လျှပ်စစ်ကား ( EV )တွေ အတွက် အားဖြည့်တိုင် လုပ်ငန်းသစ် အင်္ဂလန်မှာတွင်ကျယ်လာပြီ

လျှပ်စစ်ကား ( EV )တွေ အတွက် အားဖြည့်တိုင် လုပ်ငန်းသစ် အင်္ဂလန်မှာတွင်ကျယ်လာပြီ

EV ( electrical vehicle ) လို့ ခေါ်တဲ့ လျှပ်စစ်ကားထုတ်လုပ်မှု ၊ တင်သွင်းမှု နဲ့ သုံးစွဲမှုတွေကို အင်္ဂလန်နိုင်ငံမှာ အကျယ်တဝင့် ခွင့်ပြုလာပြီ ဖြစ်လို့ လျှပ်စစ်ကားတွေကို အားဖြည့်ဖို့အတွက် တိုင် ( သို့ ) ခုံ လုပ်ငန်းတွေက အင်္ဂလန်ရဲ့ စီပွားရေး လုပ်ငန်းတစ်ခုအဖြစ် တွင်ကျယ်လာပါပြီ။

လာမယ့်နှစ်မှာ အင်္ဂလန်နိုင်ငံက အဆောက်အအုံတော်တော်များများ မှာ အားဖြည့်ခုံတွေ တပ်ဆင်ဖို့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေကို ဝန်ကြီးဘောရစ်ဂျွန်ဆင်က တွေ့ဆုံဆွေးနွေးပြီး ညွှန်ကြာချက်တွေ ပေးခဲ့ပါတယ်။ ပြီးရင် အစိုးရပိုင်း က ပေးရမယ့် အကူအညီတွေကိုလည်း လုပ်ငန်းလည်ပတ်ရင်း တောင်းခံခွင့် ကို ပေးလိုက်ပါတယ်။ လာမယ်နှစ်ကနေစပြီး တည်ဆောက်တဲ့ အိမ်တိုင်းမှာ လျှပ်စစ်ကားတွေအတွက် အားဖြည့်ခုံတွေ ပါဝင်ရမယ် ဆိုတဲ့ စီမံကိန်းကိုလည်း ရေးဆွဲလိုက်တဲ့အပြင် စူပါမာကတ်တွေ ၊ အလုပ်ခွင် တွေမှာ နဲ့ ယာဉ်ကြောထူထပ်တဲ့ နေရာတွေက ယာဉ်ရပ်နားစခန်းတွေမှာ အားသွင်းခုံတွေကို တည်ဆောက်ဖို့အတွက် လုပ်ဖို့ပြင်နေကြပါတယ်။

ဗြိတိန်က ၂၀၅၀ မှာ ကာဗွန်ထုတ်လွှတ်မှု သုံည အဆင့်ဖြစ်အောင် ကြိုးစားအားထုတ်မှုရဲ့ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ၂၀၃၀ မှာ ဓာတ်ဆီ ၊ ဒီဇယ်ကား တွေ အပြီးပိတ်သိမ်းမှာဖြစ်လို့ လျှပ်စစ်ကားတွေအတွက် အားသွင်းခုံတွေ တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ “ အင်္ဂလန်မှာ လျှပ်စစ်ကားအရောင်းတွင်လာတာ နှစ်စဉ် ၇၀% လောက်အထိ တိုးတက်နေပါတယ်။ ၂၀၃၀ မှာ သေချာပေါက် ဖြစ်လာမှာက ဟိုက်ဒရိုဂျင်ပါဝါသုံး ကားတွေနဲ့ လျှပ်စစ်ကားတွေပဲ ဖြစ်ပါတယ်။ အင်္ဂလန်မှာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ ကာဗွန်ဒိုင်အောက်ဆိုက်ထွက်တယ်ဆိုတာ လုံးဝမရှိတော့အောင် လုပ်မှာပါ “ လို့ ဂျွန်ဆင်က ဆိုပါတယ်။ လက်ရှိအနေအထားမှာ အင်္ဂလန်က အားသွင်းခုံ တွေ ထားတဲ့ပွိုင့်နေရာ ၂သောင်း ခွဲ လုပ်ပြီးပါပြီ ။ ၂၀၃၀ မှာတော့ အားသွင်းခုံပွိုင့်တွေများများ ထားနိုင်တော့မှာ ဖြစ်တဲ့အတွက် လျှပ်စစ်ကားတွေ ၁၀ ဆ ကျော် တိုးတက်လာမှာဖြစ်တယ်လို့ စီပွားရေးအာဏါပိုင် အဖွဲ့ က ဆိုပါတယ်။

 

မောင်ယဿ ( နိုဝင်ဘာ ၂၄ )

REF; euronews

Photo ; euro news

About The Author

greenness_mm

No Comments

Leave a Reply