လက်နက်ကိုင် အစောင့်နဲ့ နေနေရတဲ့ နှစ်ကောင်တည်းသာ ကျန်တော့တဲ့ ကြံ့ဖြူ

လက်နက်ကိုင် အစောင့်နဲ့ နေနေရတဲ့ နှစ်ကောင်တည်းသာ ကျန်တော့တဲ့ ကြံ့ဖြူ

ကမ္ဘာပေါ်မှာ ကြံ့ဖြူ အထီးဆိုတာ တစ်ကောင်မှ မရှိတော့ပါဘူး ။ အခုဖော်ပြထားတဲ့ ဓာတ်ပုံက ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ ကြံ့ဖြူအမ ၂ကောင် ဖြစ်တဲ့ ဖာတူ နဲ့ နာဂျင်တို့ပဲဖြစ်ပါတယ်။
သူတို့တွေမျိုးတုန်းတော့မယ်ဆိုတာကို သိသွားပြီးနောက်ပိုင်းမှာတော့ လက်နက်ကိုင် အစောင့်တွေက သူတို့ သွားတဲ့နေရာတိုင်းကိုလိုက်ပြီး စောင့်ရှောက်နေရပါတယ်။
ကင်ညာနိုင်ငံက အိုလ်ပီဂျီတာ ထိန်းသိမ်းရေးစခန်းကို မသက်ဆိုင်သူ ဘယ်လူမှ မဝင်ရဆိုပြီး လုပ်ထားပါတယ်။
လက်နက်ကိုင်အစောင့်တွေနဲ့ကိုချပြီး အဲ့ဒိကြံ့ဖြူမ ၂ကောင်ကို စောင့်ရှောက်ထားရပါတယ်။
ဖာတူ နဲ့ နာဂျင်က သားအမိတွေပါ။ ၂၀၀၉ လောက်ကတည်းက ကြံ့ဖြူအထီးတွေ အကုန်ကုန်သွားအောင် အသတ်ခံလိုက်ရတာရယ်၊ သဘာဝအတိုင်းသေဆုံးသွားတာရယ်ကြောင့် မျိုးပွားစရာ မကျန်တော့တာပါ။
အာဖရိကမှာ ကြံ့ဖြူတွေ မျိုးမတုန်းခင်တုန်းက ဥရောပ တိရစ္ဆာန်ရုံမှာ နာဂျင်ကို မွေးထားတာပါ။ နောက်တော့ ဖာတူကို သူမရဲ့ ဇာတိမြေကို ပြန်ပို့ပေးလိုက်တာပါ။
ဂျာမဏီက ရှားပါးမျိုးစိတ် ကယ်တင်ရေးအဖွဲ့ ဖြစ်တဲ့ ဘိုင်အိုရက်စကူ အသင်းက အဲ့ဒိလိုရှားပါးမျိုးစိတ်တွေကို ကယ်တင်ဖို့ ငွေကြေး စိုက်ထုတ်တဲ့ အပြင် လက်နက်ထောက်ပံ့ရေး နဲ့ အထွေထွေလိုအပ်ချက်တွေကို ပါ လုပ်ပေးပါတယ်။
ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအကြောင်းပြချက်နဲ့ အမေဖြစ်တဲ့ နာဂျင် ( ၃၂နှစ်) ကို မျိုးပွားဖို့ လုပ်တဲ့ အစီအစဉ်ကို ပယ်ဖျက်ထားပြီး သမီးဖြစ်သူ ဖာတူကိုတော့ မျိုးပွားဖို့ အတွက် ကြိုးစားနေပါတယ်။
နာဂျင်နဲ့ ဖာတူ နေဖို့ အတွက် ကင်ညာမြောက်ပိုင်းမှာ ဧက ၇၀၀ ကို ဝန်းခြံခတ်ပြီး ၂၄ နာရီ လက်နက်ကိုင် အစောင့်နဲ့ ထားပါတယ်။
ပြည်တွင်းစစ်ဖြစ်နေလို့ သူတို့ကို စိတ်မချနိုင်စရာဖြစ်နေပေမဲ့ သူတို့ရဲ့ ဇာတိမြေမှာမျိုးပွားဖို့ လုပ်တာက အကောင်း ဆုံးဖြစ်လို့ ငွေကုန်ကြေးကျခံကာ ထားရှိတာဖြစ်ပါတယ်။
အစောင့်တွေက အဲ့ဒိကြံ့ဖြူတွေကို တိုက်ခိုက်ဖို့လာတဲ့ ခြသေ့္တွေကို ပစ်ခတ်ခဲ့သလို ကြံ့ဖြူဂျို ခိုးလာတဲ့ မုဆိုးအဖွဲ့တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ရပါတယ်။
၂၀၁၈ ကနေ ဒီနေ့အထိ ကြံ့ မုဆိုးအဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ အကြိမ်ရေ မနည်တော့ပါဘူး ။ မုဆိုး၃ယောက်ကို အသေဖမ်းမိတဲ့အထိ တိုက်ခိုက်ခဲ့ရပါတယ်။ ဖာတီကို မျိုးပွားနိုင်အောင် ကလုန်းနည်းပညာနဲ့သန္ဓေသားကိုဖန်တီးယူနိုင်အောင်ကြိုးစားနေပါတယ်။
မောင်ယဿ
REF: euronews
Photo : Justin matt

About The Author

greenness_mm

No Comments

Leave a Reply