ရာသီဥတုဖောက်ပြန်မှု တားဆီးရေးအတွက် ခိုင်မာအောင်လုပ်ကြေး လို့ တရုတ် – အမေရိကန် သဘောတူညီမှုရ

ရာသီဥတုဖောက်ပြန်မှု တားဆီးရေးအတွက် ခိုင်မာအောင်လုပ်ကြေး လို့ တရုတ် – အမေရိကန် သဘောတူညီမှုရ

ဒီကနေ့ ဆိုရင် COP26 ညီလာခံကို ကျင်းပခဲ့တာ ၁၀ ရက်ရှိသွားပါပြီ ။ နောက်ရက်တွေမှာ ညီလာခံပြီးသွားတော့ မှာပါ။ အခုထိက ထူးထူးခြားရယ်လို့ ဘာမှမရသေးပါဘူး ။ ဒီနေ့မနက်ပိုင်းမှာ ထူးခြားတယ်လို့ ပြောလို့ရမယ့် အချက်တစ်ချက်ကတော့ အမေရိကန်နဲ့ တရုတ်ကိုယ်စားလှယ်တွေက ရာသီဥတုဖောက်ပြန်ရေးကို တားဆီးဖို့ ကြိုးစားတဲ့ လုပ်ငန်းမှန်သမျှကို ပိုမိုတောင်တင်းခိုင်မာအောင် လုပ်ကြပါစို့ ဆိုတဲ့ ကတိစကားကို လက်မှတ်ထိုးပေးလိုက်ကြတာပါပဲ။

ကမ္ဘာ့လေထုကို ညစ်ညမ်းအောင် အလုပ်နိုင်ဆုံး နိုင်ငံ ၂နိုင်ငံက လေထုသန့်စင်ရေးလုပ်ငန်းမှာ ပါဝင်ပါမယ်လို့ ကတိကဝတ်ပြုတဲ့ နေရာမှာ ပါဝင်လာတာကို ဝမ်းပမ်းတသာကြိုဆိုရမလို ဖြစ်နေပါတယ်။ ဒီနေ့ကတော့ နိုင်ငံ ၂၀၀ ကျော်ရဲ့ သံတမန်တွေ တက်ရောက်တဲ့ ညီလာခံမှာ COP26 ရဲ့ သဘောတူညီမှု မူကြမ်းကို ပြန်လည်စစ်ဆေး ကြတာနဲ့ အချိန်ကုန်ခဲ့ပါတယ်။ မူကြမ်းမှာ လာမယ့်နှစ်အကုန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ရာသီဥတုဖောက်ပြန်မှု ကာကွယ်ဖို့ ကိုယ့်နိုင်ငံမှာ ကိုယ်လုပ်တဲ့ လုပ်ငန်းစဉ်တွေကို ရီပို့ ရေးတင်ရေးကိစ္စအတွက် ဆွေးနွေးဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ရုပ်ကြွင်းလောင်စာသုံး နဲ့ ကျောက်မီးသွေး လုပ်ငန်းတွေ ဘယ်လောက်ရပ်တန့် နိင်သလဲဆိုတာကို အစီရင်ခံစာရေးရမှာပါ။ အဲ့ဒိ အစီရင်ခံစာပေါ်မူတည်ပြီးတော့ နိုင်ငံတွေကို ငွေရေးကြေးရေးထောက်ပံ့ဖို့ အစီအစဉ် ဆွဲကြပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ ဖြစ်တဲ့ ဂရင်းပိစ်ရဲ့ စီအီးအိုက နိုင်ငံတစ်နိုင်က ဒီနှစ်လုပ်ပြီးရင် နောင်နှစ်မှာ ပိုပြီ လုပ်ရမယ်ဆိုတဲ့ သဘောတူညီချက်ရအောင် လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ယူကေ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ရဲရဲတောက်ဆုံးဖြတ်ချက်ချဖို့နဲ့ နောက်မတွန့်တမ်းလုပ်ကြဖို့ တိုက်တွန်းတဲ့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ၂၀၄၀ မှာ ကာဗွန်ထုတ်လွှတ်မှု သုညအဆင့်ထိဖြစ်အောင် သယ်ယူပို့ဆောင်ရေးယာဉ်တွေ အားလုံးကို ပြောင်းလဲပစ်မယ်လို့ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဆော်ဒီအာရေဗီးယား က သူတို့ အနေနဲ့ စေ့စပ်ဆွေးနွေးပွဲတွေမှာ နှောင့်နှေးအောင်လုပ် တယ်လို့စွတ်စွဲချက်တွေကို တစ်ခုမှမဟုတ်ပါဘူး လို့ တရားဝင်အတိအလင် ငြင်းချက်ထုတ်ခဲ့ပါတယ်။

မောင်ယဿ ( နိုဝင်ဘာ၁၁ )

REF; euronews

Photo : DW

About The Author

greenness_mm

No Comments

Leave a Reply