လူစီယားနားမှာပျောက်သွားတဲ့ ပင်လယ်လိပ်သေး တစ်မျိုးပြန်တွေ့

လူစီယားနားမှာပျောက်သွားတဲ့ ပင်လယ်လိပ်သေး တစ်မျိုးပြန်တွေ့

ကမ့်ပ်ရိုက်ဒလေ ဆိုတဲ့ ပင်လယ်လိပ်ငယ် မျိုးက အမေရိကားက လူစီယားနား ပြည်နယ်မှာ ပျောက်ကွယ်သွားတာ နှစ် ၈၀ နီးပါးလောက်ရှိပါတယ် ။ ဒီလအစောပိုင်းက ငှက်စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ က နယူးအော်လန် ကမ်းလွန်း ကျွန်းတစ်ကျွန်းဖြစ်တဲ့ ချန်ဒီလာကျွန်းကို သွားရောက်ပြီး သူတို့ရဲ့ လုပ်ငန်းစဉ်တွေကိုလုပ်နေစဉ်မှာ ကမ်းခြေတစ်နေရာမှာ လိပ်ကလေးတွေပေါက်နေတာကို တွေ့ခဲ့ပါတယ်။ သူတို့အဖွဲ့မှာ အဏ္ဏဝါပညာရှင်တစ်ယောက်ပါလာလို့ သူက အဲ့ဒိလိပ်မျိုးက ရှားပါလိပ်ငယ်တွေဆိုတာပြောပြခဲ့လို့ သူတို့က ဓာတ်ပုံရိုက်ပြီး လူစီယားနား ကမ်းခြေထိန်းသိမ်းရေးနဲ့ကာကွယ်စောင့်ရှောက်ရေး အာဏါပိုင်အဖွဲ့ကို အတည်ပြုခိုင်းရာမှာတော့ ပင်လယ်လိပ်တွေထဲမှာ အကောင်အငယ်ဆုံး ကမ့်ပ်ရိုက်ဒလေ လိပ်မျိုးမှန်း သိလိုက် ရပါတယ် ။ အဲ့ဒိမျိုးက အကြီးဆုံးအကောင်မှ ၂ပေလောက်ပဲ ရှိပါတယ် ။

 

လူစီယားနားပြည်နယ်မှာ ပျောက်ကွယ်သွားတာ ၇၅ နှစ်ကျော်သွားပြီလို့လည်း သိလိုက်ရပါတယ် ။ အဲ့ဒိအဖွဲ့ က လိပ်ပေါက်လေးတွေကို မှတ်တမ်းယူပြီးနောက်မှာ တော့ အောင်ပွဲခံခဲ့ကြပါတယ်။ အရင်က ချန်ဒီလာကျွန်းရေပြင်မှာ အဲ့ဒိလိပ်မျိုးတွေ အများကြီးရှိခဲ့ပါတယ် ။ လူတွေ နဲ့ အကောင်ကြီးတွေရဲ့ အနှောက်အယှက်‌ကြောင့် ထိန်းသိမ်းဖို့ ကြိုးစားနေဆဲမှာပဲ လုံးဝပျောက်ကွယ်သွားခဲ့ပါတယ် ။ မျိုးပွားဖို့ ဒေသတွင်းမှာရှာဖွေခဲ့ပေမဲ့ အချည်းအနှီး ဖြစ်ခဲ့ပါတယ်။ ခေတ်အ‌ခြေအနေကြောင့်ကမ့်ပ်ရိုက်ဒလေ လိပ်ငယ်မျိုးက မေ့မေ့ပျောက်ပျောက် ဖြစ်သွားရာမှ အခုလို လိပ်ပေါက်လေးတွေကို ပြန်တွေ့ရတာဖြစ်လို့ အားလုံး ပျော်ရွှင်ခဲ့ကြရပါတယ် ။

 

“ ကျ‌နော်တို့ လူစီယားနားဆိုတာ ပင်လယ်လိပ်တွေ ရဲ့ စံပျော်ရာ‌ဒေသပါ။ သူတို့တွေ ဥချတာတွေ ၊ အကောင်ပေါက်တာတွေက ကျနော်တို့ ကို အမြဲဆွဲဆောင် နိုင်ခဲ့ပါတယ် ။ ဆယ်စုနှစ်တော်တော်ကြာအောင် ပျောက်သွားတဲ့ ကမ့်ပ်ရိုက်ဒလေပေါက်စနလေးတွေရဲ့ ဓာတ်ပုံကိုမြင်ရလိုက်ချိန်မှာ ကျနော်ယုံတောင် မယုံချင်ဘူး ဖြစ်သွားပါတယ် ။ ကျနော်တို့ သဘာဝအတားအဆီးတစ်ခုကို ကျော်ဖြတ်လာနိုင်ပြီလို့ပြောရမှာပါ” လို့ အာဏါပိုင်အဖွဲ့ ခေါင်းဆောင်က သတင်းထောက်တွေကို ပြောသွားပါတယ်။ အဲ့ဒိလိပ်ငယ်လေးတွေ ပေါက်တဲ့ ရာသီက ဇွန်လအကုန် ဇူလိုင်လထဲမှာဖြစ်ပေမဲ့ အခုပေါက်တဲ့အကောင်တွေက ဥပေါက် နောက်ကျတယ်လို့ ဆိုရမှာ ပါ။

မောင်ယဿ

REF: EURONEWS

#greenness

About The Author

greenness_mm

No Comments

Leave a Reply