ရေအားလျှပ်စစ်ထုတ်လုပ်ရန် ဆည်နှင့်ရေကာတာများ ဆောက်လုပ်ခြင်းကြောင့် မျိုးသုဉ်းမည့်အန္တရယ်နှင့် ရင်ဆိုင်နေရသော သားရဲများ

ရေအားလျှပ်စစ်ထုတ်လုပ်ရန် ဆည်နှင့်ရေကာတာများ ဆောက်လုပ်ခြင်းကြောင့် မျိုးသုဉ်းမည့်အန္တရယ်နှင့် ရင်ဆိုင်နေရသော သားရဲများ

၂၀၂၁ ခုနှစ် ဒီဇင်ဘာအစောပိုင်းကာလတွင် လေ့လာတွေ့ရှိခဲ့သော သုတေသနစစ်တမ်းတွင် ရေအားလျပ်စစ်အတွက် ရေကာတာနှင့်ဆည်များ တည်ဆောက်ချဲ့ထွင်ခြင်းများကြောင့် သားရဲမ်ား၏ ကျက်စားနေထိုင်ရာဒေသများကို ပျက်စီးစေပြီး သားရဲမ်ားကို မျိုးသုဉ်းမည့်အန္တရာယ်ဆီ တွန်းပို့နေသည်ဟု ဆိုသည်။ အထူးသဖြင့် အာရှတွင် ရေကာတာတည်ဆောက်မှုများကြောင့် ကမ်ဘာ့လက်ကျန် ကျားကောင်ရေ၏ ငါးပုံတစ်ပုံကျော်ကို ထိခိုက်ခဲ့ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။
အချို့သော ဒေသ သစ်တောဧရိယာများတွင် ရေကာတာနှင့် ဆည်များကြောင့် ၎င်းတို့၏ ကျက်စားနေထိုင်ရာနေရာများ ရေလွှမ်းကာ က်ားမ်ား မျိုးသုဉ်းသွားသည်ဟု ဆိုသည်။ ကျားသစ်များသည်လည်း ၎င်းတို့၏ အကြာအေဝး လေးပုံတစ်ပုံအထိ တိုးလာသော ရေကာတာများ၏ ခြိမ်းခြောက်မှု ရင်ဆိုင်နေရသည်။
၎င်းတို့၏ အထင်ကရနှင့် ကြောက်စရာကောင်းသော ဂုဏ်သတင်းရှိသော ကျားများသည် လွန်ခဲ့သည့်ရာစုနှစ်များအတွင်း မူလဘူတအကြာအေဝး၏ ၉၀ ရာခိုင်နှုန်း ကျော်မှ ပျောက်ကွယ်သွားခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏ အရေအတွက် တိုးတက်လာသော်လည်း ကမ်ဘာတွင် စုစုပေါင်း အကောင်ရေ ၃,၈၉၀ ဝန်းကျင်ခန့်ရှိသော ၎င်းတို့ကို IUCN မွ
မျိုးသုဉ်းလုနီးပါးမျိုးစိတ်အဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။
ကျားများကဲ့သို့ပင် ကျားသစ်များနှင့် အခြားတောတွင်းတွင်းနေ သားရဲများသည်လည်း ယင်းအန္တရာယ်ကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် ရေကာတာများကြောင့် ဖြစ်ပေါ်လာသော ရေဝပ်ဧရိယာများက သားရဲတို့၏ နေထိုင်ရာဒေသဖြစ်သည့် တောများကို ဖျက်ဆီးပစ်ခြင်းကြောင့် ဖြစ်သည်။
သုတေသီများသည် သားရဲမ်ား၏ နေထိုင်ကျက်စားရာ အပိုင်းအခြားများကို ဖြတ်တောက်ထားသော လက်ရှိရေကာတာ တစ်ထောင်ကျော်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထိုအခြေအနေသည် ကျားနှင့် ကျားသစ်များအတွက် စိုးရိမ္စရာ အနေအထားဖြစ်သည်။ သုတေသီများသည် ဆောက်လုပ်ရေးကြောင့် ထိခိုက်သည့် သစ်တောဧရိယာ ပမာဏကို ကြိုးကြိုးစားစား အားထုတ်ခဲ့ကြပြီး ရေကာတာနှင့် ဆည်အတွက် လှောင်ကန်များ ဖန်တီးရန်အတွက် ကျားများနထိုင်ရာ စတုရန်းကီလိုမီတာ ၁၃၀၀၀ ကျော် ရေလွှမ်းခံခဲ့ရကြောင်း ကောက်ချက်ချခဲ့သည်။
ယင်းအခြေအနေသည် ကျားအရေအတွက်အပေါ် သိသိသာသာ သက်ရောက်မှုရှိနိုင်ဖွယ်ရှိပြီး ရေကာတာတည်ဆောက်မှုကြောင့် ကျားငါးကောင်တွင် အနည်းဆုံး တစ်ကောင်နှုန်း အိုးအိမ်ရေလျှံမှုဒဏ်ကို ခံခဲ့ရသည်ဟု ယူဆရကြောင်း Porto တက္ကသိုလ်မှ သုတေသနပညာရှင် Ana Filipa Palmeirim က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတောင်ပိုင်း Shenzhen ရှိ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ တွဲဖက်စာတမ်းရေးသားသူ ဒေါက်တာ Luke Gibson ကလည်း ရေကာတာများသာမရှိပါက က်ားအကောင်ရေ ပေါက်ဖွားနှုန်းမှာ လက်ရှိအခြေအနေထက် ၂၀ ရာခိုင်နှုန်း ပိုမိုများပြားနိုင်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ကမ်ဘာတစ်ဝန်းတွင် ရေအားလျပ်စစ်ုတ်လုပ်ရေးအတွက် ရေကာတာများ တည်ဆောက်ခြင်း ရေဝပ်ဧရိယာများ ချဲ့ထွင်ခြင်းကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေသည့်အတွက်
နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး(IUCN)မွ မူဝါဒချမှတ်သူတွေ မကြာသေးမီက ချမှတ်ထားသော ကမ်ဘာလုံးဆိုင်ရာ ကျားကောင်ရေ တိုးလာဖို့ ဒါမှမဟုတ် နှစ်ဆတိုးဖို့ဆိုသည့် ရည်မှန်းချက်မှာ ပိုမိုခက်ခဲလာဖွယ်ရှိသည်။
ကေဇက်အေ
ref:bbc
Photo:bbc,gettyimage

About The Author

greenness_mm

No Comments

Leave a Reply