ရေသန့်ဘူးတွေထဲမှာ ပလက်စတစ်အမှုန်တွေ အများကြီးပါဝင်နေတယ်ဆိုပဲ

ရေသန့်ဘူးတွေထဲမှာ ပလက်စတစ်အမှုန်တွေ အများကြီးပါဝင်နေတယ်ဆိုပဲ

အမေရိကားက သိပ္ပံပညာရှင်တွေက သူတို့လေ့လာမှုအရ အမေရိကားမှာရောင်းချနေတဲ့ တစ်လီတာ‌ရေသန့်ဘူး တွေမှာ ပလက်စတစ်အမှုန်တွေ ရာနဲ့ချီပြီး ပါဝင်နေတာရယ် ၊ အဲ့ဒိထဲက ၉၀ ရာခိုင်နှုန်းက လူသားတွေရဲ့ သွေးကြောထဲကို ဝင်ရောက်သွားတယ်ဆိုတာကို တွေ့ရှိခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ပါတယ်။
အဲ့တော့ ပလက်စတစ်ဘူးတွေ ၊ ပလက်စတစ်အိတ်တွေနဲ့ စားသောက်ကုန်တွေကို ထုတ်ပိုးပြီး စားသောက် နေရင်တော့ အနာဂတ်ကျန်းမာရေးမှာ စိုးရိမ်စရာတွေ ဖြစ်လာနိုင်တော့မှာပါ။
ပုံမှန်တစ်လီတာ (၃၃ အောင်စ) ရေဘူးတစ်ဘူးတွင် ပလတ်စတစ်အပိုင်းအစ ၂၄၀,၀၀၀ ခန့်ပါဝင်ကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။ အဆိုပါ အပိုင်းအစများထဲမှ အများအပြားက ရောဂါသမိုင်းကြောင်း ကို ရှာလို့မရတဲ့ ပလတ်စတစ်ညစ်ညမ်းမှုနှင့် ဆက်နွှယ်နေပါတယ်။ ဘာကြောင့်ဖြစ်တာလဲ ဆိုတာ မဖော်ထုတ် နိုင်လောက်တဲ့ ရောဂါတွေရဲ့ ကနဦးအစပဲလို့ သိပ္ပံပညာရှင်တွေက အတည်ပြုလိုက်ပါတယ် ။
အမျိုးသားသိပ္ပံအကယ်ဒမီ၏ Proceedings of Sciences ဂျာနယ်တွင် တနင်္လာနေ့က ထုတ်ဝေခဲ့သော သက်တူရွယ်တူ ပြန်လည်သုံးသပ်လေ့လာမှု ဆောင်းပါမှာ ရေသန့်ဘူးတွေမှာ “နာနိုပလတ်စတစ်များ” ပါဝင်မှု ရှိနေတယ် လို့ ဖော် ပြပါရှိပါတယ် ။ အလျား ၁ မိုက်ခရိုမီတာအောက်ရှိ ပလပ်စတစ်အမှုန်များ သို့မဟုတ် လူ့ဆံပင်အကျယ်ရဲ့ အပုံ ၇၀ ပုံ တစ်ပုံလောက်ရှိတယ်လို့ အစောပိုင်းလေ့လာမှုများကဆိုပါတယ်။ ဒါ့အပြင် မိုက်ခရိုပလတ်စတစ် ဆိုတာ ၁ နှင့် ၅၀၀၀ မိုက်ခရိုမီတာကြားရှိ အပိုင်းအစများသာ တွက်ချက်ထားပေမဲ့ ရေသန့်ဗူးများတွင် ယခင်က ခန့်မှန်းထားသည်ထက် အဆ ၁၀၀ ပိုသော ပလတ်စတစ်အမှုန်အမွှားများ ပါဝင်နိုင်ကြောင်း တွေ့ရှိချက်များအရ သိရပါတယ် ။
အမေရိကားမှာ လူသောက်များတဲ့ ရေသန့်အမှတ်တံဆိပ် သုံးခုမှ နမူနာငါးခုကို ကြည့်ရှုရာတွင် ပလက်စတစ် အမှုန်အမွှားပမာဏက တစ်လီတာလျှင် ၁၁၀,၀၀၀ မှ ၄၀၀,၀၀၀ အထိရှိပြီး ပျမ်းမျှအားဖြင့် ၂၄၀,၀၀၀ ခန့်ရှိကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။ US တက္ကသိုလ်များဖြစ်တဲ့ Columbia နှင့် Rutgers မှ သုတေသီများက သုတေသန မပြုမီက ရေသန့်ဘူးတွေမှာ ပလက်စတစ်အမှုန်တွေ ရှိနိုင်တယ်ဆိုပြီး သုံးသပ်ထားကြပေမဲ့ လက်တွေ့စမ်းသက်ချက်တွေက ရလာတဲ့ ရလဒ်တွေကို သိလိုက်ရတဲ့အခါမှာတော့ သူတို့လည်း ရေသန့်ဘူးတွေက ရေတွေကို သောက်ဖို့အတွက် လက်တွန့်သွာပါတယ်။
ဒါပေမဲ့ ပြဿနာတစ်ခုက အဲ့ဒိနာနိုပလက်စတစ်တွေက လူသားတွေရဲ့ ခန္တာကိုယ်ထဲကို ရောက်သွားရင် ကျန်းမာရေး အန္တရာယ် ဖြစ်စေနိုင်လား ဆိုတာကတော့ ဒီနေ့အထိ မစမ်းသက်ရသေးပါဘူး ။ နာနို ပလက် စတစ်တွေကြောင့် ရောဂါဖြစ်ရတယ်ဆိုတဲ့ အဖြေက တိတိကျကျ မရသေးပါဘူး ။
“ဒါကို လောလောဆယ် စစ်ဆေးနေပါတယ်။ အန္တရာယ်ရှိမရှိ သို့မဟုတ် မည်မျှအန္တရာယ်ရှိနိုင်သည်ကို ကျွန်ုပ်တို့မသိပါ” ဟု Rutgers မှ အဆိပ်ဗေဒပညာရှင် Phoebe Stapleton မှ ပြောကြားခဲ့သည်။ “သူတို့က [လူတွေအပါအဝင် နို့တိုက်သတ္တဝါတွေရဲ့ တစ်ရှူးတွေထဲကို ရောက်နေတာကို ငါတို့သိတယ်…၊ လက်ရှိ သုတေသနတွေက ဆဲလ်တွေထဲမှာ ဘာတွေလုပ်နေလဲဆိုတာကို စောင့်ကြည့်နေပါတယ်” လို့ ဆိုပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply