ရာသီဥတုဖောက်ပြန်မှုကိုကာကွယ်ဖို့ မျှော်လင့်ချက်မဲ့နေပြီလား (၂)

ရာသီဥတုဖောက်ပြန်မှုကိုကာကွယ်ဖို့ မျှော်လင့်ချက်မဲ့နေပြီလား (၂)

(၃ ) ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ရာသီဥတု ဖောက်ပြန်မှုက ဖိအားတစ်ရပ်ဖြစ်ပေါ်နေ
ပါရီသဘောတူညီချက် မတိုင်မီက ရာသီဥတုပြောင်းလဲမှုသည် ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများ ကြားတွင် အရေးပါသောအကြောင်းအရာတစ်ခုမဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့ ယခုအခါတွင်တော့ အဲ့ဒါက ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပါပြီ ။
ယခုအခါ ကော်ပိုရေးရှင်းများစွာသည် ၎င်းတို့၏ ရာသီဥတုဆိုင်ရာ အကျိုးသက်ရောက်မှုများကို အစီရင်ခံတင်ပြရကြပြီး၊ အချို့မှာမူ ထိုသို့လုပ်ဆောင်ရန် တရားဝင်ပင် တာဝန်ရှိလာနေပြီဖြစ်ပါတယ် ။ စီးပွာရေးလုပ်ငန်းတွေက ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်တဲ့ အစီအမံတွေ မလုပ်ဘူး ဆိုရင် လူကြိုက်နည်းလာပါတယ်။ အစိမ်းရောင်စီးပွားရေးဖြစ်ဖို့အတွက် ဆန်းသစ် တီထွင်မှုတွေက သမားရိုးကျ စီးပွားရေးလုပ်ငန်းတွေ ထက်ပိုးပြီး လူကြိုက်များလာတာကို တွေ့လာရပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများ အတွက်ဆိုရင် ရာသီဥတုဆိုင်ရာ အစီအမံတွေက အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်နေပါတယ် ။
ရေရှည်တည်တံ့သော ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ များကို အကောင်အထည်ဖော်ရန် ကိစ္စတွေကို နောက်ပိုင်း မှာ အကဲဖြတ်မှုပိုများလာနေပါတယ် ။
နိုင်ငံသားများနှင့် အစိုးရများသည် အစိမ်းရောင်ဆေးကြောရေး လှုပ်ရှားမှုများကို ပိုမိုနားလည်လာသည်နှင့်အမျှ ကော်ပိုရေးရှင်းများ အနေနဲ့ အများပြည်သူကို လှည့်စားရန် ပိုမိုခက်ခက်လာတာကို တွေ့မြင်လာရပါတယ်။ သူတို့အတွက် ရာသီဥတုဆိုင်ရာ တရားစီရင်မှုက ကြီးထွားလာနိုင်တဲ့ အန္တရာယ်တစ်ခုဖြစ်နေပါတယ် ။
( ၄ ) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မျာက ရုပ်ကြွင်းလောင်စာများထက် စျေးသက်သာလာစရာရှိနေပါတယ်
ယခင်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များရဲ့ ကုန်ကျစရိတ်က ရုပ်ကြွင်းလောင်စာ များနဲ့ နှိုင်းယှဉ်ကြည့်ပါက ပိုများနေတာမှန်ပေမဲ့ ဒီနှစ်ပိုင်းတွေမှာတော့ အပြောင်းအလဲ ရှိလာပါပြီ ။ လျှပ်စစ် ဓာတ်အား ထုတ်ယူတဲ့ စနစ်များက လေ၊ နေရောင်ခြည်နှင့် ရေအားလျှပ်စစ်များပါ၀င်ပြီ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော မော်ဒယ်များသို့ ပြောင်းလဲနေပါတယ်။
IPCC ၏ အဆိုအရ ဆိုလာ၊ ကုန်းတွင်းနှင့် ကမ်းလွန်လေအား ကုန်ကျစရိတ်သည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ၆၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသဖြင့် ဤအကူးအပြောင်း၏ အရှိန်သည် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့ပါတယ် ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသစ်များသည် ယခုအခါ ကမ္ဘာ၏ ၉၀ ရာခိုင်နှုန်းရှိတဲ့ ရုပ်ကြွင်းလောင်စာအသစ်များထက် စျေးသက်သာပါတယ် ။ ရုပ်ကြွင်းလောင်စာများတွင် မြှုပ်နှံထားသည့် ၁ဒေါ်လာတိုင်းအတွက် ၁.၇ ဒေါ်လာ ကို သန့်ရှင်းသောစွမ်းအင်အတွက် သုံးစွဲနေပြီဖြစ်ပါတယ် ။ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အရ လွန်ခဲ့သောငါးနှစ်ကအဲ့ဒိအချိုးက ၁ အချိုး ၁ အဖြစ် ရှိခဲ့ပါတယ် လို့ ဆိုပါတယ် ။
( ၅ ) အဆောက်အအုံများ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေးက အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိနေပါတယ်
လျှပ်စစ်ကားများမှ အပူစုပ်စက်များအထိ၊ လျှပ်စစ်ဓာတ်အားရရှိမှုသည် ကမ္ဘာ၏ ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချရေး နည်းဗျူဟာအတွက် အဓိကအချက်ဖြစ်နေပါတယ် ။ ဥရောပစီးပွားရေးနယ်မြေ (EEC)၊ ကနေဒါ၊ ချီလီနှင့် အမေရိကန်ပြည်နယ် အသီးသီးတို့အပါအဝင် နိုင်ငံနှင့် ဒေသအများအပြားတွင် မီးလောင်ပေါက်ကွဲသည့် အင်ဂျင်ကားများကို ရပ်ဆိုင်းလိုက်သည်မှာ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုက စိတ်ကူးမယဉ်နိုင်သော မူဝါဒတစ်ခု ဖြစ်ခဲ့ပါတယ် ။
EV တွေကို အားသွင်းဖို့အတွက် ဆိုင်တွေ ထားနိုင်မှု နှင့် လမ်းများပေါ်ရှိ ရုပ်ကြွင်းလောင်စာသုံး ကားအစီးရေ လျှော့ချလာနိုင်မှု အတွက် ဘက်ထရီသုံး လျှပ်စစ် သိုလှောင်မှု တိုးတက်လာခြင်းက အားသာချက်တစ်ခု ဖြစ်လာပါတယ် ။ ဘတ်ထရီဆိုင်ရာ အတားအဆီးအချို့ကို စတင်ဖြေရှင်းနေပြီဖြစ်ပါတယ် ။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း လီသီယမ်-အိုင်းယွန်းဘက်ထရီများ စီးပွားဖြစ် အသက်ဝင်နိုင်ခဲ့ခြင်းက ကုန်ကျစရိတ် ၈၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ် ။ ဆန်းသစ်တီထွင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများက သင်္ဘောနှင့် အကြီးစားစက်မှု လုပ်ငန်းကဲ့သို့သော ကဏ္ဍများကို ချေဖျက်ရန် ကူညီပေးနေပါတယ် ။ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး သံမဏိ ၊ လျှပ်စစ်သင်္ဘောများနှင့် ကာဗွန်နည်းသောလောင်စာများသည် အကြီးမားဆုံးသော တိုးတက်မှုများထဲတွင် ပါဝင်ပါတယ် ။
ရာသီဥတုဖောက်ပြန်မှု ဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နေတာက အမှန်ဖြစ်ပေမဲ့ အဲ့ဒါကို ဖြေရှင်းဖို့ နည်းလမ်းတွေက တစ်ခုပြီး တစ်ခု ရနေပါတယ် ။ ရုပ်ကြွင်းလောင်စာတွေကို အပြီးတိုင် မရုပ်သိမ်းနိုင်ပေမဲ့ တိုးတက်သင့်တဲ့အတိုင်း အတာတစ်ခုကလည်း တိုးတက်နေတာဖြစ်တဲ့အတွက် မျှော်လင့်ချက် မမဲ့သေးဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ် ။
မောင်ယဿ
ကိုးကား ။ ။ ယူရိုနယူးစ်

About The Author

greenness_mm

No Comments

Leave a Reply