ရှားပါးစာရင်းဝင် မြန်မာ့သားမင်းတွေ ထိန်းသိမ်းပေးပါ

ရှားပါးစာရင်းဝင် မြန်မာ့သားမင်းတွေ ထိန်းသိမ်းပေးပါ

ကချင်ပြည်နယ် ပူတာအိုခရိုင် ရေခဲတောင်တွေရှိတဲ့ဒေသနဲ့ ပတ်ဝန်းကျင်မှာ ကျက်စားတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ မြန်မာတစ်နိုင်ငံမှာပဲရှိတယ်။ ဘေးက တရုတ် အိန္ဒိယနိုင်ငံမှာတော့ ပိုပေါတယ်။ ပုံမွန္ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေတစ်သောင်းကျော်နဲ့ ပတ်ဝန်းကျင်မှာ ကျက်စားပြီး အေးတဲ့ အချိန်ကျရင် ပေ ၅၀၀၀ ထိ ဆင်းတယ်။ သင်းကွဲတွေဟာ ပင်လယ်ရေမျက်နှာပြင် ပေ၂၅၀၀ ထိ လမ်းမှားပြီး ဆင်းလာတာမျိုးလည်း ရှိတယ်လို့သိရပါတယ်။
လူကို ရန်မူတာမျိုးတော့ မရှိပါဘူး။ တောင်ကြောတွေမှာ ထိပ်တိုက်တွေရင်တော့ ရွေးစရာလမ်းမရှိရင် ပြေးတိုက်ခွေ့ခံရပြီး သေဆုံးတာမျိုးတော့ ရှိခဲ့တယ်။ အနံ့ခံအရမ်းကောင်းတယ်။ ဥပဒေမှာတော့ လုံးဝကာကွယ်ထားတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။
ဒေသခံတွေကတော့ သားမင်းဦးချိုကို အိမ်မှာ ခိျတ်ထားရင် မီးမလောင်ဘူး။ ရေမှာ စိမ်လိုက်ရင် မိုးရွာတယ်လို့ အယူရှိကြတယ်။ ၂ ကောင်၊ ၃ ကောင်၊ ၄၊ ၅ ကောင်အုပ်တွေနဲ့ နေတာတွေ့ရပြီး မြန်မာနိုင်ငံမှာတော့ အမ်ားဆုံး အကောင် ၂၀ အုပ်ရှိတဲ့ အုပ်တွေရှိတယ်လို့ သိထားတယ်။
မိုးတွင်းကာလ ရေခဲပျော်ချိန် တစ်ဖက်နိုင်ငံက ရောက်လာတဲ့ သားမင်းအုပ်တွေတော့ တခါတေလ ရာဂဏန်းရှိတယ်လို့ ပြောကြတယ်။ ခါကာနဲ့ ဖုန်ကန်ဒေသတွေမှာတော့ သူတို့လာတဲ့လမ်းကြောင်းနဲ့ ဆားကျင်းတွေမှာ အတော်လေးပေါပြီး ခုချိန်မှာတော့ အမြဲသတ်ဖြတ်ခံရတာကြောင့် ရှားပါးလာတယ်။ သို့သော်လည်း တဖက်နိုင်ငံများမှ နှစ်စဉ် အနည်းနဲ့ အမ်ား လာရောက်နေတာကိုလည်း တွေ့ရပါတယ်။ ခါကာဒေသမှာ လူအမ်ား သိပ်မရောက်သေးတဲ့ နေရာတစ်ခုမှာတော့ သာမင်းတွေ အတော်များများကျန်သေးတယ်လို့ သိရတယ်။ တစ်ချိန်က အဲ့နေရာသွားဖို့ ကြိုးစားခဲ့ပေမဲ့ အချိန်၊ ငွေ အခက်အခဲတွေကြောင့် မရောက်နိုင်ခဲ့ဘူး။
သားမင်းတွေမှာ နိုင်ငံ နယ်နမိတ်မရှိဘူး။ ရေခဲမရှိတဲ့ မိုးရာသီမှာတော့ နေရာအနှံ့ လှည့်လည်သွားကြတာပဲ။ ဆောင်ဝင်လို့ ရေခဲကျရင်တော့ ရေခဲတောင်ကြောတွေ မဖြတ်တော့ဘူး။ တဖြည်းဖြည်း ရေခဲလွတ်ရာ ဆင်းလာတယ်။ မြန်မာပြည်မှာတော့ ရေခဲ့စကျလို့ အောက်ကို ဆင်းလာတဲ့ အချိန် အောင်တိုဘာနှောင်းပိုင်း၊ နိုဝင်ဘာလတွေနဲ့ ဆားကျင်းတွေမှာ ရေသောက်ဆင်းတဲ့ အချိန်တွေမှာ အသတ်ခံရတာများတယ်။ ၂၀၁၉၊ ၂၀၂၀ ကိုယ်ပိုင်မှတ်တမ်းအရ သားမင်းတစ်ကောင်ရရင် ၃ သိန်းကနေ ၆ သိန်းအထိ ရတယ်။ ခုတော့ ဘယ်ခြေနေရှိနေမှန်း မသိသေးဘူး။
လွန်ခဲ့တဲ့ နှစ်၂၀ ကျော် ကျောင်းသားဘဝက လေယာဉ်ကွင်းဈေးမှာ လူတစ်ယောက်က သားမင်းချိုကို ၈၀၀၀ နဲ့ ရောင်းတာတွေ့ဖူးတယ်။ အဲ့တုန်းက တရုတ်ကဝယ်တော့ ဈေးကြီးတယ်လေ။ ၂၀၁၀ နောက်ပိုင်း တရုတ်က သားမင်းကို လုံးဝတားမြစ်လိုက်ပြီး နယ်စပ်တွေမှာ အဝင်မခံတာကြောင့် သားမင်းချိုတွေ ဈေးကောင်းမရတော့ဘူး။
မြန်မာပြည်မှာတော့ ခုထိရောင်းနေကြတုန်း။ လိုင်းပေါ်မှာတောင် ပေါ်တင်ကြီး ရောင်းလာကြတယ်။ တရုတ်နယ်စပ်က ရွာတစ်ရွာမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က တရုတ်ဖက်က မိုင်းခွဲလမ်းဖောက်တော့ သာမင်းတွေ အများကြီး အဲ့ရွာရဲ့ အနီးမှာရှိတဲ့ ဆားကျင်းနဲ့ ပတ်ဝန်ကျင်ဒေသကို သားမင်းတွေ အများကြီး ပြောင်းလာကြတယ်။ နဂိုကလည်း အဲ့ပတ်ဝန်းကျင်မှာ သားမင်း အနည်းတော့ ရှိတယ်။ အဲ့ကာလမွာ ရွာသားတွေ ဆားကျင်းနားသွားပြီး အမဲလိုက္တာ အကောင်သေး အထီးအမ မက်န္ဘူး။ တစ်ခါးသွားရင် ၅ ကောင်၊ တခါတေလ အဲ့ထက်များတယ်။ သတ်ကြတာ။ ကြာတော့ ဆားကျင်းပတ်ဝန်းကျင်မှာ ဘာမွ မရှိတော့ဘူး။ ၂၀၁၈ က ကျွန်တော် အဲနေရာကိုရောက်သွားတာ ဆားကျင်းလည်း ပျက်၊ သားမင်းလည်း အဲ့ပတ်ဝန်းကျင်မှာ ခြေရာ တစ်ကောင် နှစ်လောက်ပဲ ရှိတော့တယ်။ ဆားကျင်းကလည်း ချောင်းဖျားချိုင်းခွက်ကြီးမှာဖြစ်နေပြီး အဝင်အထွက် တစ်လမ်းပဲရှိတယ်။ ဝင်လာတဲ့ အုပ်တွေအားလုံးကို လွတ်လမ်းမရှိအောင် မနက်စောစောမှာ အကာအကွယ်ယူ စနစ္တက်ကို သတ်ဖြတ်ဖို့ လုပ္ထားတာကို စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရတယ်။
သားမင်း
ပန်ဒါနီ
ရေခဲတောင်ဆိတ်
မိုနာရစ်
ဇာမဏီရစ်
လည်ပင်းနီအောက်ချင်းတွေဟာ
ပူတာအို ခါကာဘိုရာဇီဒေသရဲ့ အထင်ကရ မျိုးစိတ်တွေ ဖြစ်တယ်။
ဒေသခံတွေလည်း အလွန်အကျွံအမဲလိုက်တဲ့ အကျင့်တွေ ပြင်သင့်ပြီ။ အောက်ပိုင်းကအလည်လာတဲ့ သူတွေလည်း ပူတာအိုဒေသကို တကယ်ချစ်ရင် ခုလိုရှားပါးတိရစၧာန်တွေရဲ့ အစိတ်အပိုင်းတွေကို ဝယ်ယူခြင်း ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ အဲ့ဒါတွေ ဝယ်မဲ့အစား ဒေသထွက် သစ်ဥသစ်ဖု ပရဆေးတွေ ဒေသက စိုက်ပျိုးတဲ့ သစ်သီးဝလံနဲ့ အစားစားကောက်ပဲသီးနှံ ငရုတ် နနွင်း အားလူးဂျင်း စုံလိုပါ။ နောက်ပြီး ရိုးရာပစ္စည်းလေးတွေ ဒေသအသုံးအဆောင် လေတွေ အဲ့ဒါတွေကိုပဲ ဈေးကောင်းကောင်းပေးပြီး ဝယ်ယူအားပေးကြပါ။ ခေတ်မီပြီး ဒေသရဲ့ သဘာဝကို ထိန်းသိမ်းတဲ့ ခရီးသွားကောင်းဖြစ်အောင် လုပ်ဆောင်းပေးပါလို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။
အဆုံးထိ ဖက်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

About The Author

greenness_mm

No Comments

Leave a Reply