ရာသီဥတုဖောက်ပြန်မှုက ရောဂါပိုးတွေကို ပိုအစွမ်းထက်လာစေပြီး လူသားတွေကို ကိုယ်ခံအားကျစေတယ်လို့ ဆို

ရာသီဥတုဖောက်ပြန်မှုက ရောဂါပိုးတွေကို ပိုအစွမ်းထက်လာစေပြီး လူသားတွေကို ကိုယ်ခံအားကျစေတယ်လို့ ဆို

လေ့လာမှုအသစ်တစ်ခုက လူသားတွေကို ရောဂါဖြစ်စေတဲ့ ပိုးတွေထဲမှ ၅၈% ကျော်က ပိုဆိုး လာတယ်လို့ ဆိုလိုက်ပါတယ်။ မနေ့ကထွက်တဲ့ Nature Climate Change ဂျာနယ်မှာ ဟာဝိုင်ရီက မာမိုအာတက္ကသိုလ် သုတေသနပညာရှင်တစ်စု က သူတို့ပြုလုပ်ခဲ့တဲ့ သုတေသနမှတ်တမ်းများအရ အထက်ဖော်ပြပါအဆိုကို ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။
သူတို့က ဖန်လုံအိမ်ဓာတ်ငွေ့ ဓာတ်ငွေ့ထုတ်လွှတ်ခြင်းကြောင့်ဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ၎င်းရဲ့ အကျိုးဆက်ဖြစ်တဲ့ ရာသီဥတုဖောက်ပြန်ခြင်း က ရောဂါပိုးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို လေ့လာခဲ့ကြပါတယ်။
သူတို့က ကမ္ဘာကြီးပူနွေးလာမှု ၊ မိုးခေါင်ခြင်း ၊ အပူလှိုင်းကျရောက်ခြင်း ၊ တောမီး ၊ မိုးကြီးခြင်း ၊ ရေလွှမ်းမိုးခြင်း ၊ မုန်တိုင်းများ ၊ ပင်လယ်ရေမြင့်တက်လာခြင်း ၊ ဇီဝဘူမိဓာတုပြောင်းလဲမှု နဲ့ အပေါ်ယံမြေမျက်နှာပြင် ပြောင်းလဲမှုတို့ကို လေ့လာခဲ့ပါတယ်။
သူတို့က ရောဂါတွေနဲ့ ရာသီဥတုပြောင်းလဲမှု စပ်ဆက်ပုံကို စာမျက်နှာ ၇ သောင်းကျော်ပါတဲ့ သုတေသန စစ်တမ်း တစ်ခုကို ရေးခဲ့တာပါ။ အဲ့ဒိထဲမှာ ဘယ်လို ရာသီဥတုဖောက်ပြန်မှုက ဘယ်လို ဗိုင်းရက်စ်တွေ ၊ ဘတ်တီးရီးယားတွေ ၊ မှိုတွေ ၊ အကောင်တွေ နဲ့အပင်တွေကို ပိုမိုခံနိုင်ရည်ရှိအောင် တွန်းအားပေး နေတယ် ဆိုတာကို လေ့လာ မှတ်တမ်းပြုခဲ့တာပါ။
လူသိများထင်ရှားတဲ့ ရောဂါ ၃၇၅ မျိုးမှာ ၂၁၈ မျိုးက ရာသီဥတုဖောက်ပြန်မှုကြောင့် ခံနိုင်ရည်တွေ တိုးတက်သွားပါတယ်။ ဒါကြောင့် သူတို့က ရာသီဖောက်ပြန်မှုနဲ့ အန္တရာယ်တွေထဲမှာ ရောဂါပိုးတွေ က လူတွေနားကို ကပ်လာတယ်လို့ ဆိုလိုက်တာပါ။
ရာသီဥတု ပိုပူပြင်းလာတာတွေ နဲ့ မိုးသည်းထန်လို့ စိုထိုင်းဆ မြင့်လာတာတွေ က ခြင်တွေ ပေါက်ပွားမှုနှုန်းကို ပိုမိုမြင့်မားလာစေပါတယ်။ ဒါကြောင့် တုတ်ကွေး ၊ငှက်ဖျား ၊ ပလိပ် နဲ့ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုနှုန်းကို မြင့်တက်လာစေမှာပါ။
နောက်ပြီး ရေလွှမ်းမိုးမှု ဖြစ်လာရင် နောက်ဆက်တွဲပြဿနာဖြစ်တဲ့ သောက်သုံးရေ မလုံလောက်မှုက အသည်းရောင် အသားဝါရောဂါကို ပြန့်နှံ့သွားစေနိုင်ပါတယ်။ ဒါကြောင့် ရာသီဥတုဖောက်ပြန်မှုက လူသားတွေဆီကို ရောဂါပိုးတွေ လာအောင်ဖိတ်ခေါ်နေသလိုဖြစ်နေပါတယ် လို့ သူတို့က ဆိုလိုက်တာပါ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply