ရာသီဥတုဖောက်ပြန်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနေရတဲ့ တောင်သူနဲ့တွေ့ဆုံခြင်း

ရာသီဥတုဖောက်ပြန်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနေရတဲ့ တောင်သူနဲ့တွေ့ဆုံခြင်း

ဒီနှစ်မိုးနှောင်းရွာသွန်းမှုကောင်းတာကြောင့် မကွေးတိုင်းထဲက တောင်သူအချို့ဟာ သူတို့စိုက်ပြီးသားပဲခင်း ပျက်စီးတဲ့အတွက် ပြန်လည်စိုက်ပျိုးနေရတယ်လို့သိရပါတယ်။ မိုးရွာသွန်းလို့ ပျက်စီးတဲ့ပဲခင်းကို သုံးကြိမ်အထိ ပြန်လည်စိုက်ပျိုးခဲ့ရတဲ့ တောင်သူ အမျိုးသမီးတစ်ဦးကို Greeness က မေးမြန်းခဲ့ပါတယ်။
မေး။ ။ ပဲခင်းကို သုံးကြိမ်တိတိပြန်ဖျက်ပြီးစိုက်ခဲ့ရတယ်ဆိုတော့ အရင်က ရောဒီလိုဖြစ်စဥ်တွေရှိဖူးသလားဗျ
ဖြေ။ ။ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမရှိခဲ့ဖူးပါဘူး။ ဒီလိုသုံးခါအထိပြန်စိုက်ရတာမျိုးတော့ ဘယ်တုန်းကမှမကြုံခဲ့ဖူးပါဘူး။
မေး။ ။ ဒီနှစ်ပဲခင်းတွေ ပျက်ရတဲ့အကြောင်းအရင်းက ဘာလို့ထင်ပါသလဲ။
ဖြေ။ ။ မိုးကရက်ရက်စက်စက်ရွာတာကိုး။ ရာသီဥတုနိုပ်စက်တာပေါ့။ ရာသီဥတုဖောက်ပြန်တာပေါ့။ ရာသီဥတုက မမှန်တော့ဘူးဆိုတာတော့သိတယ်။ ဒါပေမယ့် ဒီလောက်ထိကြီးတော့ ဖြစ်မယ်မထင်ခဲ့ဘူး။
မေး။ ။ မိုးလေဝသသတင်းတွေကြိုတင်နားထောင်တာမျိုးရှိပါသလား။
ဖြေ။ ။ အဲ့ဒါကတော့ နားမထောင်ဖြစ်ဘူး။ နှစ်တိုင်းစိုက်နေကြအချိန်စိုက်တာပဲလေ။ အရင်မိုးနှောင်းကောင်းတဲ့နှစ်တွေလည်းကြုံဖူးပါတယ်။ ဒါပေမယ့် အခင်းပျက်လောက်အောင်ရွာတာမျိုး ရှားပါတယ်။ အဓိက ကတော့ ရာသီဥတုမမှန်တာ။ ဖောက်ပြန်တာလို့ပဲထင်ပါတယ်။
မေး။ ။ ရာသီဥတုဖောက်ပြန်လို့ ပဲခင်းတွေပြန်စိုက်ရတယ်ဆိုတော့ ဆုံးရှုံးမှုဘယ်လောက်များရှိပါသလဲခင်ဗျ
ဖြေ။ ။ ပဲမျိုးတစ်တင်း တသိန်းခွဲရှိပါတယ်။ စက်တွေငှားပြီးပြန်ခုတ်ရပါတယ်။ ကုန်ကျစရိတ် ပုံမှန်ထက်သုံးဆကုန်သွားပါပြီ။ ဒီတစ်ခါပျက်ရင်တော့ ပြန်မစိုက်တော့ဘူး။ စိုက်လည်းမစိုက်နိုင်တော့ဘူး။

About The Author

greenness_mm

No Comments

Leave a Reply