ဝိတိုရိယ၊ နတ်မတောင် သို့မဟုတ် သုံးမည်ရ ခေါ်နူးစုမ်

ဝိတိုရိယ၊ နတ်မတောင် သို့မဟုတ် သုံးမည်ရ ခေါ်နူးစုမ်

ခရီးသွားတွေကြားမှာ လူသိများလာပြီး သြားလာဖို့ ရေပန်းစားနေတာက ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ထဲက နတ်မတောင်ဖြစ်ပါတယ်။ ကိုယ်တွေ အလယ်တန်းကျောင်းသားဘဝက ပထဝီဝင်ဘာသာရပ်မှာ သင်ခဲ့ရတဲ့ ပေ ၁၀၀၀၀ ကျော်မြင့်တဲ့ ဝိတိုရိယတောင်လို့သိထားတာပါ။
ယခုအခါမှာတော့ ဝိတိုရိယ(သို့)နတ်မတောင်၊ ချင်းဘာသာအားဖြင့် ခေါ်နူးစုမ်ဆိုပြီး အမည်သုံးမျိုး သုံးလီနဲ့ ထင်ရှားနေတာပါ။ နတ်မတောင်ဟာ အမြင့်ပေအားဖြင့် ပေ ၁၀၂၀၀၊ မီတာအားဖြင့် ၃၈၅၃ မီတာအမြင့်ရှိပြီး အာဆီယံဒေသရဲ့အမြင့်ဆုံး မြေသားတောင်လည်းဖြစ်ပါတယ်။
ကန်ပက်လက်မြို့ကနေ နတ်မတောင်ခြေစခန်းကို ၁၀ မိုင်သာသာလောက်ဝေးပေမယ့် တောင်တက်၊ တောင်ဆင်းလမ်းတွေကြောင့် မောင်းချိန် တစ်နာရီကျော်လောက် ရှိပါတယ်။ တောင်ခြေကနေ တောင်ပေါ်အထိ ခြေကျင်တက်သူတွေရှိကြသလို အများအားဖြင့်ကတော့ တောင်တက်ကားနဲ့ ပေ ၉၀၀၀ အထိ တက်ကြတာပါ။ ခြေကျင်တက်ကြသူတွေကတော့ လမ်းတစ်လျှောက်မှာ သဘာဝထင်းရှူးတောကြီးတွေ၊ ချယ်ရီပင်တွေနဲ့ တောရိုင်းပန်းမျိုးစုံကို တွေ့ကြရပါတယ်။
တောင်တက်ကားနဲ့ ပေ ၉၀၀၀ အထိ တက်ပြီးရင်တော့ တောင်ထိပ်ရောက်ဖို့ ကျန်ပေ ၁၀၀၀ ဆက္တက္ဖို့ ဆိုင်ကယ်တွေရှိပါတယ်။ ဆိုင်ကယ်ခက အတက်တစ်ကြောင်း ကျပ် ၅၀၀၀ နဲ့ အဆင်းတစ်ကြောင်း ကျပ် ၅၀၀၀ ဖြစ်ပါတယ်။ တောင်ထိပ်မှာတော့ ဇိနမာန်အောင်ဘွဲ့အမည်နဲ့ စေတီလေးတစ်ဆူကို ဖူးတွေ့နိုင်ပါတယ်။
အဲဒီစေတီနဲ့ ခပ်လှမ်းလှမ်းမှာတော့ စကျင်သားကျောက်ဆင်းတုထိုင်ကိုယ်တော်ကြီးတစ်ဆူကို ထပ်မံဖူးတွေ့ရပါတယ်။ မကြာခင်မှာတော့ ပလ္လင်နဲ့တန်ဆောင်းအလှူရှင်တွေ ပေါ်ပေါက်လာမယ်လို့ထင်မြင်မိပါတယ်။
တောင်ထိပ်မှာတော့ ဓာတ်ပုံမှတ်တမ်းတင်ဖို့ လှပတဲ့နေရာအတော်များများ တွေ့ရပါတယ်။ အမှတ်အသားအဖြစ် ခေါ်နူးစုမ်အမျိုးသားဥယျာဉ်(KHAW-NUM CONG NATIONAL PARK)၊ အာဆီယံအမွေအနှစ်ဥယျာဉ်(ASEAN HERITAGE PARK)၊ နတ်မတောင် အမျိုးသားဥယျာဉ်(NATMATAUNG NATIONAL PARK)ရယ္လို့ လှပတဲ့ဆိုင်းဘုတ်တွေ စိုက်ထူထားပါတယ်။
ခေါ်နူးစုမ်လို့ခေါ်တဲ့ နတ်မတောင်ရဲ့ကျော်ကြားတဲ့ အလွအပေတြကေတာ့ အခြားအရပ်ဒေသတွေမှာ တွေ့ရခဲတဲ့ ချင်းပြည်နယ်ရဲ့သင်္ကေတ တောင်ဇလပ်ပန်း၊ သစ္စာတရားရဲ့ ပြယုဂ် အောက်ချင်းငှက်နဲ့ တောင်ထိပ်တောင်ဖျားက တိမ်ပင်လယ်အစရှိတဲ့ အလှအပတွေပဲဖြစ်ပါတယ်။ တောင်ဇလပ်မှာ အနီ၊ အဖြူနဲ့ အဝါဆိုပြီး သုံးမျိုးရှိတယ်လို့ သိရပေမယ့် နတ်မတောင်ပေါ်မှာတော့ တောင်ဇလပ် အနီရဲရဲတွေသာ တွေ့ခဲ့ရပါတယ်။
ဝက်သစ်ချပင်အိုကြီးတွေ၊ ဒါ့အပြင် သဘာဝထင်းရှူးတောကြီးတွေနဲ့ အမျိုးအမည်ပြောမပြတတ်တဲ့ ပန်းရိုင်းမျိုးစိတ်တွေ၊ သစ်ခွမျိုးစုံနဲ့ အေးစက်ကြမ်းတမ်းတဲ့ တောင်ပေါ်လေအေး အထိအတွေ့တွေကလည်း နတ်မတောင်ကို ကျော်ကြားစေတဲ့ အထောက်အပံ့ကောင်းတွေ ဖြစ်ပါတယ်။
နတ်မတောင်ထိပ်မှာ တိမ်ကျတဲ့ရက်တွေဆိုရင် မနက် ၆ နာရီကေန ၉ နာရီအထိ ရေလှိုင်းသဖွယ် တိမ်ပင်လယ်ကို တွေ့ရတယ်လို့ ဆိုပါတယ်။ နတ်မတောင်ခြေကနေ တောင်ထိပ်အထိ ပေ ၁၀၀၀၀ ကျော်ကို ခြေကျင်တက်သူများလည်း ရှိပါတယ်။ သူတို့တစ်တွေကတော့ သစ်ခွမျိုးစုံ၊ ပန်းမျိုးစုံနဲ့ အောက်ချင်းငှက်အပါအဝင် နတ်မတောင်အတွင်း ပေါက်ဖွားကျက်စားတဲ့ ငှက်မျိုးစိတ်တွေကို ရှာဖွေလေ့လာကြည့်ရှုကြသူတွေပါ။
ခေါ်နူးစုမ်လို့ခေါ်တဲ့ နတ်မတောင်ကို ၁၉၃၆ ခုနှစ်မှစတင်ကာ သစ်တောဥပဒေ (၁၉)အရ ဥတုထိန်းကြိုးဝိုင်းအဖြစ် ဖွဲ့စည်းကာကွယ်ထားရှိခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ အမျိုးသားဥယျာဉ်အဖြစ် ရည်ရွယ်ကြောင်း ကြေညာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ အမျိုးသားဥယျာဉ်အဖြစ် ဖွဲ့စည်းခဲ့ကာ ၂၀၁၂ ခုနှစ်မှာ အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
နတ်မတောင်ရဲ့ တည်နေရာက ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီ သုံးမြို့နယ်အတွင်း ကျရောက်နေပြီး အကျယ်အဝန်းမှာ ဧကအားဖြင့် ၁၇၆၂၀၂၊ စတုရန်းမိုင်အားဖြင့် ၂၇၅ ဒသမ ၃၁၅ စတုရန်းမိုင်ကျယ်ဝန်းပါတယ်။
နတ်မတောင်က ပြန်အဆင်းမှာတော့ ကန်ပက်လက်မြို့ကလေးကို အလည်အပတ်နဲ့ ဈေးဝယ်ထွက်ကြပါတယ်။ အဓိကကြည့်စရာက ပါးရဲထိုးထားတဲ့ ချင်းတိုင်းရင်းသားတွေ၊ နှာခေါင်းနဲ့ပလွေတူရိယာမှုတ်ပြတဲ့ ချင်းအမျိုးသမီးကြီးတွေရဲ့ဖျော်ဖြေမှုနဲ့ ချင်းလူမျိုးတွေရဲ့ ရိုးရာအစားအစာတွေနဲ့ ရိုးရာယဉ်ကျေးမှုပစ္စည်းတွေပဲ ဖြစ်ပါတယ်။
ချင်းမျိုးနွယ်စုတွေထဲမှာ ရိုးရာအလိုက် ပါးရဲထိုးတဲ့ဓလေ့ရှိပါတယ်။ ပါးရဲထိုးတဲ့အခါ သဘာဝသစ်ပင်က ဆူးချွန်သုံးကြောင်းကိုစုပြီး ဖော်စပ်ထားတဲ့ ဆေးနဲ့တို့ကာ စုတ္ထိုးသလို မျက်နှာတစ်ပြင်လုံး ထိုးတာဖြစ်ပါတယ်။ ပါးရဲထိုးရာမွာ စုတ်အဖြစ် အသုံးပြုတဲ့ အပင်က ဆူးချွန်လေးတွေကိုပါ ပြသထားပါတယ်။
လူသိမ်ားတဲ့ ချင်းရိုးရာအစာက ဆာဗူးသီး အလွယ်ခေါ်ကြတဲ့ ပြောင်းဆန်ပြုတ်ပါ။ အသီးအရွက်နဲ့ရောပြုတ်သလို အသားထည့်ပြီးပြုတ်တာမျိုးလည်း ရှိပါတယ်။ ရိုးရာအစာမို့ အလေးထားပြီး မြည်းစမ်းကြည့်ရာမှာ ပြောင်းဖူးအချိုဓာတ်နဲ့ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေကြောင့် အရသာတွေ့ပါတယ်။
မိမိတို့အဖွဲ့ ရွားရွားပါးပါး စားခဲ့ရတဲ့ ရိုးရာအစာ နောက်တစ်မျိုးက နွားနောက်သားပါ။ ခရစ္စမတ်အချိန်နဲ့ ကြုံကြိုက်လို့ ပေါပေါစားရတာပါတဲ့။ နောက်အထူးအဆန်း ဟင်းတစ်မည်က ပြာဟင်းပါ။ ဝါးရွက်တစ်မျိုးကို ပြာချပြီး ဆားအစားအသုံးပြုကာ အသားတစ်မျိုးမျိုးနဲ့ ခ်က္ထားတာလို့ ပြောပါတယ်။
နတ်မတောင်ကိုသွားရင် ခရီးသွားအေဂျင်စီတွေနဲ့ ဆက်သွယ်ပြီးတိုက်ရိုက်သွားနိုင်သလို စရိတ်သက်သာတဲ့အနေနဲ့ လိုင်းကားစီးပြီးလည်းသွားနိုင်ပါတယ်။ ရန်ကုန် -ချောက်လိုင်းကားစီးပြီး ချောက်မှတစ်ဆင့် ချောက်-ကန္ပက္လက္ကားကို စီးပြီးလည်း သွားနိုင်ပါတယ်။ သတိပြုဖို့က ချောက်ကနေ ကန်ပက်လက်သွားတဲ့လမ်းကြောင်းမှာ တောင်တက်၊ တောင်ဆင်း အကွေ့တွေများလှတာမို့ ကိုယ်ပိုင်ကားနဲ့သွားကြသူများအဖို့ လမ်းကြောင်းမောင်းဖူးသူများသာ မောင်းကြဖို့ သတိပေးလိုပါတယ်။
တောင်ခြေကနေ ပေ ၉၀၀၀ အမြင့်အထိ အန်စာတုံးကားများနဲ့တက်ကြရာမှာလည်း အချိုးအကွေ့တွေရှိတာမို့ ကျွမ်းကျင်သူများသာ မောင်းကြစေချင်ပါတယ်။ ပေ ၉၀၀၀ အဆုံးမွာ ကျန်ပေ ၁၀၀၀ ကို အမ်ားစုက အငှားဆိုင်ကယ် (ဆိုင်ကယ်ကယ်ရီ) တွေနဲ့ တက်ကြရာမှာ တောင်တက်၊ တောင်ဆင်းတွေမှာ အရှိန်အဟုန်နဲ့ မောင်းကြရတာမို့ ခရီးသြားမ်ား ဆိုင်ကယ်စီးဦးထုပ်ကို မျဖစ္မေန ဆောင်းသင့်ပါကြောင်း အကြံပြုချင်ပါတယ်။
ချင်းပြည်နယ်ရဲ့ ဂုဏ်ဆောင် ခေါ်နူးစုမ်တောင်ဟာ သဘာဝအတိုင်း ကျန်ရှိနေတဲ့၊ သဘာဝပတ်ဝန်းကျင် အမ်ားအျပား ကျန်ရှိနေသေးတဲ့ အမျိုးသားဥယျာဉ်ဖြစ်သလို အာဆီယံနိုင်ငံများရဲ့ အမွေအနှစ်တစ်ခုလည်း ဖြစ်တာကြောင့် ပြည်ထောင်စုသားများ အလေးထားထိန်းသိမ်းရမယ့် ရတနာတစ်ပါးရယ်လို့ တင်စားချင်ပါတယ်။
ဒါကြောင့် ခရီးသြားမ်ားအဖို့ သဘာဝပတ်ဝန်းကျင်တစ်ခုကို ထိခိုက်ပျက်စီးစေမယ့် အရာအားလုံးကို မပြုမူမိကြစေဖို့ကိုတော့ တာဝန်တစ်ရပ်အနေနဲ့ သတ်မှတ်စောင့်ထိန်းသင့်လှပါကြောင်း တင်ပြလိုရင်းဖြစ်ပါတယ်။
ရေးသူ – #စံလွင်(ငါးဦးစီး)
The Standartime
https://www.facebook.com/599363770175581/posts/2465497816895491/
Photo: CRD

About The Author

greenness_mm

No Comments

Leave a Reply