ရေခဲတွေအရည်ပျော်ခြင်းက မုန်တိုင်းတွေကို အားကောင်းစေပြီ အာတိတ်သမုဒ္ဒရာကို အက်ဆစ်ဓာတ် ပိုလာစေတယ်

ရေခဲတွေအရည်ပျော်ခြင်းက မုန်တိုင်းတွေကို အားကောင်းစေပြီ အာတိတ်သမုဒ္ဒရာကို အက်ဆစ်ဓာတ် ပိုလာစေတယ်

                 မကြာသေးမီက ထုတ်ဝေခဲ့တဲ့ SCIENCE ဂျာနယ်မှာ ပါတဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ဖော်ပြချက်အရ မြောက်ဝင်ရိုးစွန်း က ရေခဲတွေ အရည်ပျော်လာမှုက အာတိတ်သမုဒ္ဒရာထဲမှာ အက်ဆစ်ဓာတ် ပိုမိုမြင့်မားလာ စေတဲ့အတွက် အစာကွင်းဆက်ဆိုင်ရာ ပြဿနာများကို ပိုမိုဖြစ်ပေါ်နေပါတယ် လို့ ပါရှိပါတယ် ။ အဓိက အကြောင်းရင်းက ဂေဟစနစ်ကို ထိခိုက်လာတာကြောင့်ဖြစ်ပါတယ် ။
အက်ဆစ်ဓာတ်မြင့်တက်လာတဲ့အခါမှာ ဓာတုဖွဲ့စည်းမှုပြောင်းလဲသွားပြီး အစားအစာကွန်ယက်တစ်ခုလုံး ကို ထိခိုက်ကာ အာတိတ်ရေခဲပြင်နေ သတ္တဝါများကို ထိခိုက်မှု ဖြစ်လာစေပါတယ် ။ University of Delaware မှ သိပ္ပံပညာရှင်များ ဦးဆောင်သော နိုင်ငံတကာအဖွဲ့တစ်ခုက အာတိတ်သမုဒ္ဒရာသည် ၁၉၉၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အက်ဆစ်ဓာတ် ၅၀ ရာခိုင်နှုန်း ပိုမိုများပြားလာပြီး ကျန်သမုဒ္ဒရာများထက် သုံးဆ ပိုမိုမြန်ဆန်စွာ ပြောင်းလဲလာသည်ကို တွေ့ရှိခဲ့ရပါတယ်။
ဒဲလာဝဲတက္ကသိုလ်မှ အဏ္ဏဝါဓာတုဗေဒပညာရှင် Wei-Jun Cai က နည်းနည်းပိုမြင့်မယ်ထင်တယ် လို့ ပြောပါတယ်။ “ဒါပေမယ့် ဒီလောက်တောင် မြင့်သွားလိမ့်မယ် လို့ မထင်ဘူး” လို့ ဆိုပါတယ် ။
                  မြောက်ပိုင်းအာတိတ်ဒေသက တောင်ပိုင်းအန္တာတိကဒေသထက် ပိုမိုပူနွေးလာကာ ပင်လယ်ရေခဲများ လျင်မြန်စွာ ပျော်သွားစေပါတယ် ။ ရေခဲအောက်တွင် ပိတ်မိနေသော သမုဒ္ဒရာရေသည် ကာဗွန်ဒိုင်အောက်ဆိုဒ်နည်းပါးပြီး ရေအေးတွင် အလွယ်တကူ ပျော်ဝင်နိုင်ပါတယ် ။ သို့သော် ရေခဲအကာအရံများ အရည်ပျော်လာသည်နှင့်အမျှ ရေခဲလွှာအောက်က ရေများသည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူကာ သမုဒ္ဒရာရဲ့အပေါ်ဖက် မျက်နှာပြင်မှာ ကာဗွန်ကြွယ်ဝသော အလွှာတစ်ခုအဖြစ် ဖြစ်ပေါ်လာပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုက်တွေက ရေမှာအရည်ပျော်တဲ့ အခါမှာ အချို့က အက်ဆစ်အဖြစ်နဲ့ ဓာတ်ပြုသွားပါတယ် ။ အဲ့ဒိအကြောင်းကို လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတည်းက Wei-Jun Cai ကပြောပြဖူးပါတယ်။
                 ၁၉၉၆ မှ ၂၀၂၀ ခုနှစ်အထိ အနောက်အာတိတ်သမုဒ္ဒရာသို့ နွေရာသီခရီး ၄၇ ကြိမ် ခရီးစဉ်အတွင်း သူနှင့် နိုင်ငံတကာ ပူးပေါင်းအဖွဲ့တစ်ဖွဲ့သည် တိုင်းတာမှုပေါင်း ထောင်ပေါင်းများစွာကို စုဆောင်းခဲ့ပါတယ်။ သူတို့က ပင်လယ်ရေ အက်ဆစ်ဓာတ်မြင့်မားလာမှုကို မှတ်တမ်းတင်ရင်း ရေနေသတ္တဝါတွေရဲ့ အခွံတည်ဆောက်တဲ့ နေရာမှာ အရေးပါတဲ့ အာရာဂိုနိုက်သတ္တုဓာတ် ပါဝင်မှုကိုပါစစ်ဆေး နိုင်ခဲ့ပါတယ် ။ အက်ဆစ်ဓာတ်မြင့်လာ လေလေ အာရာဂိုနိုက် သတ္တုပါဝင်မှုလျော့နည်းလာလေလေပါပဲ ။
အခုဆိုရင် အာဂိုနိုက်ပါဝင်မှုက ၁၉၉၆ ခုနှစ်က မှတ်တမ်းနဲ့ ယှဉ်ကြည့်ရင် ၄ဆကျော် ကျဆင်းနေပါတယ် ။ လက်ရှိကမ္ဘာကြီးပူနွေးလာမှုက အာတိတ်ဒေသက သက်ရှိတွေကို အနေကြုံ့သွားစေပြီး ရှင်သန်ဖို့ရာ အခက်အခဲဖြစ်လာနေပါတယ် လို့ ၄င်းက ဆိုသွားပါတယ်။
မောင်ယဿ
REF: mongabay

About The Author

greenness_mm

No Comments

Leave a Reply