ရာသီဥတုဖောက်ပြန်မှုကြောင့် ဂျပန်နိုင်ငံမှာ နကျယ်နဲ့ ပျား တိုက်ခိုက်မှု ပိုမိုများပြားလာ

ရာသီဥတုဖောက်ပြန်မှုကြောင့် ဂျပန်နိုင်ငံမှာ နကျယ်နဲ့ ပျား တိုက်ခိုက်မှု ပိုမိုများပြားလာ

ကျွမ်းကျင်ပညာရှင်များအဆိုအရ ပူပြင်းသောနွေရာသီအပြီး ဒီနှစ်ဆောင်းအဝင်မှာ နကျယ်တွေရဲ့ တိုက်ခိုက်မှုကို ပိုမိုခံစားနေရတယ်လို့ ဆိုလာပါတယ်။ အဲ့ဒိဖြစ်စဉ်က ရာသီဥတုဖောက်ပြန်မှုနဲ့ အများကြီးသက်ဆိုင်တယ် လို့လည်း ပြောကြပါတယ်။
ဂျပန်မှာဖြစ်နေတာက သာမန်လူတွေ အတုတ်ခံနေရတာထက် အပြေးသမားတွေက အများကြီး ပိုတုတ်ခံ နေရတာပါပဲ ၊ ဒါ့အပြင် နကျယ်ကောင်ရှင်းလင်းရေးလုပ်တဲ့ မီးသတ်သမားတွေတောင် ဝတ်စုံထဲကိုဝင်တုတ်လို့ ပြဿနာတွေ တက်နေရပါတယ်။ ပညာရှင်တွေရဲ့အဆိုအရ အပူချိန်မြှင့်တက်လာခြင်းက နကျယ်ကောင်တွေကို ပုံမှန်ထက်စောပြီး အသိုက်ဖွဲ့တဲ့လုပ်ငန်းကိုလုပ်ကိုင်ကြပါတယ်။ ပိုမိုကြီးမားတဲ့ အသိုက်တွေနဲ့ ပိုမိုကြီးမားတဲ့ လုပ်သားကောင်တွေကိုဖြစ်စေပါတယ်လို့ သိရပါတယ်။.
အောက်တိုဘာ ၈ ရက်နေ့က Gifu စီရင်စု၊ Takayama ရှိ Hida-Kuraiyama အပြေး ပြိုင်ပွဲတွင် တောင်ခြေလမ်းများ ဖြတ်၍ အပြေးသမားများ ပါဝင်ယှဉ်ပြိုင်ရာမှာ နကျယ်ကောင်းတွေ နဲ့ပျားတွေ လိုက်တုတ်လို့ ဆိုးရွားသောနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ် ။
မွန်းတည့်အချိန်ခန့်တွင် ပြိုင်ပွဲဝင်သူတွေက အဆိပ်သင့်တယ်ဆိုပြီး ညည်းညူကြကာ ရေလှောင်ကန်များဆီသို့ ပြေးခဲ့ရပါတယ်။ အဲ့ဒိဒေသကို စစ်ဆေးရာမှာတော့ အဝါနဲ့အနက် စပ်ကြား နကျယ်ကောင်အကြီးကြီးတွေအပြင် ပျားကောင်အကြီးကြီးတွေနေထိုင်တဲ့ သစ်ပင်တွေ သစ်ခေါင်းတွေ အများကြီး တွေ့ခဲ့ရပါတယ်။ ၎င်းတို့က တဝီးဝီး အော်ကရှင်းလင်းရေးသမားတွေကိုပါလိုက်တုတ်နေခဲ့ပါတယ်။
လူ ၄၂ ဦး အဆိပ်သင့်ခဲ့ပြီး ၁၁ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။ ၁၀ ကြိမ်လောက် အတုတ်ခံရတဲ့ အမျိုးသား တစ်ဦး အပါအဝင် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ပြသတဲ့ အပြေးသမား အမျိုးသားသုံးဦးကို ယာယီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။ “အပြေးသမားတွေဆီက တုန်ခါမှု ဒါမှမဟုတ် ဆူညံသံက ပျားတွေနဲ့ နကျယ်တွေကို နှိုးဆွလိုက်တာ ဖြစ်နိုင်တယ်” ဟု ကော်မတီအကြီးအကဲ Fumio Morimoto ( ၇၇ နှစ်) ကဆိုပါတယ် ။
စက်တင်ဘာ ၂၃ ရက်က သီးခြားဖြစ်ရပ်တစ်ခုတွင် အထက်တန်းကျောင်းအပြေးသမား ၂၂ ဦးပျားတုတ် ခံလိုက် ရလို့ နောက်တစ်နေ့မှာ Oita စီရင်စု၊ Kokonoe တွင် ပြုလုပ်မည့် ekiden တာဝေးအလံ လွှင့်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ရပါတယ် ။ Chiba စီရင်စု Tateyama တွင် ပိုးသတ်ဆေးဖျန်းသည့် ပညာရှင်တစ်ဦး အကာအကွယ်ပစ္စည်းများဝတ်ဆင်ထားသော်လည်း ပျားတုတ်ခံရပြီး သေဆုံးခဲ့ရပါတယ်။
REF: Asahi
မောင်ယဿ

About The Author

greenness_mm

No Comments

Leave a Reply