ရုပ်ကြွင်းလောင်စာ မပြန့်ပွားရေးစာချုပ်ချုပ်ဆိုဖို့အတွက် တောင်းဆိုမှုတွေ လုပ်နေပြီ

ရုပ်ကြွင်းလောင်စာ မပြန့်ပွားရေးစာချုပ်ချုပ်ဆိုဖို့အတွက် တောင်းဆိုမှုတွေ လုပ်နေပြီ

လက်ရှိ ကုလသမဂ္ဂမှာ ကျင်းပနေတဲ့ ကမ္ဘာ့ ကျန်းမာရေးညီလာခံမှာ လူသားတွေရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့အတွက် ရုပ်ကြွင်းလောင်စာ မပြန့်ပွားရေး စာချုပ်ချုပ်ဆိုဖို့အတွက် ကျန်းမာရေးပညာရှင် ၁၀၀၀ ကျော်နဲ့ ကျန်းမာရေးဆိုင်ရာအဖွဲ့ ၁၇၅ ဖွဲ့က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ ကုသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အသင်း ဖက်ဒရေးရှင်း ( WFPHA) တို့ ပူးပေါင်းပြီးကျင်းပတဲ့ ညီလာခံမှာ ကမ္ဘာ့နိုင်ငံအသီးသီး က အစိုးရတွေကို ရုပ်ကြွင်းလောင်စာနဲ့ ၎င်းထွက် ပစ္စည်းများ အသုံးမပြုဖို့အတွက် သဘောတူစာချုပ်ချုပ်ပေးရန် လက်မှတ်ထိုးတောင်းဆိုတဲ့ စာတွေပို့ပေးသွားမယ်လို့ သိရပါတယ်။

 

WHO အကြီးအကဲ ဒေါက်တာ တီးဒရို့စ်က “ ခေတ်သစ်ရုပ်ကြွင်း လောင်စာစွဲလမ်းမှုက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံ လောက်နဲ့ တင်မပြီးဘဲ လူသားတွေရဲ့ ကျန်းမာရေးကိုပါတိုက်ရိုက် ထိခိုက်လာနေပါပြီ ၊ ကိုယ့်သေတွင်းကိုယ်တူးနေသလို ဖြစ်နေတယ်” လို့ပြောသွားပါတယ်။ အဲ့ဒိအကြံပြုလွှာက စစ်အေးခေတ် အလွန်မှာ နျူကလိယမပြန့်ပွားရေး စာချုပ်ချုပ်သလိုပဲ အလွန်အရေးကြီးနေပါတယ်။ ဆေးရွက်ကြီး ထိန်းချုပ်ရေး ကွန်ဗန်းရှင်ရဲ့ မူဘောင်အတိုင်း စာချုပ် ချုပ်ဆိုကြဖို့အတွက်လည်း ညီလာခံက သဘောတူဆုံး ဖြတ်ခဲ့ပါတယ်။။ ဆေးရွက်ကြီး ထိန်းချုပ်ရေး သဘောတူစာချုပ်ကို နိုင်ငံ ၁၈၂ နိုင်ငံလက်မှတ်ထိုးခဲ့ ပါတယ်။ ၂၀၀၃ ခုနှစ်မှာ စာချုပ်ချုပ်ခဲ့ပြီး ၂၀၀၅ ဆေးရွက်ကြီး ထိန်းချုပ်ရေး သဘောတူစာချုပ်ကို နိုင်ငံ ၁၈၂ နိုင်ငံလက်မှတ်ထိုးခဲ့ ပါတယ်။ ၂၀၀၃ ခုနှစ်မှာ စာချုပ်ချုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ အတည်ပြုနိုင်ခဲ့သလိုမျိုး ရုပ်ကြွင်းလောင်စာ မပြန်ပွားရေး သဘောတူ စာချုပ်ကို သမိုင်းဝင်မှတ်ကျောက်အဖြစ် ချုပ်ဆိုနိုင်ဖို့ ကြိုး စားတဲ့ ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။

 

ကျန်းမာတဲ့ ရာသီဥတုနဲ့ ကျန်းမာတဲ့ အနာဂတ်ရရှိဖို့အတွက် နိုင်ငံတကာမှာ ရုပ်ကြွင်းလောင်စာမပြန်ပွားရေး ကို လုပ်ဆောင်နိုင်မှ အဆင်ပြေချောမွေ့မှာပါ။ လက်တွေ့ ရလဒ်တွေကလည်း မြင်နေရပါတယ်။ ကမ္ဘာကြီး က ၁.၅ ဒီကရီလေးပိုပူလာတာနဲ့ ရာသီဥတုဖောက်ပြန်မှုတွေ အများကြီး ကြုံနေရတယ်။ ရုပ်ကြွင်းလောင်စာတွေ ဆက်သုံးသွားရင် လာမယ့်ဆယ်စုနှစ် ၂ခုလောက်မှာ ၂ဒီကရီ အထိပိုပူလာမယ်။ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ အတူ လူသားတွေအတွက် ကပ်ကြီး ၃ပါးက ဝင်ရောက်လာနိုင်ပါတယ်လို့ ညီလာခံ တက်ရောက်တဲ့ ကျန်းမာရေးပညာရှင် တစ်ဦးက ဆိုသွားပါတယ်။

မောင်ယဿ

REF: euronews

About The Author

greenness_mm

No Comments

Leave a Reply