ရာသီဥတုဖောက်ပြန်တော့ တိရိစ္ဆာန်တွေလည်း ကြောင်တောင်တောင်ဖြစ်ကုန်ပြီ

ရာသီဥတုဖောက်ပြန်တော့ တိရိစ္ဆာန်တွေလည်း ကြောင်တောင်တောင်ဖြစ်ကုန်ပြီ

                အီဂျစ်နိုင်ငံမှာကျင်းပခဲ့တဲ့ ကုသမဂ္ဂ ဦးစီးတဲ့ ကမ္ဘာရာသီဥတုညီလာခံ COP27 မှာ ယူဂန်ဒါနိုင်ငံက တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး လုပ်ငန်း များအဖွဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ နာဘွာမီက သူမရဲ့အလှည့် ဆွေးနွေးပွဲမှာ ရာသီဥတုဖောက်ပြန်လို့ တိရိစ္ဆာန်တွေတောင် ကြောင်တောင်တောင် ဖြစ်ကုန်ပြီလို့ ပြောသွားပါတယ် ။
ကျမတို့လို နိုင်ငံတွေက လယ်သမားတွေက ရာသီဥတုနဲ့ ပတ်သက်လာရင် တိရိစ္ဆာန်တွေရဲ့ အပြုအမှုကို ကြည့်ပြီး လယ်ယာလုပ်ခွင်မှာ ပြင်ဆင်သင့်တဲ့ အလုပ်တွေကို လုပ်ကြရတာပါ။ ဥပမာပြောရရင် ပုရွက်ဆိတ်တွေရဲ့ လမ်းကြောင်း ဘယ်ဖက်ကို ဦးတည်နေသလဲ ။ မနက်စောစောမှာ လင်နို့တွေ ဘယ်လိုအသံပေးသလဲ ။ ပင်ကူတို့လို့ အစားအစာစုတတ်တဲ့ အကောင်တွေက အစာဘယ်လောက်စုနေလဲ ။ လေတိုက်တဲ့ လမ်းကြောင်းက ဘယ်လို ရှိသလဲ ။ စတဲ့အချက်တွေကို စုစည်းပြီးမှာ လယ်လုပ်ငန်းခွင် ကို စတင်ရတာပါ။ ဒါပေမဲ့ အခုက ရာသီဥတုဖောက်ပြန်နေတော့ သူတို့ ရဲ့ အပြုအမှုတွေကို မှန်းဆရ ခက် လာပါတယ်။ သူတို့ ကိုယ်တိုင်တောင် ဘာတွေလုပ်လို့ ဘာတွေ လုပ်မှန်း မသိဖြစ်နေတာ့ သူတို့ကိုခန့်မှန်းပြီး အလုပ်လုပ်ရတဲ့ကျမတို့လည်း ကြောင်တောင်တောင် ဖြစ်ကုန်တာပေါ့ လို့ ဆိုပါတယ် ။
                သူမက ယူဂန်ဒါနိုင်ငံမှာ တစ်ပိုင်တစ်နိုင် စီးပွားဖြစ်သီနှံတွေတွေကို စိုက်ပျိုးနေတဲ့သူဖြစ်ပါတယ် ။ သူမအဓိက စိုက်ပျိုးတဲ့သီးနှံတွေကတော့ ကော်ဖီ ၊ ငှက်ပျော နဲ့ ပြောင်း တို့ပဲဖြစ်ပါတယ် ။ ကျွန်မတို့ယဉ်ကျေးမှုမှာ ကြိုတင် သတိပေးစနစ်တွေရှိတယ်။ မိုးရွာရင် ငါတို့ကိုပြမယ့် [သဘာဝလက္ခဏာတွေ] ရှိတယ်။ လို့ ဆိုပါတယ်။ အခုဆိုရင် ရာသီဥတုဖောက်ပြန်မှုတွေနဲ့ [သစ်တောတွေ] ပျက်စီးမှုတွေကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေအားလုံး အနှောင့်အယှက်တွေ ခံနေရတယ်။
ကျမသဘောကျတာက ဒီလို ကမ္ဘာ့နိုင်ငံ့အကြီးအကဲတွေက ဒီလိုကြီးဖြစ်နေတာကို ပြောင်းလဲလိုတဲ့ ဆန္ဒရှိနေတာကို ဆွေးနွေးတိုင်ပင်နေတာကိုကျေနပ်ပါတယ် ။ ဘဏ္ဍာရေးက အလိုလိုရောက်လာပါလိမ့်မယ်။လယ်ယာလုပ်ငန်းတွေ ခက်ခဲလာတာကို တင်ပြနိုင်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ။ ကမ္ဘာနိုင်ငံ ခေါင်းဆောင်တွေ အဲ့ဒါတွေကိုမြင်တွေ့ပြီး အပြောင်းအလဲတစ်ခုခုကိုဖန်တီးပေနိုင်မယ်လို့ လည်း မျှော်လင့်ရပါတယ် လို့ ဆိုသွားပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply