လီသီယံတွေကို ပြန်သုံးလို့ မရရင်တော့ ကမ္ဘာပေါ်မှာ အမှိုက်အဖြစ်စုပုံ လာမှာပါ

လီသီယံတွေကို ပြန်သုံးလို့ မရရင်တော့ ကမ္ဘာပေါ်မှာ အမှိုက်အဖြစ်စုပုံ လာမှာပါ

ယနေ့ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ ၊ ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ဖို့ အတွက် ကာဗွန်ထုတ်လုပ်မှု ကိုလျှော့ချနိုင်ဖို့ ၊ ရုပ်ကြွင်းလောင်စာအစားထိုး လျှပ်စစ်မိုးဘိုင်းလုပ်ငန်းတွေ ကို ဖွံ့ဖြိုး ဖို့အတွက် ဆိုရင် လျှပ်စစ်ကို သိုလှောင်ပြီး သယ်ဆောင်သွားလို့ ရတဲ့ ဘတ်ထရီတွေ ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့ နေရာမှာ ရှိပါတယ်။
လျှပ်သို ပစ္စည်းတစ်မျိုး ဖြစ်တဲ့ ဘတ်ထရီတွေက အက်ဒီဆင် မတိုင်ခင်ကတည်းက နေ ယနေ့ အထိ အဆင့်ဆင့် ပြောင်းလဲတိုးတက်ခဲ့ပါတယ် ၊ ဧရာမ အိုးကြီး တွေကနေ သေးငယ်ဆုံး ဆဲလ်ကလေးတွေ အထိ တီထွင်လာခဲ့ကြပါတယ်။
နောက်ဆုံးပေါ် အဖြစ်နဲ့ လစ်သီယံ ဓာတ်စင်သုံး ဘတ်ထရီတွေက လျှပ်စစ်ကို အကြာကြီး နဲ့ အမျာကြီး သိမ်းဆည်းနိုင်လို့ မိုဘိုင်း လုပ်ငန်းတွေ မှာ အဓိက အစိတ်အပိုင်း တစ်ရပ်ဖြစ်လာပါပြီ။
ပြဿနာက လစ်သီယံဘတ်ထရီတွေကို ပြန်သုံးဖို့နည်းလမ်း မတွေ့နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ တစ်နှစ်ကို လစ်သီယံ ဘတ်ထရီ တန်ချိန် ၁သောင်းကျော် က ကမ္ဘာမြေကြီးပေါ်ကိုစွန့် ပစ်နေပါတယ်။
ဒီထက်မက ပိုချင်ပိုမှာပါ၊ ၂၀၄၀ မှာ စွန့်ပစ် လီသီယံ ဘတ်ထရီ တန်ချိန် ၈သန်းလောက် က ကမ္ဘာ ပေးမှာ အမှိုက်အဖြစ်နဲ့ စုပုံ လာတော့မှာပါ။
အဲ့တော့ လီသီယံ ဘတ်ထရီတွေကို ပြန်သုံးလို့ ရမယ့် နည်းပညာတွေကို ကမ္ဘာ့ သိပ္ပံပညာရှင်တွေ အပြိုင်အဆိုင်ရှာဖွေ နေရာက အမေရိကန်နိုင်ငံဘော်စတွန်မြို့ က ကုမ္ပဏီ တစ်ခုက လီသီယံ ဘတ်ထရီတွေကို ပြန်သုံးလို့ရမယ့် နည်းလမ်းတစ်ခုကို စတွေ့ခဲ့ပါတယ်။
ဟာဗတ်တက္ကသိုလ်က ဘွဲရလာပြီး Nth Cycle ကုမ္ပဏီမှာ အလုပ်လာလုပ်နေတဲ့ မီဂန် အိုကော်နာဆိုသူ အမျိုသမီးက ဘတ်ထရီထဲက ပျော်ရည် နည်းနည်း မှာ လျှပ်စစ်တွေ အမျာကြီးစုထားနိုင်တဲ့ နည်းပညာတစ်ခုကို ကံကောင်း ထောက်မစွာတွေ့ ခဲ့ရပါတယ်။
သူမရဲ့ နည်းပညာအရ ဘတ်ထရီအိုး အဟောင်းတွေကို လျှပ်သိုပစ္စည်း အဖြစ်ပြန်သုံးနိုင်တာပါပဲ ၊ Nth Cycle ကုမ္ပဏီကတော့ နည်းပညာကို အချောသတ်ရေးပြီး ကမ္ဘာကို ဖြန့်ဝေသွားမယ်လို့ ဆိုထားပါတယ်။
အဲ့ဒိနည်းပညာက အောင်မြင်သွားပြီဆိုရင် လျှပ်စစ်ပစ္စည်းတွေရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ဘတ်ထရီတွေကို ပြန်သုံးနိုင်ပြီဖြစ်လို့ လျှပ်စစ်ပစ္စည်းဈေးကွက် ကို ထိန်းထားနိုင်သလို ကမ္ဘာ့ ကာဗွန် ထုတ်လုပ်နိုင်မှု ၇၀ % ကိုလည်းလျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
မောင်ယဿ
REF; green citizen
Photo : facebook

About The Author

greenness_mm

No Comments

Leave a Reply