လာအိုမှာ ပြည်သူတွေ တစ်ပိုင်တစ်နိုင် သစ်တောစောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်နေပြီ

လာအိုမှာ ပြည်သူတွေ တစ်ပိုင်တစ်နိုင် သစ်တောစောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်နေပြီ

လွန်ခဲ့တဲ့ နှစ် ၈၀ ကျော်ကတည်းက လာအိုနိုင်ငံရဲ့ အန်နမိုက် အလယ်ပိုင်းဒေသတစ်ခုလုံး သစ်တောပြုန်းတီး မှုတွေ ဖြစ်ပေါ်နေရာ ဒေသခံတွေက တစ်ပိုင်တစ်နိုင် သစ်ပင်စိုက်ပျိုးရေး နဲ့ ထိန်းသိမ်းစောက်ရှောက်ရေး လုပ်ငန်းကို ဘယ်သူရဲ့ အကူအညီမှ မယူဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ လုပ်ကိုင်နေကြပါတယ်။
အဲ့ဒိဒေသ သစ်တော ၃၀% ကျော်က သစ်ထုတ်လုပ်ငန်းတွေ ကြောင့် တောပြုန်းခဲ့တာကို ဒေသခံတွေ လယ်ယာ လုပ်ငန်းလုပ်ဖို့အတွက် တောတွေကို ချဲ့ထွင်လိုဆိုပြီး အပြစ်ပြော ခံရတာတွေကြောင့် ဒေသခံတွေက သစ်တော ပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေကို လုပ်ပြကြတာပါ။
သစ်တောတွေ ပြုန်းတီးလာလို့ ရေကြီးရေလွှမ်းမိုး ဒဏ်ကို သူတို့ လက်တွေ့ခံစားလိုက်ရပါတယ်။ လယ်ယာတွေ ဆုံးရှုံးတယ် ၊ ဒေသတွင်း ဇီဝမျိုးကွဲတွေ ရှားပါးကုန်လို့ အမဲလိုက်ရာမှာ အခက်အခဲကြုံ နေရပါတယ်။ သူတို့ က ၂၀၁၉ လောက်ကတည်း က ဒေသတွင်း မျိုးစိတ်တွေကို အရင်ဆုံး စိုက်ပျိုး ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ၂၀၂၁ မှာတော့ နိုင်ငံခြားမျိုး ၃၀၀၀ ကျော်ကို ဧက၁၀၀ကျော်စိုက်ခဲ့ပါတယ်။ အပင် ၃၀၀၀၀ ကကျော်ကို တစ်ပိုင်တစ်နိုင် အကွက်ရိုက်ပြီး ထိန်းသိမ်း နေပါတယ်။
ခေတ်မီပါတယ်ဆိုတဲ့ နိုင်ငံတွေမှာ တောင် မလုပ်နိုင်တဲ့ အဲ့ဒိ ကိစ္စကို လူနည်းစုကလေးက ကိုယ့်ထမင်း ကိုယ်စားပြီး ဘကြီးတော်နွားကျောင်းတဲ့ လာအိုက လူနည်းစု အဖွဲ့ အစည်လေးကို Global Citizen ဂုဏ်ပြုကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

မောင်ယဿ
REF; Global citizen
Photo : WWF
#Greenness

About The Author

greenness_mm

No Comments

Leave a Reply