ရှင်အုန်းညို၏ ပတ်ဝန်းကျင်အလှ

ရှင်အုန်းညို၏ ပတ်ဝန်းကျင်အလှ

အံ့ဩမခန်း ၊ တောထက်ဝန်းတုံ ၊ ငုံသွန်းရွှေသား ၊ စကားထင်းရူး ၊ ဆိပ်ဖလူးနှင့် ၊ ကွမ်းဖူးကံ့ကော် ၊ စွယ်တော်ပရဝါ ၊ ရင်းမာဖက်ဆွတ် ၊ရင်ခတ်သရဖီ ၊ ကတ္တရီမြစ်ကိုင်း ၊ရွှေနှိုင်းပိတောက် ၊ လဲးနှင့်ပေါက်လည်း ၊ တောက်သည့်မီးရောင် ၊ ပြောင်ပြောင်ညီးညီး ၊ ပန်းတောင်ကြီးသို့ ၊ခရီးတောဝယ် ၊ မြိုင်အလယ်နှိုက် ၊ အံဘြယ္သရဲ ၊ မဖြစ်မြဲးတည်း ၊ လွံကဲးဆထက် ၊ စောကြံတက်ကို ၊ အသက်ရှိဟန် ၊ ခါမတန်နှင့် ၊ ခါတန်မွှေးကြူ ၊ အတူတူလျှင် ၊ လုလုဆိုင်းဆိုင်း ၊အားလုံးလှိုင်း၍ ၊ ပင်တိုင်းကင်းငုံ ၊ ကြိုင်နံ့ထုံသည် ၊ ပင်စုံအပွင့်အပွင့်တည်း …
ရှင်အုန်းညို၏
ဂါထာခြောက်ဆယ်ပျို့ မူဟောင်းစာအုပ်မှ သတ်ပုံများအတိုင်း။

About The Author

greenness_mm

No Comments

Leave a Reply