ဝေလငါး မိတ်လိုက်ချိန်မျာ SHELL ရေနံကုမ္ပဏီက ရေအောက် ဖောက်ခွဲရေးလုပ်ဖို့ စီစဉ်နေ

ဝေလငါး မိတ်လိုက်ချိန်မျာ SHELL ရေနံကုမ္ပဏီက ရေအောက် ဖောက်ခွဲရေးလုပ်ဖို့ စီစဉ်နေ

SHELL (ရှဲ ) ရေနံကုမ္ပဏီက တောင်အာဖရိကနိုင်ငံ ကမ်းခြေမှာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးအတွက် စမ်းသပ်မှုတွေ စလုပ်နေပါတယ်။ အဲ့ဒိစီမံကိန်းရဲ့ စမ်းသပ်မှုက ဝေလငါးတွေ မိတ်လိုက်ချိန်ဖြစ်လို့ ၎င်းတို့အတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေပါတယ်။
ရေနံ နဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းအတွက် စမ်းသက်မှုလုပ်ချိန်မှာ ဖောက်ခွဲရေးတွေကို လုပ်ရပါတယ်။ ပင်လယ်ရေအောက်မြေပြင်မှာ တွင်းတွေတူးပြီး ဖောက်ခွဲရေးတွေ လုပ်ကြတော့မှာပါ။ အခု ဒီဇင်ဘာလ ၁ရက်နေ့ကနေစပြီး နောက်ထပ် ၅ လကြာအောင် စမ်းသက်မှုတွေ ကို လုပ်တော့မှာပါ။ သူတို့ စမ်းသက်မှုလုပ်မယ့် စိန့်ဂျွန် ကမ်းခြေနဲ့ မော်ဂန်ပင်လယ်အော်ကြား နေရာက အဏ္ဏဝါတောရိုင်း သဘာ၀ ပင်လယ်နေရာဖြစ်ပါတယ်။
သူတို့တွေလုပ်မယ့် ဖောက်ခွဲမှုရဲ့ အသံလှိုင်းတွေက ရေထဲမှာ ၃ ကီလိုမီတာအထိ သွားပြီး ကမ္ဘာ့အက်ကွဲကြောင်း မြေကြီးထဲကို မီတာ ၄၀ လောက်အထိဆင်းသွားမှာပါ။ အဲ့ဒိအသံလှိုင်းတွေက ပင်လယ်အောက်မှာရှိတဲ့ ရေနေသက်ရှိတွေကို အန္တရာယ်ပေးတော့မှာပါ။ ဒါတောင်ရေနံစတူးတဲ့အခါ ဖြစ်လာမယ့် ရေထုညစ်ညမ်းမှုတွေကို ထည့်မတွက် ရသေးပါဘူး ။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု နဲ့ တောင်အာဖရိက အမျိုးသားအရေးပေါ် မူဝါဒ နဲ့ လုံး၀ ပတ်သက်သွားပါပြီ ။ အဲ့ဒိ ကမ်းလွန် ဒေသမှာ ရှဲက စီးပွားဖြစ်ရေနံတူးဖော်မှုတွေကို လုပ်တော့မှာပါ။ ဒေသတွင်း ဖွံ့ဖြိုးမှု နဲ့ နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ လိုက်လာတော့မှာပါ။
အဲ့ဒိကိစ္စကို တောင်အာဖရိက ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်ရေးသမားတွေက ကျယ်ကျယ် လောင်လောင် အသံထွက်လာပါပြီ။ ကိတ်တောင်းမြို့ မှာ အခြေစိုက်ထား တဲ့ အိတ်စတန်းရှင် ရီဘယ်လီယံ အဖွဲ့ က အဲ့ဒိစီမံကိန်းကို တားဖို့ ဒေသခံတွေရဲ့ လက်မှတ်ကိုကောက်ယူတဲ့နေရာမှာ ၃သိန်းခွဲကျော်ရနေပါပြီ။ ဖောက်ခွဲမှု က ၁၀ စက္ကန့်ကို တစ်ကြီမ်နှုန်းနဲ့ ဖောက်မှာဆိုတော့ သေချာတာက ဝေလငါးတွေအပြင် ငါးမန်းတွေ ၊ လင်းပိုင်တွေ ၊ ဖျံတွေ ၊ ပင်ဂွင်းတွေနဲ့ ဂဏန်းတွေတောင် အန္တရာယ်ဖြစ်သွားမှာပါ။
“ ကမ္ဘာ့ခေါင်းဆောင်တွေက ကမ္ဘာ့ ရာသီဖောက်ပြန်မှု နဲ့ပတ်သက်ပြီး ရုပ်ကြွင်းလောင်စာတွေ မသုံးဖို့ စီစဉ်နေပေမဲ့ လက်တွေ့မှာတော့ ဒေသတွင်း စွမ်းအင်မလုံလောက်မှုကြောင့် ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ က တော့ လှည်ပတ်နေဆဲပါပဲ . သဘာ၀ ပတ်ဝန်းကျင်တွေ ကလည်း ပျက်စီးမြဲ ပျက်စီးနေဆဲပါပဲ” လို့ အာဖရိက ဂရင်းပိစ့် အဖွဲ့ က ဆိုပါတယ်။
မောင်ယဿ ( ဒီဇင်ဘာ ၂ )
REF: euronews
Photo : offshore energy biz

About The Author

greenness_mm

No Comments

Leave a Reply