သစ်တောပြုန်းတီးမှုနဲ့ ငှက်ဖျားရောဂါက ကလေးတွေကို ပိုထိခိုက်

သစ်တောပြုန်းတီးမှုနဲ့ ငှက်ဖျားရောဂါက ကလေးတွေကို ပိုထိခိုက်

လေ့လာမှုအသစ်တစ်ခုအရ သစ်တောပြုန်းတီးမှုနဲ့ ငှက်ဖျားရောဂါက ဆက်စပ်မှုရှိတယ်ဆိုတာကို အာဖရိက ဆာဟာရအောက်ပိုင်း ‌ဒေသတွေကို လေ့လာပြီးနောက်မှာ တွေ့ရှိခဲ့ပါတယ်။ သစ်တောဖုံးလွှမ်းမှု ဆုံးရှုံးခြင်းက ဂေဟစနစ်များကို ထိခိုက်စေရုံသာမက အထူးသဖြင့် ထိခိုက်လွယ်သော ကလေးငယ်များကြားမှာ ငှက်ဖျားရောဂါ ပျံ့နှံ့မှုကိုလည်း အထောက်အကူပြုကြောင်း အမေရိကန်ပြည်ထောင်စု၊ ဗားမောင့်တက္ကသိုလ် က လေ့လာမှု လုပ်ခဲ့ပါတယ်။
သစ်တောပြုန်းတီးမှုသည် ဒေသတွင်း ရာသီဥတုပုံစံများကို နှောင့်ယှက်စေပြီး ငှက်ဖျားပိုးသယ်ဆောင်သည့် ခြင်များအတွက် စံပြမျိုးပွားရာနေရာများ ဖန်တီးပေးနေပါတယ်။ ဒါကြောင့် သစ်တောပြုန်းတီးတဲ့ ဒေသများတွင် နေထိုင်သော ကလေးများသည် ရောဂါရနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ် ။ လေ့လာမှုက သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့် ပြည်သူ့ကျန်းမာရေးတို့ကြား ဆက်စပ်မှုကို အလေးပေးဖော်ပြခဲ့ပြီး အထူးသဖြင့် စီးပွားရေးအရ ချို့တဲ့သော အသိုင်းအဝိုင်းများမှာ အဲ့ဒိဖြစ်စဉ်တွေ ပိုမိုဖြစ်ပွားပါတယ်။
သစ်တောပြုန်းတီးသောဒေသများတွင်နေထိုင်သောကလေးများ အထူးသဖြင့် စီးပွားရေးချို့တဲ့သော အိမ်ထောင်စု များတွင် နေထိုင်သောကလေးများက ငှက်ဖျားရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားခြင်းနှင့် ရင်ဆိုင် နေရပါတယ်။ အိပ်ယာခြင်ထောင်များ၊ သန့်ရှင်းသောရေ သို့မဟုတ် စောစီးစွာ ဆေးကုသမှုခံယူခြင်း ကဲ့သို့သော ကြိုတင်ကာကွယ်မှု အစီအမံများက အကန့်အသတ်ဖြင့်သာ ရနိုင်တဲ့အတွက် ငှက်ဖျားရောဂါဖြစ်ပွားမှုကို တိုးစေပါတယ် လို့ ဆိုပါတယ် ။
အဲ့ဒိလေ့လာမှုအကြောင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် GeoHealth ဂျာနယ်တွင် ဖော်ပြခဲ့ ပါတယ် ။ သုတေသီများက အသက်ငါးနှစ်အောက် ကလေး ၁၁,၇၄၆ ဦးထံမှ လူဦးရေစာရင်းနှင့် ကျန်းမာရေး စစ်တမ်းဒေတာကို ခွဲခြမ်းစိတ်ဖြာပြီး ကြွယ်ဝမှု၊ အပူချိန်နှင့် သစ်တောပြုန်းတီးမှုတို့သည် ကူးစက်မှုနှုန်းကို မည်ကဲ့သို့ အကျိုးသက်ရောက်သည်ကို ကြည့်ရှုခဲ့ကြပါတယ် ။
သုတေသီများက ငှက်ဖျားရောဂါဖြစ်ပွားနေတဲ့ ဆာဟာရအောက်ပိုင်း အာဖရိက နိုင်ငံခြောက်နိုင်ငံဖြစ်တဲ့ အိုင်ဗရီကို့စ်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဂီနီ၊ မိုဇမ်ဘစ်၊ ရဝမ်ဒါနှင့် တိုဂိုတို့တွင် အဲ့ဒိဖြစ်စဉ်ရဲ့ အပြန်အလှန် ဆက်စပ်မှုကို ဆန်းစစ်ခဲ့ပါတယ် ။
အဲ့ဒိနိုင်ငံများမှာ အပူပိုင်းနှင့် အပူပိုင်းဒေသ မြက်ခင်းများ၊ ဆာဗားနားများနဲ့ ချုံနွယ်များ လွှမ်းမိုးသော ဂေဟစနစ်ဒေသများတွင် တည်ရှိပြီး ၎င်းတို့အားလုံးသည် မကြာသေးမီ ဆယ်စုနှစ်များ အတွင်း သိသာထင်ရှားသော သစ်တောပြုန်းတီးမှုဖြစ်ခဲ့ပါတယ် ။ သစ်တောပြုန်းတီးမှုနှင့် ငှက်ဖျားပျံ့နှံ့မှုကြား ဆက်နွှယ်မှုကို ကြွယ်ဝမှုအဆင့်အလိုက် ကွဲပြားကြောင်း၊ အပူချိန် တိုးမြင့်မှုသည် ဒေသအနှံ့ ငှက်ဖျားပျံ့နှံ့မှုနှင့် ပြင်းထန်စွာ ဆက်စပ်နေကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။
မောင်ယဿ
REF: down to earth

About The Author

greenness_mm

No Comments

Leave a Reply