သစ်စေ့များမှ သစ်ပင်အဖြစ်သို့

သစ်စေ့များမှ သစ်ပင်အဖြစ်သို့

မိမိတို့ အိမ်မှာ စားသုံးနေကြတဲ့ အသီးများ ဖြစ်တဲ့ သရက်သီး၊ မာလကာသီး ၊သင်္ဘောသီး၊ ပိန္နဲသီး၊ လိမ္မော်သီး စတဲ့ အသီးတွေရဲ့ အစေ့တွေကို အမှိုက်ပုံးတဲ့ မထည့်ဘဲနဲ့ ၎င်းအသီးတို့ရဲ့ အစေ့လေးတွေကို ရေဆေးပြီး နေရောင်ဖြင့် တစ်ရက် နှစ်ရက်နေလှမ်းကာ ဘူးခွံ အလွတ်၊ ကြွပ်ကြွပ်အိတ်(သို့) ပလတ်စတစ် အိတ်လေးများဖြင့် သိမ်းဆည်းထားလိုက်ပါ။

ထို့နောက် မိမိတို့ နေရပ်မှ ကိုယ်ပိုင်ကား (သို့) အဝေးပြေးကား တို့ဖြင့် တစ်ခြား ဒေသသို့ အလည်အပတ်ပဲ ဖြစ်ဖြစ် အလုပ်ကိစ္စပဲ ဖြစ်ဖြစ် စတဲ့ အကြောင်းအမျိုးမျိုး တို့ကြောင့်ခရီးသွားရတဲ့ အခါများမှာ ထိုနေလှမ်းထားသော အသီးစေ့လေးများကို ယူဆောင် သွားလိုက်ပါ။ လမ်းခရီး တစ်နေရာရာမှာ ခနနားချိန် (သို့) လမ်းဘေးတစ်နေရာမှာ ကားခနရပ်ချိန်များမှာ မိမိတို့ယူဆောင်လာတဲ့ ထို အသီးစေ့လေးတွေကို လမ်းဘေး တစ်နေရာရာမှာ ပစ်ကြဲခဲ့လိုက်ပါ။ အချိန်မရလို့ လမ်းမှာ ကားမရပ်ဖြစ်ခဲ့တောင်မှ လမ်းဘေး တနေရာရာမှာ ထိုအသီးစေ့လေးတွေကို ပစ်ကြဲခဲ့လိုက်ပါ။

ဒီလိုလုပ်ဆောင်ချင်းအားဖြင့် နောင်တစ်ချိန်မှာ ၎င်း အသီးစေ့လေးတွေဟာ အပင်ပေါက်ကာ အသီးများသီးလာကြမှာဖြစ်ပြီး စားပင် သီးပင်များ ပြန်လည်ဖြစ်ထွန်း လာကြမှာဖြစ်ပါတယ်။

ဤအရာဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်တာကြောင့် အချို့သောနိုင်ငံများမှာ ဤနည်းလမ်း အတိုင်းလုပ်ဆောင်ကာ အောင်မြင်မှုများ ရရှိနေကြပါပြီနော်။

ကျွန်တော်တို့ မြန်မာနိုင်ငံ ကလည်း စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထား လုပ်ကိုင်ကြတာကြောင့် မိမိတို့ အနေဖြင့် ဤသို့လိုက်နာ လုပ်ဆောင်ခြင်းအားဖြင့် သီးနှံပင်များ နိုင်ငံ အနှံ့အပြား တိုးပွားလာမှာ ဖြစ်သည့်အပြင် မိမိတို့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ဒေသကို တနည်းတဖုံဖြင့် စိမ်းစိုလှပအောင် ပြုလုပ်ကြပါစို့လို့ တိုက်တွန်းနိုးဆော် လိုက်ရပါတယ်။

////////////////////////////////

#crd

 

About The Author

greenness_mm

No Comments

Leave a Reply