ရေနံ သဘာဝဓာတ်ငွေ့နဲ့ ချမ်းသာနေတဲ့ အာရပ်နိုင်ငံတွေမှာ အစိမ်းရောင်စွမ်းအင်သုံးဖို့ ပြင်ဆင်လာပြီ

ရေနံ သဘာဝဓာတ်ငွေ့နဲ့ ချမ်းသာနေတဲ့ အာရပ်နိုင်ငံတွေမှာ အစိမ်းရောင်စွမ်းအင်သုံးဖို့ ပြင်ဆင်လာပြီ

ရုပ်ကြွင်လောင်စာဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့ အာရပ်နိုင်ငံတွေ နဲ့ အာဖရိကမြောက်ပိုင်း နိုင်ငံတွေကို အာရပ်ဖိုရမ်က အစိမ်းရောင်စွမ်းအင်တွေဖြစ်တဲ့ လျှပ်စစ်စွမ်းအင် နဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်တွေကို ဒေသတွင်းမှာ တွင်တွင်ကျယ်ကျယ်သုံးနိုင်အောင်လို့ ပြင်ဆင်ကြပါဆိုပြီး စွမ်းအင်သစ်လှုတ်ရှားမှုအတွက် ဆော်သြထားပါတယ်။
ဂျော်ဒန်နိုင်ငံမှာကျင်းပတဲ့ ၈ ကြိမ်မြောက် အာရပ်ဖိုရမ်မှာ ဒေသတွင်း နိုင်ငံတွေမှာ လျှပ်စစ်ကားထုတ်လုပ်မှု အရှိန်မြှင့်လုပ်ဆောင်ရန်အတွက် တိုက်တွန်းထားပြီး ဟိုက်ဒရိုဂျင်စွမ်းအင်နဲ့ပတ်သက်ပြီး လုပ်လို့ရနိုင်သလောက် လုပ်ကိုင်ဖို့ ကိုလည်း တိုက်တွန်းထားပါတယ် ။
နောက်ပြီး ဒေသတွင်းက တက္ကသိုလ်တွေမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၊ စွမ်းအင်ထိရောက်စွာ ထုတ်လုပ် ရရှိနိုင်တဲ့ နည်းလမ်း နဲ့ စမတ်စီတီးမြို့များ ဖန်တီးနိုင်မယ့်ဒီဇိုင်းတွေ ကို သုတေသနလုပ်ဖို့ ၊ စမ်းသက်မှုတွေ လုပ်ဖို့အတွက် ဖိအားပေး တောင်းဆိုမှုတွေကို လုပ်နေပါတယ်။
ကမ္ဘာ့စွမ်းအင်ထိန်းသိမ်းစီမံရေးအဖွဲ့ရဲ့ ပြီးခဲ့တဲ့ အပတ်အစီရင်ခံစာမှာ နှစ်စဉ် လျှပ်စစ်စွမ်းအင် လိုအပ်ချက်က ဂစ်ဂါဝပ် ၃၀၀ လောက်ရှိတယ်လို့ ဖော်ပြပါရှိပါတယ်။ ဒီလ ၉ရက်နေ့ က နယူးဒေလီမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ ၂၀ ( ဂျီ ၂၀ ) ဆွေးနွေးပွဲမှာလည်း လာမယ့် ၂၀၃၀ မှာ သန့်ရှင်းတဲ့ စွမ်းအင်သုံးစွဲမှုကို ၃ ဆ တိုးသွားမယ်လို့ ကတိကဝတ် ပြုခဲ့ပါတယ်။ အာရပ်နိုင်ငံတွေ အနေနဲ့ ကလည်း ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှုကို တဖြည်းဖြည်းချင်း လျှော့ချပြီး ဒေသတွင်းမှာပဲ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေ သုံးစွဲနိုင်ဖို့အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေ တယ်လို့ အာရပ်နယူးသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မောင်ယဿ
REF: ArabNews

About The Author

greenness_mm

No Comments

Leave a Reply