှု ကိုတိုက်ဖျက်ရာမှာ တာဝန်ရှိမှုကို လက်ခံကြတယ်ဆိုတဲ့ ဘုံအခြေခံချက်ပေါ်မှာ တည်ဆောက်ထားတာပါ ။ တစ်ချိန်ထည်းမှာပဲ ပါရီသဘောတူညီမှုဟာ နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်မှုတွေကို တိုးမြှင့်နိုင်တယ် ။ ဒါပေမယ့် လျော့ချလို့တော့ မဖြစ်နိုင်ဘူးလို့ သတ်မှတ်တောင်းဆိုထားပါတယ်။

​မေး။ ။ ဒါပေမယ့်သူတို့မလျော့ချရင် ဒါမမဟုတ် ရည်မှန်းချက်တွေ မပြည့်မှီ ရင်ပြစ်ဒဏ်ပေးဖို့ မရှိဘူးဆိုတာ ဘာဖြစ်မလဲ။

ဖြေ။ ။ နိုင်ငံတကာယဉ်တွဲမှုနဲ့ဆိုင်တဲ့ အုပ်ချုပ်ရေးပဒေအများကြီးဟာ ကောင်းတဲ့ဆန္ဒအပေါ်မှာ အခြေခံထားတဲ့ ဥပဒေတွေပဲ ဖြစ်ပါတယ်  ပြီးတော့ နိုင်ငံတကာသဘာ၀ ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ဆိုတာ အစိုးရအဖွဲ့တွေရဲ့ ဘုံအကျိုးစီးပွားပဲ ဖြစ်ပါတယ်။ ပါရီသဘောတူညီမှုရဲ့ အင်အားဟာ ယေဘုယအားဖြင့် ပုဂ္ဂလိက ကုမ္ပဏီတွေ ၊ သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ အသိုင်းအဝိုင်း ကို အားဖြည့်လောင်စာပေးမယ့် ကြီးကျယ်တဲ့ စုရုံးမှုပဲဖြစ်ပါတယ်။ တခြားစကားနဲ့ပြောရရင် အစိုးရပဋိညာဉ်စာချုပ်၊ အခြေခံလူ့အခွင့်အရေးတွေ၊လိုက်လျောညီထွေအတူယဉ်တွဲနေထိုင် ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက တည်ဆောက်ထားတဲ့ အဲ့ဒီသတ်မှတ်ချက်တွေ အားလုံးဟာ စိတ်ဆန္ဒအပေါ်မှာ အခြေခံထားတာပါ။ ဒါပေမယ့် အဲ့ဒီဥပဒေ သတ်မှတ်ချက်တွေ လိုအပ်တယ်လို့ တစ်နိုင်ငံချင်းစီက ယုံကြည်ထားတဲ့ အပေါ်မှာလည်းပဲ မှုတည်နေပါတယ်။

မေး။ ။ဒီတော့ အဓိက လေထုညစ်ညမ်းစေတဲ့ နိုင်ငံတွေအကြောင်းပြောကြတာပေါ့။ အမေရိပွဲအပြီးမှာ ဥပဒေဆိုင်ရာလစ်ဟာမှုတစ်ခုလိုမျိုး ဖြစ်နေပါတယ်။ အထက်လွတ်တော်က ဆုံးဖြတ်ရဦးမယ်။ပြီးတော့ သမ္မတက အမေရိကန်ပြည်ထောင်စုဟာ သူရဲ့ ရည်မှန်းချက်တွေ ပြီးမြောက်အောင် လုပ်ဖို့ ပျက်ကွက်ခဲ့ရင် ပါရီသဘောတူညီမှုက သူတို့ထွက်ခွာဖို့တောင် ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ။

ဖြေ။ ။အမေရိကန်သား၁၀ ယောက်မှာ ခုနှစ်ယောက်က သူတို့နိုင်ငံရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ အရေးယူဆောင်ရွက်တာကို ပိုသဘောကျကြပါတယ်။ ပြီးတော့ အမေရိကန်ကုမ္ပဏီတွေ အများကြီးဟာ ပိုပြီးတော့ထိရောက်မှုရှိအောင် ရေရျည်ထိန်းသိမ်းနိုင် မှုကို အာမခံမယ့် လုပ်ရပ်တွေ အများကြီးလုပ်ထားကြပြီး ဖြစ်ပါတယ်။

မေး။ ။ ဟုတ်ပါတယ်။ဒါပေမမယ့်အဖြေက အစိုးရအပေါ်မှာ မှုတည်ပါတယ်။

ဖြေ။ ။ အစိုးရက သူ့ရဲ့နိုင်ငံသားတွေအတွက် တာဝန်ခံရတာမဟုတ်ဘူးလား။

မေး။ ။ အဲ့ဒီသဘောတူညီမှုကနေ နိုင်ငံတစ်နိုင်ငံ ထွက်သွားနိုင်ခြေကို စဉ်းစားထားပါသလား။

ဖြေ။ ။ ဒီဖြစ်နိုင်ခြေကတော့ ဘယ်အစိုးရအတွက်မဆို တကယ်ကယ်ပဲ အချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ အခွင့်အရေးပဲဖြစ်ပါတယ် ။ ဘယ်နိုင်ငံမဆို ထွက်ခွာနိုင်ပါတယ်။ ကျိုတိုသဘောတူညီမှုမှာ အဲ့လိုမျိုးဖြစ်ခဲ့တာပါ။ ကျွန်မတို့ မှတ်မိရင်ပေါ့ ။ ဒါပေမယ့် ကျွန်မမြင်တာက ဆန့်ကျင်ဘက်ကို ရွေ့လျားနေတာတစ်ခုထက် ပါရီသဘောတူညီမှုအပြင် ဒီနှစ်မှာ ဒီကိစ္စအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိမယ့် အဓိကကျတဲ့ သဘောတူညီမှု နှစ်ခုကိုကျွန်မတို့ လက်မှတ်ရေးထိုးခဲ့ကြတယ်။ တစ်ခုက လေကြောင်းပျံသန်းမှုနယ်ပယ်က ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု ကို လျော့ချဖို့အတွက် နိုင်ငံတကာအရပ်ဖက်လေကြောင်းပျံသန်းရေးအဖွဲ့ အစည်းနဲံ့ချုပ်ဆိုခဲ့တဲ့သဘောတူညီမှု ဖြစ်ပါတယ်။ နောက်တစ်ခုက မွန်ထရီယယ်ပဋိညာဉ်အရ ကမ္ဘာကြီးပူနွေးမှုဖြစ်စေတဲ့ HFC ဓာတ်ငွေ့ထုတ်လွှတ်တာကို လျှော့ချဖို့ သဘောတူညီမှုပဲဖြစ်ပါတယ်။

မေး။ ။ တရုတ်နိုင်ငံမှာရောဘယ်လိုလဲ။ ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်အများဆုံးထုတ်လွှတ်တဲ့ တရုတ်နိုင်ငံက သူ့ရဲ့ထုတ်လွှတ်မှုတွေကို စပြီးတော့မလျော့ချခင် ၂၀၃ဝာပြည့်နှစ်အထိ ထုတ်လွှတ်မှုတွေဆက်ရှိနေမယ်လို့ပြောထားပါတယ်။ တခြားနိုင်ငံတွေက ၂၀၂၀ အတွက်ရည်မှန်းချက်တွေထားရှိပြီးသားဖြစ်ပါတယ်။ အဲ့ဒီမှုဝါဒနှစ်ခုဟာ ပါရီသဘောတူညီမှုနဲ့ ဘယ်လိုသဟဇာတဖြစ်မလဲ။

ဖြေ။ ။ နိုင်ငံတွေကြားမှာမတူညီတဲ့ စစ်မှန်မှုတွေရှိတယ်ဆိုတာကို အဲဒီသဘောတူညီမှုကအသိအမှတ်ပြု ထားပါတယ် ။ သူ့ရဲ့လူဦးရေနဲ့အတူ တရုတ်နိုင်ငံဟာ သူတို့ရဲ့စီးပွားရေးဖွဲ့စည်းပုံနဲ့အတူ တကယ်လုပ်နိုင်တဲ့အရာ ကို ရှာဖွေရပါမယ်။ ဒီနေ့ခေတ်မှာ တရုတ်ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ် မှု မြင့်မားတဲ့စီးပွားရေးကနေ ကာဗွန်ထုတ်လုပ်မှုနည်းပါးတဲ့ စီးပွားရေးကိုပြောင်းလဲဖို့ အများကြီးကြိုး စားနေတဲ့အတွက် တရုတ်အစိုးရနဲ့ တရုတ်လူ့အသိုင်းအဝိုင်းပေါ်မှာ ကြီးကျယ်တဲ့နားလည်တန်ဖိုးထားမှု တစ်ခုရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ သူ့ရဲ့အသွင်အပြင်လက္ခဏာတွေ သူတို့ရဲ့ရည်မှန်း ချက်တွေဟာ အမြော်အမြင်ရှိပါတယ်။

မေး။ ။ပါရီသဘောတူညီမှုဟာ သံသယတွေခြုံလွှမ်းနေပြီး အထူးသဖြင့် ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို စွန့်လွှတ်ဖို့ သတ်မှတ်ရက်စွဲမထားရှိတဲ့အတွက် ဝေဖန်ခံဗနရပါတယ်။ ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲဖို့မပြောထားဘူး။ ဖွံ့ဖြိုးဆဲနိုငံ တွေကို ကူညီဖို့ ၂၀၂၀ မှာကာက်ခံရမယ့်ရန်ပုံငွေဒေါ်လာ ၁၀၀ည ဘီလီယံ စိုက်ထူဖို့ အစီအစဉ်မလုပ်ထားတဲ့အတွက် ဝေဖန်ခံနေရပါတယ်။ မရေမရာဖြစ်နေတဲ့ အဲ့ဒီမေးခွန်းတွေအာလုံးအတွက် မာရာကက်ရှ်မှာ ကျင်းပမယ့် ရာသီဥတုညီလာခံအသစ်ကအဖြေတွေပေးမှာလား။

ဖြေ။ ။မာရာကက်ရှ်ညီလာခံက အကောင်အထည်ဖော်ရေးလက်တွေ့ဆောင်ရွက်ရေးအပေါ် အာရုံစိုက်ပါလိမ့်မယ်။ ရန်ပုံငွေထူထောင်တာရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အခု အရမ်းအသေးစိတ်ကျတဲ့ချဉ်းကပ်မှုမျိုးကို ကျွန်မတို့တွေ့မြင်နေရပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ဆောင်ရွက်မှုအပိုင်းမှာ အရမ်းရှင်းလင်းတာကိုမြင်နေရပါတယ် ။ ကျွန်မတို့မာရာကက်ရှ် ညီလာခံမတိုင်မှီ တင်ကြိုဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်။ ရည်မှန်းချက်နဲ့အရမ်းနီးနေပြီဆိုတာ ကျွန်မတို့ တွေ့မြင်နေရပါတယ်။ ရှေးရိုးဆန်တဲ့ချဉ်းကပ်မှုနဲ့အတူ ၂၀၂၀ မှာကန်ဒေါ်လာ၉၄ ဘီလီယံရနိုင်မယ့် အနာဂါတ်ဖြစ်နိုင် ခြေကိုမြင်တွေ့နေရပြီး ဖြစ်တယ်လို့ခန့်မှန်းရပါတယ်။ ပါရီသဘောတူညီမှုက စွမ်းအင်အသစ်နဲ့ ပြည့်ဖြိုး မြဲစွမ်းအင်တွေမှာအဓိက ကဏ္ဍကို ထိန်းချုပ်ထား ပြီးကျောက်ဖြစ်ရုပ်ကြွင်း လောင်စာတွေအတွက် ကုန်ကျစရိတ်တွေအဆုံးသတ်ဖို့လိုအပ် တယ်ဆိုတာ ကာဗွန်ထုတ်လွှတ်မှုနည်းတဲ့ စီးပွားရေးသတ်မှတ်ထားပါတယ်။ ဘယ်စီးပွားရေးမှာမဆို စွမ်းအင်ကဏ္ဍရဲ့ အရေးပါပုံကိုဖော်ပြထားတာဟာ ပြန်ပြည့်မြဲရင်းမြစ်တွေဆီကျွန်မတို့ ပြောင်းလဲဖို့ စွမ်းအင်အတွက် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတွေကို စွန့်လွှတ်ရမယ်လို့ ဆိုလိုတာပါ။

မေး။ ။ ဒါဆို….ကျွန်မတို့မှာသက်ဆိုင်ရာနိုင်ငံတွေရဲ့ စိတ်ဆန္ဒကောင်းပေါ်အခြေခံတဲ့ ၊ကောင်းမွန်တဲ့၊ ရည်မှန်းချက်တွေပါတဲ့ ကြော်ညာချက်တစ်ရက်ရှိတာပေါ့။

ဖြေ။ ။ ဒါပေမယ့် သဘောတူညီမှုတစ်ခုရှိပါတယ်။ ပါရီသဘောတူညီမှုဟာ တရားဥပဒေအရ ထိန်းချုပ်မှုရှိတယ်ဆိုတာ ကျွန်မအလေးထားပြောကြားလိုပါတယ်။ အဲဒါဟာ နိုင်ငံတွေအတွက မဖြစfမနေလုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ တကယ်ပဲ အဲဒီသဘောတူညီမှုအကောင်အထည်ဖော်တာကို အတိအကျစောင့်ကြည့်ဖို့တရားရုံးမရှိပါဘူး ။ ကျွန်မတို့အားလုံးမှာတာဝန်ကိုယ် စီရှိပါတယ် ။ နိုင်ငံအားလုံးကတိုးတက်မှု အခြေအနေကို အချင်းချင်းစောင့်ကြည့်သွားမယ်။ ဒါပေမယ့် ဒါဟာတရား ဥပဒေအရ ထိ
န်းချုပ်မှုရှိတဲ့မှုဘောင်တစ်ခုပဲ ဖြစ်တယ်လို့ ကျွန်မအခိုင်အမာပြောလိုပါတယ်။

(စိမ်းလန်းကမ္ဘာအဖြေရှာစာအုပ်မှကူးယူဖော်ပြပါသည်)

#greenness

About The Author

greenness_mm

No Comments

Leave a Reply