လျှပ်စစ်ဓာတ်အားရရှိခြင်းဖြင့် ပိုမိုရေရှည်တည်တံ့သော အနာဂတ်ကို တည်ဆောက်ကြမယ်

လျှပ်စစ်ဓာတ်အားရရှိခြင်းဖြင့် ပိုမိုရေရှည်တည်တံ့သော အနာဂတ်ကို တည်ဆောက်ကြမယ်

လျှပ်စစ်ဓာတ်အားရရှိမှုက စွမ်းအင်ထိရောက်မှုမှသည် ရေရှည်တည်တံ့သောအလေ့အကျင့်များအထိ၊ သယ်ယူပို့ဆောင်ရေးမှ ကုန်ထုတ်လုပ်မှုအထိ၊ လူနေအိမ်၊ စီးပွားရေး နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းတွင် ဝန်ထမ်းပေါင်း ၁၅၀၀ကျော်ရှိသည့် အီတလီတွင် ရုံးချုပ်အခြေစိုက်သည့် ZAPI GROUP သည် လျှပ်စစ်အားလုံး၏ အနာဂတ်သို့ ကူးပြောင်းမှုကို အင်ဂျင်နီယာအဖြစ် ကူညီပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ကုမ္ပဏီသည် လှုပ်ရှားမှုထိန်းချုပ်ရေးကိရိယာများ၊ လျှပ်စစ်မော်တာများ၊ ကြိမ်နှုန်းမြင့်ဘက်ထရီအားသွင်း ကိရိယာများ နှင့် အလိုအလျောက်သွားလာနိုင်သော ဆော့ဖ်ဝဲများပါဝင်သည့် ထုတ်ကုန်လုပ်ငန်းများကိုတီထွင် လုပ်ကိုင်နေသော အဖွဲ့ ဖြစ်သည် ။
ZAPI GROUP မှ အမှုဆောင်ဒါရိုက်တာ Claes Avasj သည် POWER မဂ္ဂဇင်း နှင့် မေးခွန်း-အဖြေကဏ္ဍတွင် လျှပ်စစ်ဓာတ်အားရရှိရေးဆိုင်ရာ ကဏ္ဍပေါင်းစုံနှင့် ၎င်း၏ကဏ္ဍအသီးသီးအပေါ် အကျိုးသက်ရောက်မှုများကို ဆွေးနွေးခဲ့သည်။ Avasj ၏ အာရုံစိုက်မှုသည် လူများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်ငန်း၏ ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုကို အာမခံချက်ပေးရန်ဖြစ်သည်။
POWER ။ ။ လျှပ်စစ်ဓာတ်အားရရှိရေးရဲ့ အရေးကြီးဆုံးကဏ္ဍက ဘာလဲ ။ ရုပ်ကြွင်းလောင်စာများမှ ဝေးရာသို့ ရွေ့လျားနေပါသလား။ စွမ်းအင်ထိရောက်မှုအပေါ် အလေးပေးမှု တိုးလာသလား။
Avasj ။ ။ ခေတ်သစ် လျှပ်စစ်ဓာတ်အားရရှိရေး၏ ကနဦးအဆင့်ကာလအတွင်းမှာ စွမ်းအင်ထိရောက်မှုသည် တိုးတက်မှုကို မောင်းနှင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါတယ် ။ အဓိကကတော့ လောင်စာဆီ ချွေတာရေးနဲ့ စက်ပစ္စည်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ အာရုံစိုက်ထားခြင်းပဲ ဖြစ်ပါတယ်။ ။
သို့သော်လည်း နည်းပညာများ တိုးတက်လာသည်နှင့်အမျှ လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဆီသို့ အာရုံပြောင်းလာခဲ့ပါတယ် ။
ယနေ့ခေတ်တွင် လျှပ်စစ်ဓာတ်အားရရှိရေး၏ အဓိကမောင်းနှင်အားမှာ ပိုမိုရေရှည်တည်တံ့သော အနာဂတ်သို့ ကူးပြောင်းဖို့ပဲဖြစ်ပါတယ် ။ လျှပ်စစ်ဓာတ်အားရရှိခြင်းက ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့ ၊ လေထုအရည် အသွေးကို မြှင့်တင်ဖို့ နဲ့ ပိုမိုကျန်းမာပြီး ဘေးကင်းသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးဖို့ ပဲရည်ရွယ်ပါတယ် ။ ယင်းတွင် သယ်ယူပို့ဆောင်ရေး၊ စက်ကိရိယာနှင့် ပစ္စည်းများကဏ္ဍများတွင် ရုပ်ကြွင်းလောင်စာ များမှ ဝေးရာသို့ ရွှေ့ပြောင်းခြင်း ပါဝင်ပါတယ်
လျှပ်စစ်ပစ္စည်းများသည် ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းအတွင်း ပြောင်းလဲမှု၏ အဓိကမောင်းနှင်အားဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကို လျော့ပါးစေရန်အတွက် သိသာထင်ရှားသော ခြားနားချက်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ် ။ ရေရှည်လုပ်ငန်းစဉ်တစ်ခုဖြစ်သော်လည်း ရေရှည်တည်တံ့သော အနာဂတ်ကိုရရှိရန်အတွက် လျှပ်စစ်ဓာတ်အားရရှိရေးသို့ ကူးပြောင်းခြင်းသည် မရှိမဖြစ်လိုအပ်ပါတယ်။
စက်မှုလုပ်ငန်းအခြေအနေတွင် လျှပ်စစ်ဓာတ်အားရရှိခြင်း၏ အကျိုးကျေးဇူးများစွာရှိပါတယ် ။
ဥပမာအားဖြင့်၊ လျှပ်စစ်ပစ္စည်းသုံး ဆောက်လုပ်ရေးပစ္စည်းများသည် ပိုမိုကောင်းမွန်သောအရှိန်နှင့် ကုန်ထုတ်စွမ်းအားမောင်းနှင်မှုစွမ်းဆောင်ရည်ကြောင့်တိုးလာနိုင်သလို အလုပ်သမားများရဲ့ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေနိုင်တဲ့ ဆူညံသံနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်လို ဓာတ်ငွေ့ထုတ်လွှတ်မှုတို့ကို လျှော့ချပေးနိုင် ခြင်း ဖြစ်ပါတယ်။ ဆူညံသံညစ်ညမ်းမှုကြောင့် အကြားအာရုံဆုံးရှုံးနိုင်ခြင်း၊ အင်ဂျင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ် လာတဲ့ တုန်ခါမှုကြောင့် ပင်ပန်းနွမ်းနယ်မှုပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး ဒီဇယ်ကနေ ဓာတ်ငွေ့ထုတ်လွှတ်မှု ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ် ။ အန္တရာယ်ကင်းသော လုပ်ငန်းခွင်အခြေအနေများက ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အလုပ်သမားများအတွက် အထူးအရေးကြီးပါတယ် ။
ပိုမိုကျယ်ပြန့်သော ရပ်ရွာရှုထောင့်မှနေ၍ လျှပ်စစ်မီးရရှိခြင်းက လေထုနှင့် ဆူညံသံများ ညစ်ညမ်းမှု ထင်ရှားသော ပြဿနာများဖြစ်သည့် မြို့ပြများရှိ လူများ၏ လူနေမှုဘဝ ပိုမိုကောင်းမွန်လာစေရန် ပို့ဆောင်ပေးနိုင်ပါတယ် ။
POWER ။ ။ လျှပ်စစ်ဓာတ်အားရရှိရေး နဲ့ ပတ်သက်ပြီး ဘယ်သူက တွန်းအားပေး ရမှာလဲ ။
ဒေသန္တရ၊ ပြည်နယ်၊ ဖက်ဒရယ် အစိုးရ တွေလား ။ ရရှိလာတဲ့ လျှပ်စစ်ဓာတ်အားကို ဘယ်သူတွေအတွက် အဓိက သုံးမှာလဲ။ ကူးသန်းရောင်းဝယ်ရေးလား ။ စက်မှုလုပ်ငန်းလား ဒါမှမဟုတ် လူနေအိမ်ရာကဏ္ဍ အတွက် လား ။
Avasj ။ ။ ဒါကတော့ဗျာ အစိုးရတွေ၊ လူနေအိမ်တွေ၊ ကူးသန်းရောင်းဝယ်ရေး နဲ့ စက်မှုကဏ္ဍတို့တွေက ပူးပေါင်း ဆောင်ရွက်သင့်ပါတယ် ။ တကယ်တော့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးက လျှပ်စစ်မီးရရှိရေးမှာ ပါဝင် ဆောင်ရွက်ဖို့ လိုအပ်တယ်။ လျှပ်စစ်ဓာတ်အားရရှိရေးကို လှုံ့ဆော်ပေးသည့် မူဝါဒများကို ဖန်တီးရန် အစိုးရများတွင် တာဝန်ရှိပြီး အသုံးပြုမယ့်သူတွေ ပိုမိုလက်လှမ်းမီနိုင်စေရန်နဲ့ အတိုင်းအတာ တစ်ခုအနေနဲ့ အခြေခံအဆောက် အအုံ များမှာ ရင်းနှီးမြှုပ်နှံသင့်ပါတယ် ။
လူနေအိမ်နှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍများက ၎င်းတို့ရဲ့ အဆောက်အဦနှင့် မော်တော်ယာဉ်များတွင် လျှပ်စစ်ဓာတ်အားရရှိရန် စတင်လုပ်ဆောင်လာ ကြပြီဖြစ် သလို စက်မှုကဏ္ဍများကလည်း ၎င်းတို့၏ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေးသုံး စက်ကိရိယာများနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များတွင် လျှပ်စစ်ဓာတ်အားရရှိရေးကို စတင်လက်ခံလာကြပါပြီ ။
လျှပ်စစ်ဓာတ်အား ရရှိရေး ပန်းတိုင်ရောက်ဖို့ ကဏ္ဍအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။
မောင်ယဿ ဘာသာပြန်သည်၊
( ဆက်လက်ဖော်ပြပါမည် )

About The Author

greenness_mm

No Comments

Leave a Reply