ရာသီဥတုဖေါက်ပြန်မှုကြောင့် မင်းတုန်းမြို့နယ်အတွင်း စိုက်ခင်များ ထောင်နဲ့ချီပျက်ဆီးဆုံးရှုံး

ရာသီဥတုဖေါက်ပြန်မှုကြောင့် မင်းတုန်းမြို့နယ်အတွင်း စိုက်ခင်များ ထောင်နဲ့ချီပျက်ဆီးဆုံးရှုံး

မင်းတုန်း၊ သြဂုတ် ၈၊ ၂၀၂၁။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှာသြဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းက ရေနစ်မှုကြောင့် နှမ်းစိုက်ခင်းဧက ၅ ထောင်နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြေပြင်စာရင်းကောက်ယူမှုတွေအရ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ချောင်းရေ တောင်ကျရေတို့ ပေါင်းစုံကာ ရေကြီးနစ်မြုပ်ခဲ့ပြီး၊ ကျေးရွာပေါင်း ၅၅ ရွာရေဝင်ကာ ယာယီရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ရေကြီးတော့မယ်ထင်လို့ ကြိုတင်သိမ်းဆည်း ရေလွှတ်ရာမှာထားတယ်။ ဒါပေမဲ့တကယ်တမ်းရေဝင်လာတော့ လူလွတ်ပြေးရတာ နှမ်းခင်းကတော့ဆုံးပေါ့ ပိုးကျလို့ဆေးဖျန်းတာက ၂ ရက်ဘဲ ရှိသေးတယ်။ ဒီလိုမှန်းသိမဖျန်းပါဘူး” လို့ မဲဇလီကျေးရွာက တောင်သူ ကိုဇင်မျိုးကပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် မိုးစပါး၂၀၀ ဧက၊ နှမ်း ၄၀၁၀ ဧက၊
မိုးမြေပဲ ၅၀၀ ဧက၊ ဖူးစားပြောင်း ၁၄၀ ဧကနဲ့ ဟင်းသီး ဟင်းရွက် ၂၀၀ ဧကတို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။
မင်းတုန်းမြို့နယ်ဟာ တောတောင်လျှိုမြောင် ချိုင်းဝှမ်းများပြားပြီး၊ မိုးဦးကျမုတ်သုံဝင်ချိန် ဒါမှမဟုတ် မုန်တိုင်းရှိချိန်တွေမှာ ချောင်းရေလျှံရေကြီးတတ်တယ်လို့ဒေသခံတွေကပြောပါတယ်။

About The Author

greenness_mm

No Comments

Leave a Reply