လေတာဘိုင်ခေါင်းကိုင်ကုမ္ပဏီ ၂ခုကို အဲလိစဘတ် အင်ဂျင်နီယာဆု ချီးမြှင့်

လေတာဘိုင်ခေါင်းကိုင်ကုမ္ပဏီ ၂ခုကို အဲလိစဘတ် အင်ဂျင်နီယာဆု ချီးမြှင့်

ဒိန်းမတ် Henrik Stiesdal နှင့် ဗြိတိန် Andrew Garrad ကုမ္ပဏီတို့အား လေအားဖြင့်စွမ်းအင်ထုတ်ယူသည့် လုပ်ငန်းကို အစဉ်အဆက် မြှင့်တင်ရန် နှစ် ၅၀ ခန့် လုပ်ဆောင်ခဲ့ကြပြီးနောက်မှာတော့ အင်ဂျင်နီယာပညာရပ် အတွက် ဂုဏ်သိက္ခာရှိတဲ့ Queen Elizabeth ဆုကို ချီမြှင့်ခဲ့ပါတယ်။
အဆိုပါ လေစွမ်းအင်ဆိုင်ရာ ဥရောပရှေ့ဆောင်ကုမ္ပဏီ နှစ်ခုကို လေစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်းတို့၏ အရေးပါသော ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် “အင်ဂျင်နီယာနိုဘယ်လ်ဆု” ဆုရရှိပါတယ်လို့ ဆုချီးမြှင့်ရေး အဖွဲ့က မနေ့က ‌ကြေညာခဲ့ပါတယ် ။ ၎င်းတို့၏ တီထွင်ဆန်းသစ်မှုများသည် ယနေ့ခေတ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နဲ့ ဓာတ်အားရောနှောမှုတွင် အရေးပါသော အခန်းကဏ္ဍကို ဖြည့်ဆည်းရန် လေစွမ်းအင်မှ ထုတ်ပေးခဲ့ကြောင်း ဆုရွေးချယ်ရေးဖွဲ့က ပြောကြားခဲ့ပါတယ်။
ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုအရ ဥရောပ၏ လျှပ်စစ်စွမ်းအင်ရရှိမှုသည် ၂၀၂၃ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျောက်ဖြစ်ရုပ်ကြွင်းဓာတ်ငွေ့ထက် လေစွမ်းအင်မှ ပိုများကြောင်း ဖော်ပြခဲ့ပါတယ်။
Garradကုမ္ပဏီက လေတာဘိုင်အခင်းများကို အကောင်းဆုံးဒီဇိုင်းဖြစ်အောင် ကွန်ပြူတာမော်ဒယ်များကို တီထွင်ခဲ့ပြီး Stiesdalကုမ္ပဏီက လေအားတာဘိုင်များ၏ အစောပိုင်းဒီဇိုင်းမူများကို လုပ်ဆောင်ကာ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ပထမဆုံးကမ်းလွန်လေရဟတ်ခြံမျာကို တပ်ဆင်ခြင်း၌ ဦးဆောင်ခဲ့ပါတယ်။
Queen Elizabeth Prize အင်ဂျင်နီယာဆုအတွက် Foundation ရဲ့ ဥက္ကဌဖြစ်သူ Lord Browne က အခမ်းအနား တွင် ဆုရရှိသူများကို ဂုဏ်ပြုခဲ့ပါတယ်။ “လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လူတွေက လေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်နဲ့ ပတ်သက်ပြီး ရယ်စရာကောင်းတဲ့ အကြံအစည်တစ်ခုလို့ ထင်မြင်ခဲ့ကြပါတယ်။ ရေရှည်မှာ အလုပ်မဖြစ် ပါဘူးလို့လည်း ဝေဖန်ခဲ့ကြပါတယ်။ တကယ်တော့ လေအားနဲ့ ပတ်သက်လာရင် အလွန်အပျက်သဘောဆောင်တဲ့ သဘောတွေကို အများကြီးကြုံတွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ အဲ့ဒိအခြေအနေထဲမှာတောင်မှ အလွန်ထူးခြားတဲ့ အင်ဂျင်နီယာတွေ အများကြီးရှိခဲ့ပါတယ် ။ ဒီကနေ့ အခင်းအကျင်းမှာတော့ အပြောင်းအလဲဖြစ်မြောက်အောင် ဖန်တီးပေးနိုင်တဲ့ ကုမ္ပဏီ၂ခုရဲ့ ကျေးဇူးကြောင့် ထူးထူးခြားခြား လမ်းတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ပါတယ်” မိန့်ခွန်းထဲမှာ ထည့်ပြီး ပြောသွားပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply